-->
×

Warning

JUser: :_load: Unable to load user with ID: 28


အောင်မြင်သော စီးပွားရေးလုပ်ငန်းစတင်ရန် သိသင့်သည့်အခြေခံ အချက်များ

အောင်မြင်သော စီးပွားရေးလုပ်ငန်းစတင်ရန် သိသင့်သည့်အခြေခံ အချက်များ GOOGLE

သင်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မည်ဆိုလျှင် သင့်ပတ်ဝန်းကျင် သင့်အသိုင်းအ၀ိုင်းထံမှ များပြားလှသော အကြံပေးချက်များ ကြားရပါလိမ့်မယ်။

ထို့ပြင် စာအုပ်တွေ ဆောင်းပါးတွေမှတစ်ဆင့်လည်း အကြံဥာဏ်ပေးချက်တွေကို တွေ့ရပါလိမ့်မယ်။

အမှန်အတိုင်းပြောရရင်တော့ ထိုသို့အကြံဥာဏ်ပေးတဲ့သူတွေဟာ များသောအားဖြင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ကောင်းကောင်းမွန်မွန်လည်ပတ်ဖို့ တစ်ခါမှ မလုပ်ဖူးသူတွေဖြစ်ပါတယ်။

များပြားလှသော အကြံပြုချက်များကြားမှာ သင့်အတွေးများ စတင်ရှုပ်ထွေးပြီး အမှားများပြုလုပ်မိနိုင်ပါတယ်။ တကယ်ဆိုရင်တော့ အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုတည်ထောင်ဖို့ ရိုးရှင်းလှပါတယ်။

ဒါပေမယ့် အောက်ပါအခြေခံအချက်များကိုတော့ သင်သိထားဖို့လိုပါလိမ့်မယ်။

(၁) အသေးစိတ်အစီအစဉ်ဖြင့်စတင်ပါ။

Plan မရှိတဲ့ Business တစ်ခုဟာ ကျရှုံးဖို့ ရာခိုင်နှုန်းများပါတယ်။ အဲဒီအတွက်ကြောင့်သင်ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်တော့မယ်ဆိုရင်တော့ Business Plan တစ်ခုကို သေချာဆွဲထားဖို့ လိုပါလိမ့်မယ်။ Vision, Mission, Objective တွေကို သေချာချမှတ်ပြီး ဈေးကွက်အတွင်းမှ သင့်လုပ်ငန်းအတွက် Opportunities များကို ထုတ်ဖော်သတ်မှတ်တတ်ရပါမယ်။

ထို့ပြင် သင့်လုပ်ငန်း၏ အောင်မြင်မှုများကို တိုင်းတာရန်အတွက် measurable goals များကို ချမှတ်ထားပြီး Project Deadline များကိုလည်း ချမှတ်ထားရန် လိုပါလိမ့်မယ်။

ကြိုတင်ပြင်ဆင်သူဟာ တိုက်ပွဲတစ်ဝက်အောင်မြင်ပြီးသူဟူသော စကားနှင့်အညီ ကိုယ်ပိုင်လုပ်ငန်းအတွက် အသေးစိတ်အစီအစဉ်ဆွဲထားတဲ့သူဟာလည်း စီးပွားရေးကို တစ်ဝက်အောင်မြင်ပြီးသူ တစ်ယောက်ဟု ယူဆ၍ ရပါတယ်။

(၂) စီးပွားရေးကွန်ယက်ချဲ့ထွင်ပါ

စီးပွားရေးတစ်ခုမှာ Professional Networking ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အဲလိုမှပဲ စီးပွားရေးတစ်ခုဟာ ကိုယ့်ကုမဏီအတွင်းချည်းပဲကောင်းနေ၍မရပါဘူး။ လုပ်ငန်းပတ်ဝန်းကျင်တွင် ရှိသော stakeholders များ၊ Customers များ၊ Suppliers များနှင့် ခိုင်မာတဲ့ Relationship တစ်ခုကို တည်ဆောက်ထားဖို့ လိုပါမယ်။

ထိုသို့တည်ဆောက်ခြင်းအားဖြင့် သင်၏ ကုမဏီကို တိုးတက်ရန် အထောက်အကူပေးရုံသာမကလုပ်ငန်း အောင်မြင်မှုကိုပါ ကြာရှည်တည်တံ့စေရန် အထောက်အကူပေးပါလိမ့်မယ်။

(၃) ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပါ

ကုမဏီတစ်ခုမှာ အရေးအကြီးဆုံးက Customer မဟုတ်ပါဘူး။ အဓိကအရေးအကြီးဆုံးက Employee ဖြစ်ပါတယ်။ ထိုကိစ္စရပ်က ရိုးရှင်းပါတယ်။ လုပ်ငန်းတစ်ခုမှာ ၀န်ထမ်းကောင်းမရှိဘဲ ဘာမှ လုပ်လို့ မရပါဘူး။ ၀န်ထမ်းများအလုပ်အတွင်း စိတ်ချမ်းသာပျော်ရွှင်မှ စွမ်းဆောင်ရည်များမြှင့်တင်နိုင်ပြီး ၀ယ်သူ customer များလည်း စိတ်ချမ်းသာရမှာဖြစ်ပါတယ်။

ထို့ပြင် လိုအပ်သလို ၀န်ထမ်းများကို Capacity Building လုပ်ပေးခြင်း၊ Trainee ပေးခြင်း၊ Happy Hours ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးခြင်းအားဖြင့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သလို ပျော်ရွှင်အောင်မြင်သော လုပ်ငန်းတစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။

(၄) ဈေးကွက်ရေစီးကြောင်းများကို လေ့လာပါ

ကိုယ်ပိုင်စီးပွားရေးလုပ်သည်ဆိုတာနှင့်တစ်ပြိုင်နက် မိမိလုပ်ငန်းအတွင်း တစ်နေ့တာဖြစ်ပျက်နေတာများကိုပဲ ကြည့်နေ၍ မရပါဘူး။ ကိုယ်ပိုင်လုပ်ငန်းရှင်များအနေနှင့် ဈေးကွက်အတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော ရေစီးကြောင်းများကို အမြဲတစေ ဂရုစိုက်လေ့လာရပါမယ်။

ထိုသို့လေ့လာခြင်းအားဖြင့် မိမိစီးပွားရေးကို ထိခိုက်စေသော အပြောင်းအလဲများကို ကြိုတင်ဖယ်ရှားပြီး အမြတ်အစွန်းပိုမိုကျန်စေနိုင်မည့် ဈေးကွက်အပြောင်းအလဲ များကိုလည်း အချိန်နှင့်တပြေးညီ နားလည်သဘောပေါက်ကာ ဖမ်းယူဆုပ်ကိုင်နိုင်မည်ဖြစ်ပါတယ်။

Read times
Rate this item
(4 votes)