-->
×

Warning

JUser: :_load: Unable to load user with ID: 28


သင့်ဘ၀ကို အောင်မြင်စေမည့် မနက်ပိုင်းအလေ့အကျင့်ကောင်း (၄) ချက်

သင့်ဘ၀ကို အောင်မြင်စေမည့် မနက်ပိုင်းအလေ့အကျင့်ကောင်း (၄) ချက် GOOGLE

လူတိုင်းဟာ တိုးတက်တယ့်ဘ၀တွေ အောင်မြင်မယ့်ဘ၀တွေကို

လိုချင်တောင်းတတတ်ကြပါတယ်။ ဒါပေမယ့် သင့်ဘ၀တိုးတက်အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်အလေ့အကျင့်တွေဟာ အောင်မြင်ဖို့ အထောက်ကူပြုလည်းဆိုတာကို သိတဲ့သူရှားပါးလှပါတယ်။ ယနေ့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် ဘ၀တွင်အောင်မြင်စေရန် မနက်ပိုင်းအလေ့အကျင့်ကောင်း ၄ ချက်ကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်။

၁။ တစ်နေ့စာလုပ်ရန်စာရင်းပြုစုပါ။

အစီအစဉ်မဲ့နေတဲ့သူဟာ မည်သည့်အရာကိုဘဲလုပ်ကိုင်နေပါစေ ပရမ်းပတာချော်လွဲနေမှုများ တွေ့ကြုံနေရပါ လိမ့်မယ်။ ထို့ကြောင့် အလုပ်လုပ်ရာတွင် အစီအစဉ်တကျဖြစ်နေစေရန် တစ်နေ့တာလုပ်ရန်စာရင်းကို မနက်ပိုင်းတွင် အချိန်ပေး၍ ပြုစုခြင်းက သင့်ကိုအထောက်အကူဖြစ်စေပါတယ်။

၂။ ခေါင်းကို ရှင်းနေအောင်ထားပါ

နေ့တစ်နေ့တာပြီးဆုံးလျှင် လူတိုင်းဟာစိတ်ရှုပ်ထွေးမှုတွေ၊ စိတ်ညစ်စရာတွေနှင့်အမြဲကြုံတွေ့ရတတ်ပါတယ်။ သို့သော်လည်း နောက်တစ်နေ့မနက်အလုပ်မ၀င်ခင်တွင် အနည်းဆုံးအချိန် ၁ မိနစ်ပေး၍ ခေါင်းကို ရှင်းရှင်း ထား၍ စိတ်စုစည်းမှုရယူပါ။

၃။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

သုတေသီများရဲ့ ရှာဖွေတွေ့ရှိရမှုအရ မနက်ပိုင်းတွင် အသက်ရှူလုပ်ငန်းလုပ်ဆောင်သူအများစုက လုပ်ငန်းပိုင်းတွင် အောင်မြင်မှုအများအပြား ရတတ်ကြပါတယ်။ ထို့ကြောင့် ဘယ်သူပရိသတ်ကြီးအနေနှင့်လည်း မနက်ပိုင်းတွင် ၂-၃ မိနစ်ကြား အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ပြီးစိတ်ဖိစည်းမှုများကို လျော့ချပြီး စိတ်တည်ငြိမ်မှုကို ရယူပါ။

၎။ ပြုံးပါ

တစ်ခါတစ်ရံမှာ မနက်မိုးလင်းပိုင်းတွင် အလုပ်မှာ တွေ့ရသည့်လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ် အထက်လူကြီးကိုပဲဖြစ်ဖြစ် ပြုံးရယ်၍နှုတ်ဆက်ခြင်းက သင့်ကို ဆက်လက်အလုပ်လုပ်ရမည့် တစ်နေ့တာလုပ်ငန်းတွင် အထောက်အကူဖြစ်စေတယ့်အပြင် သင့်ကို လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သူတစ်ယောက်အဖြစ် ပတ်ဝန်းကျင်က အသိအမှတ်ပြုပြီး လူမှုရေးရာတွင် အောင်မြင်စေရန် အထောက်အကူပြုပါလိမ့်မယ်။

Source: Inc.

Read times
Rate this item
(0 votes)