-->
×

Warning

JUser: :_load: Unable to load user with ID: 28


၂၀၁၇ မှာ ခေတ်စားလာနိုင်တဲ့ ဒီဂျစ်တယ် ကြော်ငြာနည်း ၆ မျိုး

social media social media google

၂၀၁၆ ခုနှစ်တွင်ဖုန်းအသုံးပြုမှုသည် လူများအကြား တစ်ဦးနှင့်တစ်ဦး ဆက်သွယ်သည့်ပုံစံကို ပြောင်းလဲသွားခဲ့ သည်။

Social media နှင့် မိုဘိုင်းဖုန်းအသုံးပြုမှုများမှာ လုပ်ငန်းကြော်ငြာသည့် (Marketing) ပုံစံကို သက်ရောက်မှုရှိပြီး ၂၀၁၇ ခုနှစ်တွင် Content (ဆောင်းပါး၊ သတင်း ) ဆန်သည့် ကြော်ငြာသည့်ပုံစံများ ပိုမို ရေပန်းစားလာနိုင်သည်။ ဒီလိုရေပန်းစားလာနိုင်တဲ့ ကြော်ငြာမီဒီယာများပုံစံများကို ဖော်ပြလိုက်ပါသည်။

 ၁. အွန်လိုင်း Message အတွေ့အကြုံ

Message ပို့သည် applications များဟာအထူးခေတ်စားလာပါသည်။ ဥပမာအားဖြင့် Social Media များရဲ့ Message ပို့တဲ့ platform များဖြစ်တဲ့ Messenger, Google, Skype, Sales forck, Twitter DM, WeChat နဲ့ Line အစရှိသည်တို့သည် တဟုန်ထိုး အသုံးပြုသူများပြားလာပါသည်။ နေ့စဉ်အသုံးပြုသူများဟာလည်း ဘီလီယံ နဲ့ချီပြီးသုံးကြပြီး၊ လုပ်ငန်းနဲ့ ပတ်သက်ကာမေးမြန်းသူများလုပ်ငန်းလုပ်ဆောင်သူများ များပြားလာတဲ့အတွက် Messaging service ကိုလည်း အလေးထားသင့်ပါသည်။

 

၂. သုံးဖက်မြင် ဗီဒီယိုများ

၂၀၁၇ ခုနှစ်ဟာဆိုရင် ဗီဒီယိုနည်းပညာလောကမှာ အပြောင်းအလဲဖြစ်မယ့်ကာလ လို့ယူဆနိုင်ပါသည်။ ဗွီဒီယိုထဲမှာ တကယ့်ကမ္ဘာထဲရောက်သွားသလို (Virtual Reality) ဖြစ်တဲ့ HTC Vive၊ Oculus Rift၊ PSVR ၊Pokemon Go တို့ကိုထုတ်လုပ်ခဲ့ ၂၀၁၆ ဟာ နည်းပညာလောကအတွက် အရေးကြီးတဲ့ကာလလို့ ယူဆနိုင်ပါ သည်။ ၂၀၁၇ မှာဆိုရင် ဒီလို ပစ္စည်းတွေကို ပိုမိုအဆင့်မြင့်တဲ့ ပုံစံနဲ့ ထပ်မံတွေ့ရှိနိုင်မှာဖြစ်ပါသည်။ တကယ် လူနဲ့ ဂိမ်းထဲမှာထိတွေ့နိုင်ဖို့ကိုလည်း ကြိုးစားတီထွင်နေကြ ပါသည်။

 

၃. Marketing လောကမှာ အောင်မြင်လာမယ့် ဒီဂျစ်တယ်မီဒီယာ

2017 ခုနှစ်ဟာဆိုရင် တစ်ကမ္ဘာလုံးအနေဖြင့် ဒီဂျစ်တယ် ကြော်ငြာလုပ်ငန်းများဟာ TV လုပ်ငန်းကြော်ငြာများထက်ပိုမို ကြော်ငြာမှုနှုန်းပိုများနိုင်တဲ့ နှစ်ဖြစ်ပါသည်။ ဒီတော့ ကြော်ငြာအသုံးစရိတ် များဘယ်ကိုသွားပါသလဲ။ Marketer များကြုံတွေ့နေရသော ပြသနာများဖြစ်သည့် ကြော်ငြာများ ဘလော့ခြင်း (ad blocking) ၊bot fraud ၊ social algorithms ( Social media ကြားမှပြိုင်ဆိုင်မှု) ၊ သံသယတွေစတဲ့အချက် တွေကို ၂၀၁၇ ခုနှစ်မှာ ပုံစံအခြားတစ်မျိုးနဲ့ ကျော်လွှားနိုင်ဖို့ဖြစ်နိုင်ပါသည်။ တစ်ဦးချင်းစီကို target ထားတဲ့ ကြော်ငြာတဲ့ပုံက အသစ်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကုမ္ပဏီများဟာ Snapchatter ၊ You Tubers တို့နဲ့ ပူးပေါင်းပြီး ဘယ်မှာမှမတွေနိုင်တဲ့ ပုံစံတွေနဲ့ ကြော်ငြာနိုင်မှာဖြစ်ပါသည်။

 

ကျန်ရှိနေသာ အချက်သုံးချက်အား နောက်ရက်တွင် ဆက်လက်တင်ပြပါမည်။

Read times
Rate this item
(0 votes)