သုညကနေ Starbucks ထက်ပိုကြီးတဲ့လုပ်ငန်းထူထောင်နိုင်ခဲ့တဲ့ Jenny
Jenny Qian Zhiya ကတော့ ဒေါ်လာ ၄ ဘီလီယံတန် ကော်ဖီဆိုင်လုပ်ငန်းထူထောင်ဖို့ အချိန် ၁၈ လ သာ ယူခဲ့ရပါတယ်။ သူမဟာ ခုဆိုရင် အချိန်လေးနာရီတိုင်း ဆိုင်သစ်တစ်ဆိုင် ဖွင့်လှစ်နေလျက်ရှိပါပြီ။ ယခုနှစ်ကုန် မတိုင်ခင် တရုတ်မှာ Starbucks ထက် လုပ်ငန်းအရွယ်အစားပိုကြီးသွားဖို့လည်း ရှိနေပါတယ်။
၂၀၁၇ ကုန်ခါနီးလောက်တုန်းက Jenny ဟာ car rental app တစ်ခုဖြစ်တဲ့ UCAR မှာ အလုပ်လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီတုန်းက Beijing မြို့မှာ ကော်ဖီတစ်ခွက်ဝယ်ဖို့ သူမတန်းစီပြီး အကြာပြီးစောင့်ဆိုင်းခဲ့ရပါတယ်။ အဲဒီမှာ “ ငါဆိုရင် ဒီထက်ပိုကောင်းအောင်လုပ်နိုင်မှာပဲ” လို့ အတွေးဝင်သွားခဲ့ပါတယ်။
ဒီလိုနဲ့ သူမဟာ Luckin Coffee ကို တည်ထောင်ခဲ့ပါတယ်။ ကော်ဖီတစ်ခွက် မှာတာကို Uber (ဒါမှမဟုတ် DiDi) လှမ်းခေါ်ရသလိုမျိုး လွယ်ကူအောင်လုပ်မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ဆိုင်သေးသေးလေးတွေ၊ ၀န်ထမ်းအနည်းငယ်၊ ထိုင်ခုံ ရှိတဲ့ အခြေအနေနဲ့ စတင်ခဲ့ပါတယ်။
ကော်ဖီ မှာယူတာ၊ ပိုက်ဆံပေးချေတာ၊ ကော်ဖီပေးပို့တာ ဒါတွေအကုန်လုံးကို app တစ်ခုကနေပဲ လုပ်ပါတယ်။ ဒီတော့ သူမဟာ ရောင်းချတဲ့ ကော်ဖီဈေးနှုန်းကို Starbucks ထက် ၂၅ ရာခိုင်နှုန်းလောက် လျှော့ယူလို့ ရနိုင်ခဲ့ပါတယ်။ Luckin မစတင်ခင်က Starbucks ဟာ တရုတ်မှာ ဈေးကွက် ၈၀ ရာခိုင်နှုန်းထိ ရထားခဲ့ပါတယ်။
၂၀၁၇ နှစ်ကုန်မတိုင်ခင် သူမဟာ ဆိုင် ၉ ဆိုင် ရှိခဲ့တယ်။ ၂၀၁၈ နှစ်ကုန်မတိုင်ခင် သူမမှာ ဆိုင်ပေါင်း ၂,၀၇၃ ဆိုင် ရှိလာခဲ့တယ်။ ၂၀၁၉ နှစ်ကုန်မတိုင်ခင် သူမမှာ ဆိုင်ပေါင်း ၄,၅၀၀ အထိ ရှိလာဖို့ ရှိနေပြီး ဒါဟာ Starbucks ထက်များတဲ့ အရေအတွက် ဖြစ်လာဖို့ ရှိပါတယ်။
ဒီလိုဆိုရင် ကော်ဖီလုပ်ငန်းအတွေ့အကြုံ လုံးဝမရှိတဲ့ စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဟာ အချိန် ၂ နှစ် သာသာလောက်အတွင်း ဇီးရိုးကနေ Starbucks ထက်ပိုကြီးတဲ့ လုပ်ငန်းဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာတုန်း။ သိပ်မကြာခင်ကပဲ Luckin Coffee ဟာ အမေရိကန် စတော့ အိတ်စ်ချိန်း Nasdaq မှာ ယင်းရဲ့ IPO ကို လုပ်ခဲ့ပြီး ဒေါ်လာ ၅၆၁ သန်း မတည်နိုင်ခဲ့ပါတယ်။
LinkedIn ကနေ လုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်များ
