-->
×

Warning

JUser: :_load: Unable to load user with ID: 28


ရန်ကုန်မြို့ ကြော်ငြာဆိုင်းဘုတ်အငှားချထားမှုမှ ငွေကျပ်လေးဘီလီယံကျော်ရရှိ

ရန်ကုန်မြို့ ကြော်ငြာဆိုင်းဘုတ်အငှားချထားမှုမှ ငွေကျပ်လေးဘီလီယံကျော်ရရှိ GOOGLE

ယခု ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ရှိ ဘေဘုတ်ကြော်ငြာဆိုင်းဘုတ်အငှားချထားမှုမှ ငွေကျပ် ၄.၉ ဘီလီယံ ရကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ဘေဘုတ်ပေါင်း ၄၇၄ ခုရှိပြီး လျှောက်ထားမှုမှာ ၁၉၈ ခုသာ လျှောက်ထားကြခြင်းဖြစ်သည်။ ဧပြီလ ပထမပတ်တွင် မဲနှိုက်ချထား၊ ပေးမှုတွင်လည်း ဘေဘုတ်ကြော်ငြာဆိုင်းဘုတ်ပေါင်း ၁၉၈ ခုသာ ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယခင်ဘဏ္ဍာနှစ်တွင် ငွေကျပ် ၃.၄ ဘီလီယံရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ငွေကျပ် တစ်ဘီလီယံနီးပါး ထပ်တိုးခဲ့သည်။ ဘေဘုတ်ကြော်ငြာဆိုင်းဘုတ်အလျှောက်ဆုံးနေရာမှာ အ၀ိုင်းပတ်များနှင့် လူသွားလာမှုများသော လမ်းဆုံများဖြစ်ကြသည်။

ဘေဘုတ်ကြော်ငြာဆိုင်းဘုတ်လုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ လျှောက်ထားသူ ၆၄၃၃ ဦးရှိပြီး ၁၉၈ ဦးသာ ငှားရမ်းခဲ့ကြောင်း သိရှိရသည်။ ကျန်ရှိသည့် ၂၇၆ ဦးကို ဦးယာလူနှင့် ချထားပေးခဲ့ပြီး ငှားရမ်းဆိုင်းဘုတ်များကို လအလိုက် လျှောက်ထားနိုင်ကြောင်းသိရသည်။

ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒေါပုံမြို့နယ်တို့တွင် ပုဂ္ဂလိကသို့ တစ်နှစ်ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း ဘေဘုတ်ကြော်ငြာဆိုင်းဘုတ်များ ငှားရမ်းလျှောက်ထားမှုမရှိကြောင်းသိရသည်။

ဘေဘုတ်ကြော်ငြာဆိုင်းဘုတ်အငှားချထားမှုများကို အုပ်စုငါးစုခွဲ၍ အငှားချထားပေးခြင်းလည်းဖြစ်ကြောင်းလည်း သိရသည်။

Source: မြ၀တီ

Read times
Rate this item
(0 votes)