-->
×

Warning

JUser: :_load: Unable to load user with ID: 28


အလုပ်များပြိုင်ဖက်များထက်သာနေစေဖို့နည်းလမ်း ၄ ချက်

အလုပ်များပြိုင်ဖက်များထက်သာနေစေဖို့နည်းလမ်း ၄ ချက် GOOGLE

ဘယ်လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ် အမြဲတမ်းတူနေတဲ့အချက်က လူအမျိုးအစား ၂ မျိုးရှိပါတယ်။ ပထမအမျိုးအစားကတော့ မိမိရောက်ရှိနေတဲ့နေရာအနေအထားကို ကျေနပ်ပြီးအလုပ်များဖြစ်မြောက် အောင်မြင်နေသူမျိုးဖြစ်ပြီး

ဒုတိယအမျိုးအစားကတော့ မိမိရောက်ရှိနေသည့်နေရာကို ကျေနပ်မှုမရှိဘဲ လုပ်ငန်းခွင်အတွင်းမဖြစ်မြောက်မအောင်မြင်သူအမျိုးအစားဘဲဖြစ်ပါတယ်။ သို့သော်လည်း မည်မျှပင် အမျိုးအစားကွဲပြားစေကာမူ မိမိရောက်ရှိနေသည့်နေရာတွင် အောင်မြင်ချင်သူဦးရေရာခိုင်နှုန်းပိုများပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် စာအုပ်ထဲတွင် ပြိုင်ဖက်များထက်သာနေစေဖို့ နည်းလမ်း (၄) ချက်ကို တင်ပြပေးလိုက်ပါတယ်။

၁။ အဆိုးမြင်ခြင်းအကျင့် ကိုဖျောက်ပါ

လုပ်ငန်းခွင်ဆိုကာမှတော့ မိဘအိမ်လိုအရာရာကိုယ့်စိတ်ကြိုက်အဆင်ပြေချောမွေ့မှာတော့မဟုတ်ပါဘူး။ အဆင်မပြေမှုတွေ စိတ်အလိုမကျမှုတွေခဏခဏကြုံတွေ့ရမှာဖြစ်ပါတယ်။ သို့သော်လည်း တွေ့ကြုံလာရသမျှ ကိစ္စတွေကိုအတတ်နိုင်ဆုံး အဆိုးမြင်စိတ်ဖျောက်ဖျက်ကာ အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုတတ်ခြင်းက သင့်ကို လုပ်ငန်းခွင်မှာ အများထက်သာနေစေမှာဖြစ်ပါတယ်။

၂။ နောက်ကျောကိုဓားနှင့်မထိုးပါနှင့်

အလုပ်မှာ ပြိုင်ဘက်တွေရှိသော်ငြားလည်းအကောင်းဆုံး အသန့်ရှင်းဆုံးယှဉ်ပြိုင်မှုဖြင့် ယှဉ်ပြိုင်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ သိုဝှက်ထားခြင်း၊ အခွင့်အရေးကောင်းများကို ဝေမျှမှုမရှိခြင်း အစရှိတဲ့ အရာတွေက နောက်ကျောကို ဓားနှင့်ထိုးတဲ့အရာတွေပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိနှင့် ပြိုင်ဘက်ဆိုသော်ငြားလည်း နောက်ကျောကို ဓားမထိုးမိစေဖို့နှင့် အသန့်ရှင်းဆုံးယှဉ်ပြိုင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၃။ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါ။

သင့်အလုပ်နေရာက အထက်လူကြီးနေရာပဲဖြစ်စေ၊ ရိုးရိုးသာမန်ဝန်ထမ်းနေရာဘဲ ဖြစ်စေတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ပထမဦးစွာ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ပိုမိုအားစိုက်ထုတ်ကာ အလုပ်ကြိုးစားမှသာ လုပ်ငန်းခွင်အတွင်းအောင်မြင်မှာဖြစ်ပါတယ်။

၎။ လုပ်ငန်းအတွင်းအောင်မြင်သူထံမှ သင်ယူပါ

သင်ယူဖို့ကို မရှက်ပါနှင့်။ သင်က အထက်လူကြီးဖြစ်နေသော်ငြားလည်း သင့်ထက်အသက်ငယ်သူ (သို့) သင့်ထက် ပိုမိုတော်သူ တစ်ယောက်ဆီက သင်ယူရန် ၀န်မလေးပါနှင့်။ သင့်အနေနှင့် ပိုမိုအောင်မြင်ရန်အတွက် အမြဲတစေ သင်ယူခြင်းက အထောက်အကူပြုစေမှာအမှန်ဖြစ်ပါတယ်။

Source: The Simple Dollar

Read times
Rate this item
(1 Vote)