-->
×

Warning

JUser: :_load: Unable to load user with ID: 28


အွန်လိုင်း Marketing နှင့် အနာဂတ် ၁၅ နှစ်အကြာ ပြောင်းလဲမှုကို ခန့်မှန်းသည့် အချက် ၇ ချက်

၁. ဖန်တီးမှုတွေက အစစ်အမှန်တွေကို ဖြစ်လာပါတယ်…

ဒီဂျစ်တယ် ကမ္ဘာနဲ့အပြင်လောက တို့ကအတူပေါင်းစပ်ပြီး၊ တံဆိပ်တွေကို ကြော်ငြာတဲ့ပုံစံမှာလည်း သမားရိုးကျ ပုံစံနဲ့ နည်းပညာကိုပါ ပေါင်းစပ်ထားမှာဖြစ်ပါသည်။ ဥပမာအားဖြင့် ရှာဖွေမှုဆိုတာ တွေ့ရှိဖို့အတွက်ဖြစ်ပြီး၊ အနာဂတ်မှာ ဒီဂျစ်တယ်နဲ့ပတ်သက်ပြီး ဒီလိုကိုယ်ရှာတာတွေ တွေ့ဖို့ အတွက် ဖန်တီးမှုမျိုးတွေရှိလာနိုင်ပါ သည်။ ကုမ္ပဏီများကလည်း ဒီဂျစ်တယ်မှာ ကြေငြာတဲ့ pop-up မှာရင်းနှီးမြုပ်နှံမှုတွေရှိလာနိုင်ပြီး၊ အနာဂတ်မှာ Supermarket ထဲမှာကိုယ်တကယ် ဈေးဝယ်နေသလို ဖြစ်အောင် ဖန်တီးမှုတွေလည်း ရှိလာနိုင်ပါသည်။

၂. သတင်းအချက်အလက်များကို တစ်ဦးချင်းစီကိုသာ ထိထိမိမိ ဦးတည်ခြင်း

ဆက်သွယ်မှုဆိုင်ရာနှင့် သင်္ချာပိုင်းဆိုင်ရာ ဒီဂျစ်တယ်နည်းပညာများပိုမို ကောင်းမွန်လာမှုများကြောင့် အနာဂတ်တွင် သတင်း အချက်အလက်များနှင့် ဖျော်ဖြေမှုများမှာ မိမိ target ထားသောသူတစ်ဦးချင်း၏ အကြိုက်အလိုက် ဖြည့်စည်းပေးနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် တစ်ဦးချင်းစီ၏အကြိုက်နှင့် မနှစ်သက် တဲ့အချက်အလိုက် ဘယ်လို အချက်အလက်တွေ ကိုဖြန့်ဝေမလဲဆိုတာ နည်းပညာက ဆုံးဖြတ်ပေးနိုင်မှာဖြစ်သည်။ ဒီတော့ Marketers တွေဟာကုန်ပစ္စည်း တွေဆက်လက်ရှင်သန်ဖို့အတွက် တစ်ဦးချင်းရဲ့အကြိုက်အလိုက် target ထားနိုင်ဖို့လိုလာပြီး၊ ဒီလိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းပညာကိုလည်း အသုံးပြုဖို့လိုလာပါသည်။

၃. ဒစ်ဂျစ်တယ် မဟုတ်တဲ့ ကြော်ငြာလုပ်ငန်းများဟာ အနာဂတ်မှာ မရှင်သန်နိုင်တော့ပါဘူး

တစ်ချို့သောလူများကတော့ အမြဲတမ်းရှင်သန်မယ်လို့ ယူဆကြပါသည်။ အင်တာနက် ကိုနေရာတိုင်းမှာ ရရှိနိုင်ပါက သမားရိုးကျ ကြော်ငြာသည့်လုပ်ငန်းများဟာ ဆက်လက်မရပ်တည်နိုင်တော့ပါဘူး။ ဒီလုပ်ငန်းများဟာလည်း ဒီဂျစ်တယ် နဲ့ဆက်စပ်တဲ့ လုပ်ငန်းများအဖြစ်ဖန်တီးပြီး pop-up ကြော်ငြာကဲ့သို့ ဆက်လက်ဖန်တီးမှသာ ရှင်သန်နိုင်မှာပါ။ ဒီအချက်အရ မရှင်သန်နိုင်တော့တဲ့ မီဒီယာများက Billborads, Magazines ကြော်ငြာလို လုပ်ငန်းမျိုးတွေဖြစ်ပါသည်။

ကျန်တဲ့အချက် ၄ချက်ကို နောက်မှဆက်လက်ဖော်ပြပါမည်။

Source- Forbes

Read times
Rate this item
(0 votes)