-->
×

Warning

JUser: :_load: Unable to load user with ID: 28


ဘယ်လို အကြောင်းအရင်းတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ကိုကျရှုံးစေတာလဲ။

စီးပွားရေးလုပ်ငန်းအသေးစားနဲ့ အလတ်စားများကို သုသေသနပြုလုပ်ရာတွင် လုပ်ငန်းငယ်အသစ်များရဲ့ ၅၀ ရာခိုင်နှုန်းသာ ၅ နှစ်အတွင်းဆက်လက်ရပ်တည်နိုင်ပြီး၊

သုံးပုံတစ်ပုံသာ ၁၀နှစ်အတွင်းမှာ ရပ်တည်နိုင်ပါသည်။ ဒီတော့ ၅၀ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများသာ ၅နှစ်အတွင်း ဆက်လက်ရှင်သန်နိုင်ပြီး၊ ကျန် ၅၀ ရာခိုင်နှုန်းဟာ အရှုံးပေါ်သွားတယ်လို့ ယူဆနိုင်ပါသည်။ နောက်တစ်ချက်က ၁၀နှစ်အတွင်းမှာ ၆၅% သောစီးပွားရေး လုပ်ငန်းများဟာ အရှုံးပေါ်ပြီး၊ ဆက်လက်မရပ်တည်နိုင်တော့ပါဘူး။

Forbes ကရေးသားချက်မှာတော့ စီးပွားရေးလုပ်ငန်း ၁၀ခု မှာ ၈ခုဟာ ပထမ ၁၈လမှာတင် ရှုံးနိမ့်ကြပါသည်။ ဒီလိုရှုံးနိမ့်ရတဲ့ အကြောင်းအရင်းတွေကို ရှာဖွေတဲ့အခါမှာ ထင်ရှားတဲ့အချက် ၆ချက်ကိုလေ့လာလို့ရခဲ့ပါသည်။

 

၁. ခေါင်းဆောင်မှု ညံ့ဖျင်းခြင်း။

သင့်စီးပွားရေးလုပ်ငန်းကို ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်တဲ့အခါမှာ ကျရူံးနိုင်ပါသည်။ ကိုယ်ဟာ ခေါင်းဆောင်နေရာမှာရောက်နေပြီး၊ အတွေ့အကြုံအပြည့်အ၀မရှိတဲ့အခါမှာ (ဆုံးဖြတ်ချက်မှန်ကန်မှု၊ ၀န်ထမ်းအုပ်ချုပ်မှု၊ Vision မရှိမှု)တိုကြောင့် ရူံးနိမ့်နိုင်ပါသည်။ ပြီးတော့ကိုယ့်ရဲ့ဦးဆောင်ပုံကိုလည်း ၀န်ထမ်းတွေအတွက်အဆင်မပြေတာ ဖြစ်နိုင်ပါသည်။ ပြီးတော့ ခေါင်းဆောင်အချင်းချင်းအဆင်မပြေတာ၊ ဦးဆောင်ပုံခြင်းမတူညီတာ စတာတွေကြောင့်လဲ ဖြစ်နိုင်ပါသည်။ ပြသနာတွေပေါ်ပေါက်လာပြီး ကောင်းမွန်တဲ့ ခေါင်းဆောင်မှုလိုအပ်တဲ့ အခါမှာ၊ ဦးဆောင်သူဟာ ဆုံးဖြတ်ချက်မပြတ်သားတဲ့အခါ၊ ရှုံးနိမ့်မှုကို ဦးတည်စေ ပါသည်။

 

 