လုပ်ငန်းတန်ဖိုးကိုလည်း ဒေါ်လာ ၄ ဘီလီယံထိ တန်ကြေးရှိလာစေခဲ့ပါတယ်။ ယင်းရဲ့ ရှယ်ယာတွေဟာ listing price ရဲ့ အထက် ၂၀ ရာခိုင်နှုန်း ပိုများပြီး ပိတ်နိုင်ခဲ့ပါတယ်။ သမားရိုးကျ လုပ်ငန်းတစ်ခုကို ဒစ်ဂျစ်တယ် layer တစ်ချုပါင်းထည့်ပြီး ဆတိုး ကြီးထွားလာမယ့် လုပ်ငန်းတစ်ခု ဖြစ်အောင် ဘယ်လို ပြောင်းလဲလုပ်ဆောင်ရမလဲ ဆိုတာကို အဖြေရှာရင်း ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ စွန့်ဦးလုပ်ငန်းရှင်အစုအဖွဲ့သစ်ထဲမှာ Jenny လည်း တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။
သူမဟာ economies of scale ကို economies of speed နဲ့အတူ စွမ်းဆောင်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူမရဲ့ micro-stores တွေနဲ့အတူ သူမဟာ သေးသေးကနေ အရွယ်အစားကြီးအောင် လုပ်ခဲ့သူဖြစ်ပါတယ်။ ဒါက ဂျပန် အယူအဆ ‘Society 5.0’ ဖြစ်ပါတယ်။ အဲဒီမှာ နှေးကွေးနေရာကနေ မြန်ဆန်လာမယ်၊ မြန်ဆန်နေရာကနေ ပိုမြန်လာမယ်၊ ကြီးတာတွေကသေးလာမယ်၊ သေးတာကနေ ပိုသေးသွားမယ် ဆိုတာပါ။
Credit; SFJ
Myanmar Advertising Directory
Start something that matters စာအုပ်ထဲမှာ One for One ကို ဖန်တီးပြီးအောင်မြင်ခဲ့တဲ့ လူမှုအကျိုးပြု စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အကြောင်းကို သူရဲ့စာတွေ့ကိုယ်တွေ့ ဖြစ်ရပ်တွေကနေတဆင့် ပြောပြထားပါတယ်။
ဓာတ်ငွေ့ကုမ္ပဏီ Novatek ရဲ့ စီအီးအို၊ ဥက္ကဌ၊ အဓိကရှယ်ယာရှင် Leonid Mikhelson ကတော့ ရုရှားစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာတစ်ဦး ဖြစ်ပါတယ်။
ဒန်ကင် ဘန်နက်တိုင်း (Duncan Bannatyne)ဟာ စတာလင်ပေါင် ၄၅၀ ခန့်လောက်တန်တဲ့ ရေခဲမုန့် ဗင်ကားလေးကိုဝယ်ပြီးတဲ့နောက်မှာ သူ့လုပ်ငန်းကိုစတင်ပြီး မယုံကြည်နိုင်လောက်အောင် အောင်မြင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ကိုယ်ရောင်းမယ့်ပစ္စည်းကို စိတ်ဝင်စားတဲ့သူတွေကို သေချာမသိသေးသရွေ့ ကြော်ငြာခတွေကုန်သလောက် မထိရောက်ဘဲဖြစ်နေပါလိမ့်မယ်။
Apple ကုမ္ပဏီကို စတင်ထူထောင်ခဲ့တဲ့ စတိဂျော့ (Steve Jobs) ဟာ သူ့ရှေ့မှာ ထူထောင်ထားတဲ့ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု လဲပြိုနေပေမယ့်လဲ ဘာကြောင့်အောင်မြင်နေတာလဲ။
Facebook ပေ့ခ်ျမှာ ကြော်ငြာတွေလည်း run တယ်၊ boost တွေလည်း လုပ်ရဲ့သားနဲ့ ဘာလို့ထင်သလောက် မအောင်မြင်ရတာလဲ၊ ဘာလို့ ရောင်းအားတက်မဖြစ်နေပါသလား။
ဒီနေ့ခေတ်စွန့်ဦးတီထွင်သူတစ်ယောက်အတွက် ရုံးခန်းအပိုင်မရှိဘဲနဲ့ လုပ်ငန်းတစ်ခုကို စတင်ဖို့ဆိုတာ ဖြစ်နိုင်လာပါပြီ။
စီးပွားရေးလုပ်ငန်းတိုင်းဟာ မိမိရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ရှိပြီးသား ဈေးကွက်ထဲမှာ ရောင်းချနေရုံနဲ့ မလုံလောက်တော့ပါဘူး။
စွန့် ဦးတီထွင်တဲ့ အလုပ်အကိုင်ကို ပထမဆုံးစတင်လုပ်ကိုင်ဖူးသူ အတော်များများဟာ အခုပြောသွားမယ့် အမှားမျိုးကို တစ်ချိန်မဟုတ် တစ်ချိန် မှားဖူးကြမှာပါ။