-->
×

Warning

JUser: :_load: Unable to load user with ID: 28


တံဆိပ်နာမည်ကြီးအောင် Mcdonald ဘာဂါဆိုင်နဲ့ Apple ကုမ္ပဏီတို့ ဘယ်လိုဆောင်ရွက်ကြသလဲ။

အောင်မြင်တဲ့ တံဆိပ်တစ်ခုဖန်တီးဖို့အတွက် ဆိုရင်အခြေခံအချက်အားဖြင့် ကုမ္ပဏီရဲ့က ၀ယ်ယူသူကိုပေးချင် တဲ့အချက်တွေ၊ သုသေသနတွေ၊ တန်ဘိုး၊ educated ၊ အမြင်နှင့် အတွေ့အကြုံတွေလိုအပ်ပါသည်။ ကမ္ဘာမှာ အောင်မြင်တဲ့ ကုမ္ပဏီသုံးခုရဲ့ တံဆိပ်အောင်မြင်အောင်ဆောင်ရွက်ပုံက ဒီထက်ပိုပါသည်။

သူတို့က တံဆိပ်ရဲ့ရှုပ်ထွေးမှုကို ၀ယ်ယူသူနားလည်အောင် ရှင်းထုတ်လိုက်ပါသည်။ ဒီနည်းလမ်းကိုတော့ ကိုယ့် ဘ၀၊ ကိုယ့်ကုမ္ပဏီမှာပါ အသုံးချနိုင်ပါသည်။ ဒီတော့ အောင်မြင်တဲ့လုပ်ငန်းတွေဘယ်လို Brand value မြှင့် တင်လဲဆိုတာကို ဆက်လက်တင်ပြပေးပါမည်။

 

 

Apple ကဘယ်လိုဆောင်ရွက်သလဲ။

 

Steve Jobs ဟာတံဆိပ်အောင်မြင်အောင် လုပ်တဲ့နေရာ ထူးချွန်တယ်ဆိုတာ မြင်သာပါသည်။ ဒီက လေ့လာလို့ရတဲ့အချက်သုံးချက်ကတော့

၁. ၀ယ်ယူသူဟာ ကုန်ပစ္စည်းကိုသုံးစွဲတဲ့အခါမှာ ရှင်းလင်းပြီး၊ နားလည်လွယ်တာမျိုးဖြစ်ပါစေ။ ဥပမာအားဖြင့် Apple ဆိုင်ကိုသွားတဲ့အခါမှာ ကိုယ်လိုချင်တဲ့ပစ္စည်းကို အရမ်းရှာစရာမလိုပဲ တွေ့နိုင်ပါသည်။ ဒီတော့ သူတို့ရဲ့ ဆောင်ရွက်ပုံက ရှင်းလင်းပြီး၊ မြန်ဆန်မှုကိုအဓိကထားပြီး၊ ၀ယ်ယူပြီးတဲ့အခါမှာ စိတ်ကျေနပ်မှုရရှိအောင် အဓိက ထားတာဖြစ်ပါသည်။

၂. ၀ယ်ယူသူ မြင်လွယ်အောင် လုပ်ဆောင်ပါ။ ကိုယ့်ထုတ်ကုန်အတွက် ကြော်ငြာစာသားလေးပဲ ရေးမယ့်အစား၊ ဗွီဒီယို လုပ်ဆောင်နိုင်ပါသည်။ ပြီးတော့ဝယ်ယူသူတွေကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာကို ပြသပေါးပ။ ပြီးတော့ ကိုယ့်ထုတ်ကုန်ကို အစမ်းသုံးဖို့ ပြသပေးပါ။

၃. ထူးခြားတဲ့ story ရှိတဲ့ ကြော်ငြာကိုဖန်တီးပါ။ ၀ယ်ယူသူဘ၀မှာ ဘာတွေလိုအပ်နေလဲ။ ဒီထုတ်ကုန်က ဒီလို လိုအပ်မှု၊ ခက်ခဲမှုကိုဘယ်လို ဖြေရှင်းပေးနိုင်မလဲ။

 

 McDonald နဲ့ မဟာဗျူဟာ

 

McDonald ကုမ္ပဏီဟာ အောင်မြင်တဲ့ Brand ကိုဖန်တီးနိုင်တာကိုငြင်းဖွယ်မရှိပါဘူး။ မီဒီယာကနေ မကောင်း တဲ့သတင်းတွေ၊ အချက်တွေကို ဖန်တီးနေပေမယ့်လဲ ကုမ္ပဏီဟာအောင်မြင်မြဲဖြစ်ပြီး၊ နိုင်ငံတကာ မှာအင်အား ကြီးမားတဲ့ တံဆိပ်အဖြစ်ရပ်တည်မြဲပါပဲ။

McDonald ရဲ့ထူးခြားတဲ့ မဟာဗျူဟာကတော့ ကြော်ငြာဖန်တီးမှုမှာ တူညီတဲ့လူတစ်စုကိုပဲ ပစ်မှတ်ထားပါ သည်။ ဒီနည်းကို အသုံးချခြင်းအားဖြင့် ကုမ္ပဏီဟာ လူတစ်စုအတွင်းမှာ အောင်မြင်နိုင်တဲ့ ထုတ်ကုန်ကို ကြော် ငြာနိုင်ပြီး၊ အခြား sector မှာမအောင်မြင်နိုင်တာကို မလိုအပ်ပဲ ကြော်ငြာစရာမလိုပါဘူး။

ဆိုလိုချင်တာက အမေရိကန်မှာအောင်မြင်တဲ့ မုန့်အမျိုးအစားဟာ၊ ဥရောပမှာပါ အောင်မြင်မယ်လို့ မဆိုလိုနိုင်ပါ ဘူး။ ဒီတော့ McDonald ဟာသူပေးချင်တဲ့အချက်အလက်ကို ကိုယ့်ဝယ်ယူသူဘယ်သူလဲ အပေါ်မူတည်ပြီး ပေးပါသည်။ စိတ်ထဲမှာထည့်ထားရမှာက ကြော်ငြာများဟာ မှတ်မိလွယ်တဲ့၊ ပျော်စရာကောင်းပြီး ထပ်ခါထပ်ခါ ကြော်ငြာပြီး ကုမ္ပဏီဆောင်ပုဒ်ဖြစ်တဲ့ “I’m lovin’ it”ကို အမြဲထည့်သွင်း ကြော်ငြာထားပါသည်။ ပြီးတော့ McDonalds ဟာ ဈေးကွက်အားလုံးနီးပါးကို သိမ်းထားပြီး၊ ၁၉၈၇ ကတည်းအသုံးပြုနေတဲ့ ဈေးကွက်နဲ့ ပတ်သက်တဲ့ နည်းပညာက တကယ်ကိုအဖိုးတန်ပါသည်။ ဒီတော့ ကိုယ့်ကုန်ပစ္စည်းကို အရောင်းမြှင့်တင်တဲ့ အခါမှာ ရှေ့နောက်ဆီလျော်မှု ရှိဖို့လိုအပ်ပါသည်။

Read times
Rate this item
(1 Vote)