-->
×

Warning

JUser: :_load: Unable to load user with ID: 28


ဖောက်သည်များရဲ့ သဘောထား ၎

ဖောက်သည်များရဲ့ သဘောထား ၄ Google.com

ဖောက်သည်များရဲ့ သဘောထား ၎

ဘယ်ကုမ္ပဏီ ၊ ဘယ်လုပ်ငန်း မှာပဲဖြစ်ဖြစ် မိမိလုပ်ငန်းရဲ့ ဖောက်သည်တစ်ယောက်ရရှိလာအောင် ကြိုးစားရင်း မိမိရဲ့အချိန်တွေကို အဆိုပါ ဖောက်သည် တစ်ယောက်တည်းနဲ့ကုန်ဆုံးသွားခြင်း ၊

ဝန်ထမ်းတစ်ယောက်ပြီး တစ်ယောက်ပြောင်း၍ ကြိုးစားသော်လည်း မိမိဖောက်သည်ဖြစ်မလာခြင်း ၊ မဖြစ်နိုင်သော တောင်းဆိုချက်များ တောင်းဆိုတတ်တဲ့ ဖောက်သည်တစ်ယောက်မဟုတ် တစ်ယောက် ရှိကြစမြဲပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အဆိုပါဖောက်သည်များအကြောင်းကို သိရှိနားလည်ပြီး ညှိနှိုင်းဆွေးနွေးနိုင်လျှင် မိမိကုမ္ပဏီအတွက် အကျိုးအမြတ်ပင်ဖြစ်ပေသည်။

အဆိုးတွေကိုပဲ ပြောဆို လုပ်ကိုင်တတ်တဲ့ သူ

- လုပ်ငန်းလုပ်ကိုင်ဖို့ ကမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ယခင်တွေ့ကြုံဖြေရှင်းခဲ့ရသော ပြဿနာများနှင့် ယှဉ်၍ ရှင်းပြနေတာနှင့် အချိန်ကုန်သည့်သူဖြစ်သည်။

- သူအနေဖြင့် ယခုအချိန်တွင် မိမိတို့နှင့်အတူ ပူးပေါင်းလုပ်ကိုင်နေပြီဖြစ်သောကြောင့် မိမိတို့နှင့် လုပ်ကိုင်ရသဖြင့် မကြောက်ရွံ့ ၊ မစိုးရိမ်ဖို့ နားလည်အောင် ပြောဆိုနှစ်သိမ့်ပါ။

မသိဘူး ၊ မရှိဘူး ဟူ၍သာ အမြဲပြောဆိုနေတတ်တဲ့သူ

- သူ ဘာကိုလိုချင်တာကို မသိသူတစ်ယောက်ဖြစ်သည်။ သို့သော် သူ မလိုချင်သည့်အရာကို သေချာသိသူတစ်ယောက်ဖြစ်သည်။

- ကိုင်တွယ်ရန် အလွန်ခက်ခဲသော ဖောက်သည် တစ်ယောက်ဖြစ်သည်။ မိမိရှင်းပြနေလျှင်လည်း မသိ ၊ မရှိ ဟုသာ ပြောနေမည်ဖြစ်သဖြင့် သူ လိုအပ်မှသာ ခေါ်မည့်သူ တစ်ယောက်ဖြစ်ရာ နောက်ထပ်ဖောက်သည် တစ်ယောက်ထံသို့ အမြန်ဆုံးရောက်သွားတာ အကောင်းဆုံးဖြစ်ပေမည်။

Read times
Rate this item
(1 Vote)