-->
×

Warning

JUser: :_load: Unable to load user with ID: 28


အလုပ်ခွင်မှာ အများထက်သာစေဖို့

အလုပ်ခွင်မှာ အများထက်သာစေဖို့ GOOGLE

လူတော်တော်များများဟာ အလုပ်လုပ်ခြင်းကို ပိုက်ဆံရဖို့တစ်ခုအတွက်ပဲ

ဦးတည်ချက်ပြုကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ အလုပ်လုပ်ခြင်းကိုက gym ကစားတာနဲ့အတူတူပါပဲ။ အသစ်အသစ်သော exercise တွေကို လေ့ကျင့်ရင်း ကြွက်သားပိုမိုကြံ့ခိုင်လာသလို၊ လုပ်ငန်းခွင်မှာလည်း အသစ်သစ်သော experience တွေကို ကြုံတွေ့ရင်း ပိုမိုရင့်ကျက်လာနိုင်ပါတယ်။ သင်ဟာ သင်လုပ်ကိုင်နေတဲ့အလုပ်အပေါ်မှာ ယုံကြည်မှုအပြည့်အ၀ရှိရင်တော့ သင့်လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အစပြုနေပြီဟု သတ်မှတ်၍ရပါတယ်။၏

ယနေ့မှာ Myanmar Advertising Directory ပရိသတ်ကြီးအတွက် အလုပ်ခွင်မှာ အများထက်သာအောင် ဘယ်လိုနေရမလဲဆိုတဲ့နည်းလမ်းတွေကို တင်ဆက်ပေးထားပါ၏။

၁။ Plan ချပါ

နေ့တစ်နေ့၏ အဆုံးသတ် (သို့) အလုပ်မှအိမ်ပြန်ရောက်ပြီး အေးဆေးဖြစ်တဲ့အချိန်မှာ နောက်ထပ်နေ့အတွက် သင်ဘာလုပ်ငန်းဆောင်တာတွေကို စတင်ဆောင်ရွက်ရမလဲ၊ မည်သည့်အလုပ်တွေကို ဦးစားပေးဆောင်ရွက်၍ မည်သည့်အလုပ်များကို အထူးအလေးအနက်ထားဆောင်ရွက်ရမလဲစသည့်အချက်များကို အစီအစဉ်တကျ ရေးဆွဲကာ ချရေးထားခြင်းက သင်နောက်တစ်နေ့လုပ်ငန်းခွင်ကို ပြန်ဝင်ချိန်တွင် သင့်ကို အစီအစဉ်တကျဖြစ်ကာ အများထက်တစ်ပန်းသာနေစေမှာဖြစ်ပါတယ်။

၂။ Work Journal ရေးပါ

သင်တစ်နေ့သာ ဖြစ်ပျက်ခဲ့သမျှကိစ္စအ၀၀ကို ပြန်လည်ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဖြစ်သင့်မဖြစ်သင့်သည်များကို ပြန်လည်စဉ်းစား၍ ပြုပြင်ရမည့်အချက်များ၊ ဆက်လက်လုပ်ဆောင်သွားရမည့် လုပ်ငန်းဆောင်တာများကို Work Journal ချရေး၍ သင့်ကိုယ်သင်တိုးတက်မှုရှိအောင်ကြိုးပမ်းခြင်းက အများထက်သာနေစေမည့် အချက်တစ်ချက်ပဲဖြစ်ပါတယ်။

၃။ Work Boundaries ထားပါ

အလုပ်မှာ သင်ဟာတော်နေတတ်နေ၍ အကုန်လုပ်နေလို့မဖြစ်နိုင်ပါဘူး။ အလုပ်တာဝန်အကန့်အသတ်ဆိုတာရှိပါတယ်။ သင့်အထက်လူကြီး (သို့) သင်နှင့်တွဲ၍ လုပ်ရသည့်လုပ်ဖော်ကိုင်ဖက်များက သင့်ကို အလုပ်သတ်မှတ်ချက်ထက်ကျော်လွန်၍ လုပ်ခိုင်းပါက သင်မှာသတ်မှတ်ထားသည့်အလုပ်ခွင်အကန့်အသတ်ရှိကြောင်းကို ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။ သင့်ကို အလုပ်ခွင်အတွင်းမလိုလားအပ်သည့် ပြဿနာများကို လျော့ချပေးသလို လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ဆက်ဆံရေးအဆင်ပြေချောမွေ့စေပါတယ်။

၎။ ရှေ့ရေးကို ကြိုတွေးပါ

အလုပ်နှင့်အတွင်းလူအများစုဟာ ခဏတာဖြစ်ပျက်မည့်ကိစ္စများကိုသာကြည့်၍ ဆုံးဖြတ်ချက်များ ချတတ်ကြပါတယ်။ အကယ်၍သင်ဟာ အလုပ်မှာအောင်မြင်သူဖြစ်ချင်ပါက ခဏတာခံစားချက်များကို လျစ်လှူရှုကာ ရှေ့ရေးကို ကြိုတွေး၍ ဆုံးဖြတ်စီစဉ်ဆောင်ရွက်တတ်ရပါမယ်။

၅။ အကြံဥာဏ်တောင်းပါ

သင့်အလုပ်ခွင်မှာ အောင်မြင်သူဖြစ်လိုပါက အများ၏ ဝေဖန်ပြောဆိုမှုကိုခံယူပါ။ အထူးသဖြင့် သင့်လက်အောက်ငယ်သားများ၊ သင့်အထက်လူကြီးများနှင့် သင်၏ရာထူးတူလုပ်ဖော်ကိုင်ဖက်များကို သင့်ကိုမည်သို့ သင်မြင်ပုံ (သို့) သင့်လိုအပ်ချက်များကို ထောက်ပြခိုင်း၍ ပိုမိုကောင်းမွန်အောင်စွမ်းဆောင်နိုင်ရန် အကြံဥာဏ်တောင်းခံခြင်းက သင့်ကို အများထက်သာလွန်နေစေမှာပဲဖြစ်ပါတယ်။

အလုပ်ခွင်တွင်ရှိသော လူများအားလုံးအောင်မြင်ကြပါစေ။

Read times
Rate this item
(5 votes)