-->
×

Warning

JUser: :_load: Unable to load user with ID: 28


ကမ္ဘာမှာအောင်မြင်တဲ့ Barack Obama၊ Apple လုပ်ငန်းပိုင်ရှင် Steve Jobs တို့မနက်တိုင်း ဘာတွေလုပ်လေ့ရှိလဲ

ကျွန်တော်တို့မနက်တိုင်း မဖြစ်မနေ လုပ်လေ့လုပ်ထရှိတဲ့ Gym ဆော့ခြင်း၊ သတင်းစာဖတ်ခြင်းနှင့် ကော်ဖီသောက်ခြင်းစတဲ့အလေ့အထ တွေရှိကြပါသည်။

 

 

မနက်စောစောမှာ ကောင်းမွန်တဲ့အလေ့အထတွေပြုလုပ်ခြင်းဟာ ကျွန်တော်တို့တစ်နေ့လုံး အတွက် အလုပ်လုပ်နိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။

ဒီတော့ ကမ္ဘာကျော် စီးပွားရေးသမားတွေနဲ့၊ သမ္မတနဲ့ ၀န်ကြီးချုပ် တွေမနက်ပိုင်းဘာတွေလုပ်ကြလဲ ဆိုတာကို ဆက်လက်တင်ပြပါမယ်။

 

U.S သမ္မတ Barack Obama ဟာမနက်တိုင်း Gym ကိုနေ့တိုင်းသွားပါတယ်။

 

ကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ Barack Obama ဟာ မနက်ပိုင်းမှာ အချိန်းဖြုန်းနေမယ့်သူမဟုတ်ပါဘူး။

Sleepypeople.com ရဲ့ရေးသားထားတဲ့အချက်မှာဆိုရင် သူဟာ မနက် ၆နာရီ ၄၅ မိနစ်မှာထပြီး Gym ကိုသွားကာ ၀ိတ်မတာ၊ Cardio တို့ကိုလုပ်လေ့ရှိပါသည်။

ပြီးတော့ သူရဲ့ First lady Michelle ၊ သမီးနှစ်ယောက်နဲ့ မနက်စာစားလေ့ရှိပါသည်။ ပြီးတော့မှ သူ့ရဲ့ နိုင်ငံပိုင်း ဆိုင်ရာအလုပ်တွေကို လုပ်လေ့ရှိပါသည်။

 

 

အင်္ဂလန်နိုင်ငံ ၀န်ကြီးချုပ် David Cameron ဟာမနက်ပိုင်းမှာ TV ကြည့်တာတွေကို ရှောင်ရှားလေ့ရှိပါသည်။

 

ဝန်ကြီးချုပ်ဟာ မနက် ၆နာရီကနေစပြီး၊ ၈ နာရီအထိ အရေးကြီးတဲ့အလုပ်တွေကို စလုပ်ပါသည်။ ပြီးတော့မှ သူ့ဇနီး၊ ကလေးတွေနဲ့ မနက်စာစားလေ့ရှိပါသည်။ Cameron ရဲ့အိမ်မှာ ဆိုရင် မနက်ပိုင်း တီဗွီမဖွင့်ရဘူးတဲ့ စည်းကမ်းရှိပြီး၊ သူကလေးတွေဟာ မနက်ပိုင်းကျောင်းမသွားခင် အခြားအလုပ်တွေလုပ်သင့်တယ်လို့ ထင်တဲ့ အတွက်ပါ။

ပြီးတော့မနက်ပိုင်းမှာ သတင်းတွေကိုဖတ်လေ့ရှိပါသည်။ ပြီးတော့ Conservative ပါတီရဲ့ ၀န်ကြီးချုပ်များဖြစ်တဲ့ Churchill ဟာမနက် ၇နာရီခွဲမှာထလေ့ရှိပါသည်။

 

 

Starbucks CEO Howard Schultz ဟာမနက်တိုင်းမှာ joe သောက်လေ့ရှိပါသည်။

 

Starbucks ကိုပိုင်ဆိုင်တဲ့ Howard Schultz ဟာမနက်တိုင်းမှာ ကော်ဖီသောက်မယ်ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲပါဘူး။

၂၀၁၂ ခုနှစ် Bloomberg မှာရေးသားထားတာက သူဟာမနက်တိုင်းမှာ ၄နာရီခွဲထလေ့ရှိပြီး၊ သူ့ရဲ့ခွေးသုံး ကောင်နဲ့ လမ်းလျောက်ထွက်လေ့ရှိပါသည်။ ပြီးတော့မှာ မနက် ၅နာရီ ၄၅ မိနစ်မှာ အိမ်ပြန်လာပြီး သူ့ဇနီးနဲ့သူအတွက် ကော်ဖီဖျော်ပါသည်။

 

 

Apple ရဲ့တစ်ချိန်က CEO ဖြစ်တဲ့ Steve Jobs ကတော့ သူ့ကိုသူ စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေပြောလေ့ရှိပါတယ်တဲ့။

 

Steve Jobs ဆိုတာကတော့ သူဝတ်လေ့ဝတ်ထရှိတဲ့ အ၀တ်အမည်းတွေရယ်၊ Apple ကို ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီအဖြစ်ပြောင်းလဲနိုင်တာတွေရယ် ကြောင့် နာမည်ကြီးပါသည်။

သူကတော့မနက်လင်းတိုင်းမှာ မှန်ထဲကကိုယ့်ကို ကြည့်ပြီး ဒီနေ့ဟာငါသေရတော့မယ့်နေ့ဖြစ်ရင်၊ ဒီနေ့လုပ် မယ့်အလုပ်တွေက ငါ့ကိုပျော်စေနိုင်မလားဆိုတဲ့ မေးခွန်းကိုမေးလေ့မေးထရှိပါသည်။

ပြီးတော့ ကိုယ့်ကို မပျော်ဘူးလို့ မကြာခနဖြေမိတယ်ဆိုရင်တော့၊ သူဟာသူ့ကိုယ်သူ ပြောင်းလဲဖို့လိုအပ် နေပြီလို့ သိလာပါသည်။

Source: Times  

Read times
Rate this item
(2 votes)