-->
×

Warning

JUser: :_load: Unable to load user with ID: 28


၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးသူဌေးများ

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးသူဌေးများ GOOGLE

လူတွေဟာ ဘ၀အသီးသီးမှာ မျိုးစုံသော အလုပ်အမျိုးမျိုးကို လုပ်ကိုင်စားသောက်ပြီး အသက်မွေးဝမ်းကျောင်းပြုရပါတယ်။

ထိုသို့ ရုန်းကန်လှုပ်ရှားသူများအနက်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များလည်း ပါဝင်ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များထဲမှ အချို့က အောင်မြင်မှုရရှိသလို မအောင်မြင်ဘဲ ကျရှုံးသူများလည်း တွေ့ရှိရတတ်ပါတယ်။ ယခုအခါမှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များထဲမှ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ၁၀ ယောက်ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

10. Charles Koch

Charles Koch ကတော့ အမေရိကန်နိုင်ငံမှ နာမည်ကြီး စီးပွားရေးသမားဖြစ်ပါတယ်။ သူဟာ Koch Industries ၏ Co Owner တစ်ဦးဖြစ်တဲ့အပြင် ရေနံနှင့်လောင်စာဆီတွေကိုပါတွဲဖက်လုပ်ကိုင်ပါတယ်။ ပိုင်ဆိုင်မှုငွေ US$ 36 Billion ရှိတယ်ဟု သိရပါတယ်။

Charles Koch Richest billionaires

9. David Koch

Massachusetts Institute of Technology ၏ ပိုင်ရှင် Koch Industries ၏ Co Founder David Koch ကတော့ ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့အချမ်းသာဆုံး သူဌေးစာရင်းမှ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ပိုင်ဆိုင်မှုငွေစုစုပေါင်း US$ 44.2 Billion အထိ ရှိတယ်ဟု ခန့်မှန်းရရှိပြီး သူ၏ငွေများကို ဆေးပညာဆိုင်ရာ သုတေသန လုပ်ငန်းများတွင် အများဆုံး လှူဒါန်းကြောင်း သိရှိရပါတယ်။

David Koch richest people 2017

8. Michael Bloomberg

Michael Bloomberg ကတော့ Boston, Massachusetts မှာ မွေးဖွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၏ နာမည်ကြီး စီးပွားရေးသမားဖြစ်ပြီး Bloomberg Company ၏ CEO တစ်ယောက်လည်းဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းဟာ ၁၀၈ ယောက်မြောက် New York မြို့၏ မြို့စားအဖြစ် ၂၀၀၂ မှ ၂၀၁၃ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုငွေ US$ 46.7 Billion ရှိသည်ဟု ခန့်မှန်းရရှိပါတယ်။

Michael Bloomberg Richest american people 2017

7. Larry Ellison

အမေရိကန်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး Oracle Corporation ၏ Co Founder တစ်ဦးလည်း ဖြစ်ပါတယ်။ Executive Chairman အဖြစ်နှင့် Oracle Company တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၎င်းဟာ University of Chicago နှင့် University Illinois မှ ဘွဲ့မရသေးခင် ကျောင်းထွက်ခဲ့ပါတယ်။ ထို့နောက် ကိုယ်ပိုင် Company တည်ထောင်ကာ အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။ ထို့ပြင် သူဟာ လိုင်စင်ရ လေယာဉ်ပိုက်လော့တစ်ဦးလည်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအားဖြင့် US$ 51.2 Billion ရှိကြောင်း ခန့်မှန်းရပါတယ်။

static2.politico

6. Mark Zuckerberg

အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးထဲမှာပါဝင်သလို ကမ္ဘာ့အသက်အငယ်ဆုံး Billionaire သူဌေးကြီးများ စာရင်းထဲတွင်လည်း ပါဝင်သူတစ်ဦးဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးသိနေတဲ့ social media network တစ်ခုဖြစ်တဲ့ facebook ကို စတင်တည်ထောင်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ၉၉% သော facebook share များကို Chan Zuckerberg Initiative မှ လှူဒါန်းမှုတွေပြုလုပ်ပါတယ်။ ထို့ပြင် တစ်ကမ္ဘာလုံး၏ သြဇာအာဏာ လွှမ်းမိုးမှုအကောင်းဆုံး လူအယောက် ၁၀၀ စာရင်းမှာလည်း ၂၀၁၀ ခုနှစ်မှစ တင်၍ ပါဝင်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုအားဖြင့် US$ 51.2 Billion ရှိသည်ဟု ခန့်မှန်းရပါတယ်။

