-->
×

Warning

JUser: :_load: Unable to load user with ID: 28


ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာ ၁၀ ဦး

ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာ ၁၀ ဦး GOOGLE

ဘ၀ကြီးဟာ ဘယ်တော့မှ မျှတမှုမရှိပါဘူး။ အချို့တွေက

ငယ်ရွယ်ချိန်မှာ မိဘဆီက ပိုက်ဆံတောင်းနေရဆဲဖြစ်သော်လည်း အချို့သော သူတွေက ဘီလျံနာ၊ မီလျံနာ သူဌေးများဖြစ်နေသည့် အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လူတိုင်းဟာ ကံတရားခြင်းမတူညီကြပါဘူး။ အချို့လူငယ်များက မိဘအမွေအနှစ်နှင့် မွေးဖွားလာကတည်းက ဘီလျံနာဖြစ်လာသလို အချို့ကလည်း ကိုယ်ထူးကိုယ်ချွန်အစွမ်းနှင့် ဘီလျံနာဖြစ်လာတာလည်းရှိပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေး ၁၀ ဦးအကြောင်းတင်ဆက်ပေးလိုက် ပါတယ်။

1. Mark Zuckerberg

အသက် : 32

လုပ်ငန်းး Facebook

ကိုယ့်ထူးကိုယ်ချွန်အောင်မြင်ခဲ့တဲ့ ဘီလျံနာတစ်ဦးဖြစ်ပါတယ်။ Social Media Platform တစ်ဖြစ်တဲ့ Facebook ကို စတင်တီထွင်ခဲ့ပြီး အောင်မြင်လာသူဖြစ်ပါတယ်။ တက္ကသိုလ်ပညာကို ဆုံးခမ်းတိုင်အောင် မသင်ကြားဘဲ Harvard University မှ ထွက်ကာ ကိုယ်ပိုင်စီးပွားရေး စတင်တည်ထောင်ခဲ့ပါတယ်။ ယခုလက်ရှိတွင် ပိုင်ဆိုင်မှု ဘီလျံ $ 589 ပိုင်ဆိုင်မှုရှိတယ်ဟု ခန့်မှန်းရပါတယ်။

mark zuckerberg headshot

2. Joe Gebbia

အသက် : 33

လုပ်ငန်းး Airbnb

၎င်းကို Airbnb လုပ်ငန်းစု၏ Co-founder အဖြစ် လူသိများပါတယ်။ ထို့ပြင် Airbnb ၏ Chief Product officer အဖြစ်လည်း တာဝန်ယူထားပြီး Graphic Design နှင့် Web Ventures များကို တီထွင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ 2017 ခုနှစ်၏ ကမ္ဘာ့အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူစာရင်းထဲတွင်လည်း ပါဝင်ပါတယ်။ ယခုလက်ရှိ ပိုင်ဆိုင်မှုပျမ်းမျှ ဘီလျံ $ 3.8 ရှိကြောင်း ခန့်မှန်းရရှိပါတယ်။

1670890 poster 1280 joe gebbia 2

3. Brain Chesky

အသက် : 33

လုပ်ငန်းး Aribnb

Aribnb လုပ်ငန်းစု၏ Founder တစ်ဦးဖြစ်ပါတယ်။ Joe Gebbia ၏ အခန်းဖော်တစ်ဦးဖြစ်ပြီး Airbnb လုပ်ငန်းစုကို စုပေါင်းတည်ထောင်ကာ အောင်မြင်မှုရခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိပျမ်းမျှ ဘီလျံ $ 3.8 ရှိကြောင်း သိရှိရပါတယ်။

Brian Chesky

4. Nathan Blecharczyk

အသက် : 32

လုပ်ငန်းး Airbnb

Airbnb ၏ Shareholder တစ်ဦးဖြစ်ပါတယ်။ Computer Science ပညာရပ်ဖြင့် Harvard University မှ ဘွဲ့ရရှိခဲ့ပြီး ယခုလက်ရှိတွင် ဘီလျံ $ 3.8 ပိုင်ဆိုင်ကြောင်း ခန့်မှန်းရရှိသည်။

Nathan Blecharczyk 2 540x304 12

5. Elizabeth Holmes

အသက် : 31

လုပ်ငန်းး Theranos

League University မှ ကျောင်းထွက်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ခဲ့သူဖြစ်သည်။ Theranos လုပ်ငန်း၏ Founder ဟုလည်း လူသိများပြီး စုစုပေါင်း ပိုင်ဆိုင်ငွေ ဘီလျံ $ 4.5 ရှိကြောင်း သိရသည်။

x

6. Eduardo Saverin

အသက် : 35

လုပ်ငန်းး Facebook

Facebook တည်ထောင်သူ Mark Zuckerberg ၏ သူငယ်ချင်းတစ်ဦးဖြစ်သည့်အပြင် Harvard University မှ ကျောင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ Facebook လုပ်ငန်းစု၏ co-founder တစ်ဦးလည်းဖြစ်ပြီး Chief Financial Officer အဖြစ်လည်း တာဝန်ထမ်းရွက်လျှက်ရှိသည်။ စုစုပေါင်း ဘီလျံ $ 7.2 ပိုင်ဆိုင်ကြောင်း သိရသည်။

Eduardo

7. Yang Huiyan

အသက် : 35

လုပ်ငန်းး Country Garden Holdings

Country Garden Holdings ၏ Shareholders တစ်ဦးဖြစ်ပြီး ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာအမျိုးသမီး ဖြစ်သည်။ အာရှတိုက်၏ အချမ်းသာဆုံးအမျိုးသမီးအဖြစ် လူသိများပြီး စုစုပေါင်းဘီလျံ $ 9.4 ကြွယ်ဝ ချမ်းသာကြောင်းသိရသည်။

Yang Huiyan

8. Duskin Moskovitz

အသက် : 32

လုပ်ငန်းး Facebook

Facebook လုပ်ငန်းစု၏ co-founder တစ်ဦးဖြစ်သလို founder Mark Zuckerberg ၏ သူငယ်ချင်းလည်းဖြစ်သည်။ Internet Entrepreneur အဖြစ် လူသများပြီး ပိုင်ဆိုင်မှု ဘီလျံ $ 10.4 ရှိသည်ဟု သိရသည်။

Dustin

9. Scott Duncan

အသက် : 34

လုပ်ငန်းး Enterprise Product Partners

Scott Duncan ဟာ သူ့ဖခင်၏ Energy Pipeline Company ကို သူ၏ညီမ ၃ ဦးနှင့်အတူတကွအမွေဆက်ခံခဲ့သည်။ ထို့ပြင် ယခုလက်ရှိ Enterprise Product Partners ကုမဏီ၏ပိုင်ရှင်အဖြစ်လည်း ထမ်းဆောင်လျှက်ရှိသည်။ စုစုပေါင်း ပိုင်ဆိုင်ငွေ ဘီလျံ $ 5.6 ရှိသည်ဟု ခန့်မှန်းရသည်။

scott

10. Thomas Persson

အသက် : 32

လုပ်ငန်းး Hennes & Mauritz (H & M)

အဘိုး Erling Persson တည်ထောင်ခဲ့သော H & M အ၀တ်အထည်လုပ်ငန်းစု၏ ဆက်ခံသူ မျိုးဆက်ဖြစ်သည်။ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း ပိုင်ဆိုင်ထားပြီး လက်ရှိ ဘီလျံ $ 2.4 ချမ်းသာကြောင်း သိရှိရသည်။

1219 lb tom persson 650x455

Source: Entrepreneur

Read times
Rate this item
(1 Vote)