-->
×

Warning

JUser: :_load: Unable to load user with ID: 28


သင်အလုပ်လုပ်နေသည့် ကုမ္ပဏီမှ သင့်ကို တန်ဖိုးမထားကြောင်း သိနိုင်သည့်အချက် ၅ ချက်

သင်အလုပ်လုပ်နေသည့် ကုမ္ပဏီမှ သင့်ကို တန်ဖိုးမထားကြောင်း သိနိုင်သည့်အချက် ၅ ချက် GOOGLE

လုပ်ငန်းခွင်ထဲမှာ အလုပ်များစွာရှိပေမယ့် လုပ်ငန်းတစ်ခုနှင့်တစ်ခု သဘာဝချင်းမတူညီသလို

မိမိအလုပ်ထဲတွင် ဆက်ဆံရမည့် လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးများ၏ ဓလေ့စရိုက်များကလည်း တူညီမှု မရှိကြပါဘူး။

သင်ဟာ သင့်၏ယခင်အလုပ်မှာ တန်ဖိုးထားခြင်းကို ခံရသော်လည်း နောက်လုပ်ရမည့် လုပ်ငန်းများတွင် အမြဲတစေ တန်ဖိုးထားမည်ဟု ပုံသေတွက်ထား၍ မရပါ။ သို့သော်လည်း သင်အလုပ်တွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများကို သုံးသပ်၍ သင်လက်ရှိလုပ်နေသောအလုပ် သို့မဟုတ် ကုမဏီက သင့်ကို တန်ဖိုးထားလား မထားဘူးလားဆိုတာ သိရှိနိုင်ပါတယ်။ ထိုသို့ သုံးသပ်နိုင်ရန် အောက်ပါအချက် ၅ ချက်ကို Myanmar advertising directory မှ ယနေ့အတွက် ဆောင်းပါးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

၁။ သင့်ကုမဏီက သင့်ကို တန်ဖိုးမထားလျှုင် သင်၏တောင်းဆိုမှုများကို လျောလျောရှူရှူလိုက်ရောပေးမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် သင့်အရေးပေါ် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်ရက်ယူရန် တောင်းဆိုပါက ခွင့်ပြုပေးရန် တွန့်ဆုတ်နေပါလိမ့်မယ်။

၂။ သင်ရာထူးတိုးရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးသည့်အခါ စကားလမ်းကြောင်းပြောင်းခြင်း အလေးမထားခြင်းများ ပြုလုပ်တတ်ပါက သင့်ကို သင့်ကုမဏီမှ တန်ဖိုး မထားကြောင်းပြသနေခြင်းဖြစ်ပါတယ်။

၃။ တတိယအချက်အနေနှင့်ကတော့ Internal Vancy ကို လက်မခံခြင်းပဲဖြစ်ပါတယ်။ သင့်ကုမဏီမှ သင်နှင့်အတူ အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းတစ်ဦးထွက်သွားခြင်း သို့မဟုတ် နေရာတစ်ခု လစ်လပ်နေ၍ သင်က၀င်ရောက်လျှောက်ထားလိုသော်လည်း သင့်အား လျှောက်ထားခွင့်မပြုဘဲ ယခုလက်ရှိနေရာတွင်သာ ဆက်လက်နေထိုင်စေပါက သင့်၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို တန်ဖိုးမထားရာရောက်ပါတယ်။

၎။ သင်ဟာ မည်မျှပင်ကြိုးစားလုပ်ဆောင်နေသော်လည်း အသိအမှတ်မပြုဘဲ နေတတ်ပါတယ်။ အချို့ကုမဏီ များက သင့်ကို တစ်နှစ်တစ်ခါ လစာတိုးပေးသော်လည်း သင့်၏ စွမ်းဆောင်ရည်စွမ်းဆောင်ချက်များကို မျက်ကွယ် ပြုထားတတ်ပါတယ်။ ထိုသို့ ပြုလုပ်နေပါက ထိုကုမဏီက သင့်၏စွမ်းဆောင်ရည်ကို တန်ဖိုးမထားဘဲ ဖိနှိပ်ထားခြင်းဟု သုံးသပ်၍ ရပါတယ်။

၅။ နောက်ဆုံးအချက်အနေနဲ့ကတော့ အထက်လူကြီးက သင်ဘာပြောပြော အလေးမထားဘဲ နေပါက သင့်၏ တည်ရှိမှုနှင့်ဖြစ်တည်မှုကို တန်ဖိုးမထား လှစ်လျူရှုထားခြင်းပဲဖြစ်ပါတယ်။

ယခုစာဖတ်သူပရိသတ်များအနေနှင့် ဖော်ပြထားသော အချက်များမှ အများစုနှင့်ကိုက်ညီနေပါက လက်ရှိအလုပ်က သင့်ကို တန်ဖိုးမထားကြောင်း သိရှိနိုင်ပါတယ်။

အလုပ်ခွင်အသီးသီးတွင် လုပ်ကိုင်နေသော ၀န်ထမ်းများ အဆင်ပြေပါစေ …

Source: Forbes

Read times
Rate this item
(2 votes)