-->
×

Warning

JUser: :_load: Unable to load user with ID: 28


Brand Awareness တက်အောင်ဘယ်လိုလုပ်မလဲ

Brand Awareness တက်အောင်ဘယ်လိုလုပ်မလဲ GOOGLE

ယနေ့ Social Media ခေတ်ကြီးမှာ Advertising Platform တွေ Content တွေကလည်း များပြားလွန်းသလို စီးပွားရေးလုပ်ငန်းတွေကလည်း မည်သည့်

Platform မည်သည့် Content ကို သုံးရမလဲ ဆိုတာ ဇဝေဇ၀ါဖြစ်လာပါတယ်။ အထူးသဖြင့် အခုမှ စတင်ဖွံ့ဖြိုးဆဲကုမ္ပဏီ Start-up Enterpreneurs တွေက ဒီလို အခက်အခဲမျိုးကို ပိုမိုတွေ့ကြုံရတတ်ပါတယ်။

ယနေ့မှာတော့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် မည်သည့် advertising အမျိုးအစားက Brand Awareness အရဆုံးလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Video

ယခင် Video နဲ့ကြော်ငြာခြင်းက ခက်ခဲတဲ့ကိစ္စတစ်ခုတည်းမှာပါဝင်ပါတယ်။ ဒါပေမယ့် 21 ရာစုမှာ video တစ်ခုကို ပြုလုပ်ကြေငြာချင်ရင်တော့ သင့်လက်ထဲမှာ ဖုန်းတစ်လုံးရှိနေရုံနဲ့လုံလောက်ပါတယ်။ Video တွေက Customer Engagement ကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးမြှင့်တင်ပေးနိုင်တဲ့ Material တွေထဲမှာ ပါဝင်ပါတယ်။ မျက်စိအမြင်နှင့်မြင်ရုံသာမက အကြားအာရုံကိုပါ ဖမ်းစားနိုင်ပြီး Brand Awareness ကို အလွယ်တကူရယူနိုင်ပါတယ်။

Thought Leadership

Public ကို ဗဟုသုတပေးတဲ့အနေနှင့်လည်း Brand Awareness ကို မြှင့်တင်လို့ရပါတယ်။ ကုမ္ပဏီများအနေနှင့် Thought Leadership ကို အကောင်အထည်ဖော်ဖို့ဆိုရင် Linked In, Facebook, Twitter, Instragram အစရှိတဲ့ Social Media Site တွေမှာ မိမိ product နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်ဆက်သွယ်နေတဲ့ Articles များကို ရေးတင်ခြင်းဖြင့် Brand Awareness ကို မြှင့်တင်နိုင်ပါတယ်။

Social Media Ads

တစ်ချို့ Business တွေက Social Media မှ Ads တွေတင်ပြီး ကြော်ငြာခြင်းက ROP (Return On Investment) ပြန်စမ်းစစ်ရန် ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Social Media က သင့်ရဲ့ Real Customer, Targeted Customer ကိုရှာတဲ့အခါ အတိကျဆုံးနှင့် အမှန်ကန်ဆုံးထွက်တဲ့ Site လို့ပြောလို့ရပါတယ်။ ထို့ပြင် Social Media မှ သင့်ရဲ့ Potential Customer များကိုလည်း အလွယ်တကူရှာဖွေနိုင်ရန် အကူအညီပေးပါလိမ့်မယ်။

တွေ့ရှိချက်များအရ Social Media Ads ကို အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများတွင် ပိုမိုအသုံးပြုပြီး Brand Awareness ကို ရယူကြပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(1 Vote)