-->
×

Warning

JUser: :_load: Unable to load user with ID: 28


ဘယ်လို အကြောင်းအရင်းတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေ ကိုကျရှုံးစေတာလဲ (၂)

ဝယ်ယူသူဖြင့် ထိတွေ့မှုမရှိခြင်း

လုပ်ငန်းတစ်ခုဟာ ကိုယ့်ဝယ်ယူသူတွေနဲ့ထိတွေ့မှုမရှိခြင်း၊ လိုအပ်ချက်ကိုနားမလည်ခြင်းနှင့် ထိုလိုအပ်ချက် များကိုမဖြည့်စည်းပေးခြင်းကြောင့် ကျရှုံးနိုင်ပါသည်။ ၀ယ်ယူသူများသည် မိမိ၏ထုတ်ကုန်နှင့် ၀န်ဆောင်မှုကို ကြိုက်နှစ်သက်သောလည်း၊ ထုတ်ကုန်ကိုအနည်းငယ် ပြောင်းလဲခြင်းအားဖြင့်လည်း ပိုမိုသဘောကျလာအောင် ဆွဲဆောင်နိုင်ပါသည်။ ၀ယ်ယူသူတွေ ဘာပြောပါသလဲ၊ သူတို့ပြောတာကိုလည်း နားထောင်ဖို့လိုပါသည်။ ဈေး ကွက်က မကောင်းတာလား၊ ကိုယ်ရောင်းတာကို မကြိုက်တာလား၊ ဒီလိုမေးခွန်းတွေကို ဖြေဖို့လိုပါသည်။

 

ဘယ်လိုဖြေရှင်းမလဲ။

အောင်မြင်တဲ့လုပ်ငန်းများဟာ ၀ယ်ယူသူဘာကြိုက်လဲ၊ ဘာတွေပြောင်းလဲနေပြီလဲ၊ ဘယ်သူတွေက ကိုယ့် အတွက်အလားအလာရှိတဲ့ ဖောက်သည်တွေဖြစ်လာနိုင်မလဲ။ ဒီအချက်တွေကို လေ့လာပြီး၊ သူတို့ဘာကိုစိတ် ၀င်စားလဲဆိုတာကိုရှာဖွေပြီး၊ ဒီပြောင်းလဲမှုတွေနဲ့ အမှီလိုက်ပါ။ နောက် CRM (Customer Relationship Management) ကိုအသုံးပြုပြီး၊ ကိုယ့်လုပ်ငန်း ကျရှုံးခြင်းမှ ကာကွယ်နိုင်ပါသည်။

 

အမြတ်အစွန်းမရှိသော Business Model ဖြင့် စီးပွားရေးလုပ်ခြင်း။ 

ဝင်ငွေမကောင်းသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုမှာ၊ ဦးဆောင်မှုမကောင်းခြင်း ကြောင့်လဲဖြစ် နိုင်ပါသည်။ လုပ်ငန်းမှာ ကောင်းမွန်သောလည်း အဆိုပါ idea ကိုအကောင်အထည်ဖော်တဲ့အခါမှာ၊ ဗျူဟာ မကောင်းတဲ့အတွက်လည်း ကျရှုံးနိုင်ပါသည်။ 

 

ဘယ်လို Business Model ကိုတည်ဆောက်မလဲ။

ကိုယ့် ပြိုင်ဘက်တွေ၊ အောင်မြင်နေတဲ့လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်လဲဆိုတာ လေ့လာပါ။ Business plan အပြည့်အစုံကို ဆွဲပြီး၊ ဘယ်လောက်ငွေဝင်နိုင်တယ်၊ ဘယ်လို့ ဈေးကွက်မှဖောက်ရမယ်၊ စီမံခန့်ခွဲမှုကို ဘယ်လိုဆောင်ရွက်ရမယ်၊ ပြိုင်ဘက်တွေကိုဘယ်လို ကျော်လွှားရမယ် စတဲ့အချက်တွေကို စနစ်တကျ အစီ အစဉ်ရေးဆွဲပြီး အကောင်အထည်ဖော်ရပါမယ်။ ကိုယ်ဘယ်လို ပန်းတိုင်ကိုသွားချင်တယ်၊ ဒီပန်းတိုင်ရောက်ဖို့ ဘယ်အချက် တွေကိုဆောင်ရွက်ရမယ်၊ အောင်မြင်မှုကို တိုင်းတာတဲ့ပုံစံ၊ နဲ့ ပြသနာဖြေရှင်းပုံ စတာတွေကိုပါ ဇယားနဲ့ စနစ်တကျဆောင်ရွက်ထားရပါမည်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းဟာ အကောင်းဆုံးအလေ့ အကျင့်တွေနဲ့ စနစ်တကျ လုပ်ကိုင်တာဖြစ်ပြီး၊ ယင်းမှသာ ရှုံးနှိမ့်မှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Read times
Rate this item
(2 votes)