အလုပ်ခွင်တွင်ရှိသော ၀န်ထမ်းတိုင်းဟာအင်တာဗျူးဆိုတယ့်
အဆင့်တစ်ခုကို ကျော်ဖြတ်ပြီးမှသာ လုပ်ငန်းခွင်ကို ရောက်ရှိလာနိုင်တာဖြစ်ပါတယ်။ ရာထူးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သင့်ကို အလုပ်ရာထူးနှင့် ကိုက်ညီသည့် မေးခွန်းများကိုလည်း မေးမှာဖြစ်သလို သင်၏ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အကျင့်စရိုက်ကို စစ်ဆေးမေးမြန်းသည့်မေးခွန်းများလည်း မေးမှာဖြစ်ပါတယ်။ ထိုသို့ အင်တာဗျူးမေးခွန်းပေါင်းများစွာထဲမှ အင်တာဗျူးတိုင်းမှာ မေးလေ့မေးထရှိသည့် မေးခွန်း ၆ ခုကို Myanmar Advertising Directory ပရိသတ်ကြီးအတွက် တင်ပြလိုက်ပါတယ်။
၁။ ယခု လာလျှောက်ထားသည့်အလုပ်ကို ဘာကြောင့်လုပ်ချင်တာလဲ။
၂။ သင်ကိုသင်နောက်အချိန် ၅ နှစ်အတွင်း မည်သည့်နေရာတွင်မြင်ချင်သလဲ။
၃။ သင့်ရဲ့အကြီးမားဆုံးအားနည်းချက်က ဘာဖြစ်မလဲ။
၎။ သင့်ကို ယခုအလုပ်နေရာကို ဘာကြောင့်ခန့်သင့်သလဲ။
၅။ သင့်ရဲ့ ယခင်အထက်လူကြီးက လုပ်ရည်ကိုင်ရည်ကို ဘာပြောသလဲ။
၆။ သင်ဘာလို့ အလုပ်ပြောင်းချင်တာလဲ။
အစရှိသည့် မေးခွန်းများက အင်တာဗျူးချိန်မှာ မေးလေ့မေးထရှိသော မေးခွန်းများဖြစ်ပါတယ်။
ဝန်ထမ်းများအားလုံး အောင်မြင်သော ဘ၀ပိုင်ဆိုင်နိုင်ကြပါစေ…