ဘယ်လို ရှောင်ရှားမလဲ။

ဦးဆောင်မှု မကောင်းတဲ့အခါမှာ ကိုယ့်လုပ်ငန်းလည်ပတ်မှုရဲ့ နေရာတိုင်းကိုထိခိုက်နိုင်ပြီး၊ (ဥပမာအားဖြင့် ငွေ ကြေးစီမံမှု၊ ၀န်ထမ်းများရဲ့ စိတ်ပိုင်းဆိုင်ရာ နောက် ကုန်ထုတ်လုပ်မှု တွေ) အထိအများကြီး ရိုက်ခတ်နိုင်ပါ သည်။ ဒီတော့ လေ့လာပါ၊ သင်ကြားပါ၊ ကိုယ့်ကို သင်ကြားပေးနိုင်သူကို ရှာပါ၊ အတန်းတွေတက်ပါ၊ ကိုယ့်ကို လေ့လာပါ၊ ကိုယ့်ဦးဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေပါ၊ ကိုယ့်လုပ်ငန်းအမျိုး အစားကိုလည်း နားလည်နိုင်အောင်ကြိုးစားပါ။ အခြားလုပ်ငန်း အကောင်းဆုံး လုပ်နည်းလုပ်ဟန်တွေကို လေ့လာပြီး၊ ကိုယ့်လုပ်ငန်းထဲမှာ ဘယ်အချက်တွေကိုအသုံးချနိုင်လဲ ဆိုတာလေ့လာပါ။

 

 

၂. အခြားလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက မထူးခြားသော လုပ်ငန်း

ကိုယ့် product( သို့ ) ၀န်ဆောင်မှုဟာ အရမ်းကောင်းမွန်ပေမယ့်လည်း ၀ယ်ယူသူမရှိနိုင်တာတွေ ဖြစ်နိုင် ပါသည်။ အဓိကပြသနာကတော့ ကိုယ့်ပစ္စည်းကောင်းကို တကယ်ဝယ်ယူနိုင်တဲ့သူဆီကို Target (value proposition) မထားလို့ဖြစ် ပါသည်။ နောက်ပြသနာတစ်ခုက ကိုယ့်ရောင်းကုန်ဟာ ၀ယ်ယူမယ့်သူတွေ များသော်လည်း၊ ပြိုင်ဆိုင်မှုအရမ်များကာ၊ ဒီပြိုင်ဆိုင်မှုများတဲ့ လုပ်ငန်းတွေထဲမှာ မြင်သာအောင်မလုပ်နိုင်တာ ဖြစ်ပါသည်။

 

 

ဒီပြသနာကို ဘယ်လိုရှောင်ရှားမလဲ

ပြိုင်ဆိုင်မှုတွေကြားထဲမှာ ဘယ်လိုထင်ရှားအောင်လုပ်မလဲ။ ကိုယ့်လုပ်ငန်းဟာ အားလုံးထဲမှာ ထူးခြားအောင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ကုမ္ပဏီထက် ပြိုင်ဘက်တွေက ဘာတွေသာနေလဲ။ ကိုယ့် ၀န်ဆောင်မှုကို အခြား ကုမ္ပဏီတွေ မလုပ်သေးတဲ့၊ ၀ယ်ယူသူလိုအပ်တာကို ဖြည့်ဆည်းပေးပြီး၊ ပိုမို ခိုင်မာတာကို ပြသနိုင်ပါသည်။

ဒီလိုနည်းဖြင့် ကိုယ့်ပစ္စည်းရဲ့ တံဆိပ်ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ပါသည်။ ကိုယ့်ကုမ္ပဏီတံဆိပ်ဆိုတာ အဖွဲ့အစည်းနဲ့ တွဲမြင်တဲ့အရာတစ်ခုဖြစ်ပါသည်။ ကိုယ့်ပေးချင်တဲ့ ကုန်ပစ္စည်းတန်ဖိုး (value proposition) နဲ့ ကုမ္ပဏီတံဆိပ်၊ logo၊ tagline၊ အရောင်နဲ့အခြား မြင်သာတဲ့အရာတွေ ချိတ်ဆက်နေသင့်ပါသည်။ တတ်နိုင် သမျှ ကိုယ့်ကုန်ပစ္စည်းတန်ဘိုးကို ၀ယ်ယူသူရှေ့မှာမြင်သာနိုင်အောင် ကြိုးစားပြီး၊ ဈေးကွက် ရှယ်ယာကိုရရှိ နိုင်ပြီး၊ အမြတ်ရယူနိုင်ပါသည်။

ကျန်ရှိနေသောအချက်များကို ဆက်လက်တင်ပြပေးပါမည်။ 

ကြော်ငြာနှင့် ပတ်သက်သည့် လုပ်ငန်းများကို ရှာဖွေလိုပါက ဒီ Link မှာ နှိပ်ပြီးရှာဖွေနိုင်ပါသည်။ 

 

Source: Bplan

Read times
Rate this item
(3 votes)