Mark Zuckerberg richest men

5. Carlos Slim Helu

မက်ဆီကမ်နိုင်ငံ၏ စီးပွားရေးတစ်ယောက်ဖြစ်ပါတယ်။ ၎င်းဟာ Telmex, American Movil, Samsung Mexico နှင့် Conglomerage Group Carso တို့၏ CEO တစ်ယောက်ဖြစ်ပါတယ်။ ထို့ပြင် Technology ကျန်းမာရေးစောင့်ရှောက်ဖို့ အိမ်ခြံမြေ၊ လေယာဉ်လိုင်း၊ မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပါတယ်။ ပိုင်ဆိုင်မှုအားလုံးပေါင်း US$ 52.2 Billion ရှိသည်ဟု ခန့်မှန်းရပါတယ်။

Carlos Slim Helu Richest People in the World

4. Jeff Bezos

အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပါတယ်။ ထို့ပြင် လူသိများကျော်ကြားတဲ့ Amazon.com ရဲ့ Founder တစ်ဦးလည်းဖြစ်ပါတယ်။ ထို့ပြင် ၂၀၁၃ ခုနှစ်မှာ The Washiongton Post Newspaper ကိုလည်း ၀ယ်ယူခဲ့ပါတယ်။ ပိုင်ဆိုင်မှုအားလုံးပေါင်း US$ 65.2 Billion ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Jeff Bezos

3. Amancio Ortega

စပိန်နိုင်ငံမှ စီးပွားရေးတစ်ယောက်ဖြစ်ပြီး La Coruna မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ Inditex Group ရဲ့ CEO တစ်ယောက်ဖြစ်ပြီး လူကြိုက်များကျော်ကြားတဲ့ Zara Clothing ၏ ပိုင်ရှင်လည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် တတိယအချမ်းသာဆုံးလူတစ်ဦးဖြစ်ပြီး US$ 71.1 Billion ကြွယ်ဝချမ်းသာကြောင်း သိရှိရပါတယ်။

Amancio Ortega Top 10 Richest People in the World

2. Warren Buffet

အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ကျားတစ်ကောင်ဟုလည်း တင်စားခေါ်ဆိုကြပါတယ်။ The Berkshire Hathaway ရဲ့ CEO တစ်ဦးလည်းဖြစ်ပါတယ်။ ထို့ပြင် ၎င်းဟာ ကမ္ဘာပေါ်ရှိ အအောင်မြင်ဆုံးနှင့် အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ဦးထဲမှာလည်း ပါဝင်ပါတယ်။ ၉၉% သော သူ၏ ပိုင်ဆိုင်မှုတွေကို Gates Foundation မှာ လှူဒါန်းခဲ့ပါတယ်။ ထို့ပြင် တစ်ကမ္ဘာလုံး၏ သြဇာအာဏာလွှမ်းမိုးမှုအကောင်းဆုံးလူစာရင်းထဲမှာလည်း ၂၀၁၂ ခုနှစ်မှ စတင်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုငွေ US$ 75.9 ပိုင်ဆိုင်ကြောင်း သိရပါတယ်။

Warren Buffet Top 10 Richest People in the World 2017

1. Bill Gates

ကမ္ဘာ့အချမ်းသာဆုံးသူဌေးအဖြစ် ၃နှစ်တိုင်တိုင် ရပ်တည်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Microsoft Company ကို ၁၉၇၅ ခုနှစ်မှစ၍ တည်ထောင်ခဲ့ပါတယ်။ Harvard University မှ ကျောင်းမပြီးခင် ထွက်လိုက်ပြီး Microsoft Company ကို စတင်စွန့်ဦးတီထွင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ပိုင်ဆိုင်မှုငွေပေါင်း US$ 85.5 Billion ရှိကြောင်း သိရှိရပါတယ်။

Bill Gates

Source: Trending Top Most

Read times
Rate this item
(3 votes)