-->
×

Warning

JUser: :_load: Unable to load user with ID: 29


အကောင်းဆုံး billboard ကြော်ငာတစ်ခု ဖန်တီးနိုင်ဖို့ ဘာတွေ သိထားရမလဲ???

အကောင်းဆုံး billboard ကြော်ငာတစ်ခု ဖန်တီးနိုင်ဖို့ ဘာတွေ သိထားရမလဲ??? google.com

ယနေ့ခေတ်လူတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်၊ သုံးဆယ်ကလိုမျိုး လမ်းပေါ်မှာ ကြော်ငြာထားတဲ့ billboard တွေကို ဂရုတစိုက် ကြည့်တော့မှာ မဟုတ်ဘူး။ အများစုက သူတို့ရဲ့ ဖုန်းပေါ်မှာ အာရုံစိုက်နေကြလို့ပါ။ ဒါပေမယ့်လည်း ဘေဘုတ်နဲ့ ကြော်ငြာတဲ့ နည်းလမ်းကို လျစ်လျူရှူ လို့တော့ရမှာ မဟုတ်ပါဘူး။

 

ကြော်ငြာကို လူနည်းနည်းပဲ မှတ်မိရင်တောင် သင့်ကုန်ပစ္စည်းကို လူတွေသိအောင်လုပ်တဲ့ နေရာမှာ ဘေဘုတ်ကြော်ငြာကြောင့် အားကောင်းတဲ့ သက်ရောက်မှုကို ရရှိစေမှာပါ။

Traditional advertising နဲ့ digital advertising တွေ အပြိုင်အဆိုင် မြင့်မားလာတဲ့ အချိန်မှာ သင်ဘယ်လို ကြော်ငြာမလဲဆိုတာ အရေးကြီးလာပါပြီ။ အကယ်၍ သင့်ကုန်ပစ္စည်းအတွက် ဘေဘုတ်နဲ့ ကြော်ငြာမယ် ဆိုရင်တော့ ဒီနည်းဗျူဟာ ၁၀ခုကို သိထားသင့်ပါတယ်။

၁။ ခြောက်လုံးထက်မပိုတဲ့ စာလုံးအရေအတွက်က အကောင်းဆုံးပါ

သာမာန်အားဖြင့် ဘေဘုတ်ကြော်ငြာတစ်ခုကို ဖတ်တဲ့အခါ အချိန်အများကြီးမရပါဘူး။ ပျမ်းမျှခြောက်စက္ကန့် လောက်ပါပဲ။ ဒါကြောင့် ဘေဘုတ်ကြည့်မိသူတွေ ကိုယ်ပေးချင်တဲ့ message ကပြသဖို့နဲ့ အလွယ်တကူ နားလည်နိုင်ဖို့ စာလုံး၆လုံးလောက်ပဲ အသုံးပြုသင့်ပါတယ်။

၂။ စိတ်ဝင်စားမှု ရအောင်ပြသပါ၊ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ပါနဲ့

ဘေဘုတ်ကြော်ငြာဆိုတာ လမ်းပေါ်က ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကို အဓိကထားကြော်ငြာတာပါ။ ကိုယ်ရဲ့ ကြော်ငြာစိတ်ဝင်စားမှုခံရအောင် စိတ်အနှောက်အယှက်ဖြစ်စေမယ့် ပုံစံမျိုးနဲ့ မကြော်ငြာသင့်ပါဘူး။

၃။ ဘေဘုတ်တွေ များလေလေ ပိုကောင်းလေလေပါ

ဘေဘုတ်တစ်ခုကြော်ငြာဖို့ ဆိုတာ ကုန်ကျစရိတ်မနည်းပါဘူး။ ဒါပေမယ်လည်း ဘေဘုတ်တွေ များများသုံးနိုင်လေလေ လူတွေရဲ့ မျက်လုံးတွေကို ဖမ်းစားနိုင်ဖို့ ရာခိုင်နှုန်းပိုများလာလေပါ။ ဘေဘုတ်တွေတိုင်းမှာ Gross Rating Point (GRP) လို့ခေါ်တဲ့ အတိုင်းအတာတစ်မျိုးရှိပါတယ်။ GRP ကယာဉ်ပိတ်ဆို့မှု ဖြစ်တဲ့နေရာတွေ၊ မြင်သာထင်သာ ရှိတဲ့နေရာတွေ ၊ billboard အရွယ်အစားတွေပေါ်မှာ မူတည်ပြီး ကိုယ်ဘယ်နေရာမှာထားရင် ကာလတစ်ခုအတွင်း လူဘယ်လောက်များများက မြင်နိုင်မယ် ဆိုတာမျိုးကို ဖော်ပြပေးတာပါ။ အဲ့ဒီတိုင်းတာမှုက ၁ကနေ ၁၀၀အတွင်း အမှတ်တွေ ပေးထားပါတယ်။ ဥပမာ-၅၀မှတ်ဆိုရင် ဘေဘုတ်ကြော်ငြာထားတဲ့ နေရာမှာရှိတဲ့လူ ၅၀%က သင့်ရဲ့ ကြော်ငာကို မြင်တွေ့နိုင်မှာပါ။

ကျန်သည့် အချက်များကို ဆက်လက်ဖော်ပြပေးပါမည်။

Read-ကြော်ငြာတွေရဲ့ ရည်ရွယ်ချက်

ကြော်ငြာလုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးနေသည့် ဆိုင်လိပ်စာများကိုMyanmar Advertising Directory page တွင် အလွယ်တကူ ၀င်ရောက်ရှာဖွေလိုက်ပါ။

Read times
Rate this item
(2 votes)