-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုရီးယားအစိုးရ၏ YouTube ချန်နယ် ဟက်ခ်ခံရ

ကိုရီးယားအစိုးရ၏ YouTube ချန်နယ် ဟက်ခ်ခံရ

ကိုရီးယားအစိုးရ၏ YouTube ချန်နယ်ကို စနေနေ့က ဟက်ခ်ခံခဲ့ရသည်။

cryptocurrency နှင့်ပတ်သက်သည့် ဗီဒီယိုတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

ယခုအခါ ၎င်းYouTube ချန်နယ်ကို  ပြန်လည်ရယူထားကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

နံနက် ၃း၃၀ အချိန်တွင် အစိုးရ၏ တရားဝင်ချန်နယ် ဗီဒီယိုမျှဝေခြင်း ပလပ်ဖောင်း ဟက်ခ်ခံထားရသဖြင့် အမည်ကို "SpaceX Invest"  ဟု ပြောင်းထားသည်။

အမေရိကန် ဘီလျံနာနှင့် SpaceX တည်ထောင်သူ Elon Musk နှင့် တွေ့ဆုံမေးမြန်းခန်း ပါဝင်သော တိုက်ရိုက်ထုတ်လွှင့်မှုဖြင့်  cryptocurrency အကြောင်းတင်ပြနေသည်ကို တွေ့ကြရသည်။

၎င်းYouTube ချန်နယ်၏ အကောင့်ကို တာဝန်ယူထားသည့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဟက်ခ်ထားရကြောင်း နံနက် ၆ နာရီတွင် သိရှိပြီး အကောင့်ပြန်ရဖို့ ကြိုးပမ်းခဲ့ရာ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ပြန်လည် ရရှိခဲ့ပါသည်။

အကောင့်၏ ID နှင့် စကားဝှက် ခိုးယူခံရသည်ဟု သံသယရှိကြောင်း တာဝန်ရှိသူက ပြောသည်။

YouTube ၏ မိခင်ကုမ္ပဏီ Google က  ၎င်းချန်နယ် ဟက်ခ်ခံရကြောင်း အတည်ပြုခဲ့သည်။

Google Korea မှ တာဝန်ရှိသူတစ်ဦးက ယခုဖြစ်ရပ် ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားသည်။

ယခုသီတင်းပတ် အစောပိုင်းက ခရီးသွားလုပ်ငန်းဝန်ကြီးဌာနလက်အောက်ရှိ Korea Tourism Organization (KTO) မှ ဆောင်ရွက်သည့် YouTube ချန်နယ်တစ်ခုကို ဟက်ခ်ခံရပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ KTO ၏ အဆိုအရ ၎င်းချန်နယ်တွင် စာရင်းသွင်းထားသူ ဦးရေ ၅၀၉,၀၀၀ ဝန်းကျင်ရှိသည်။ ချန်နယ်ကို  ကြာသပတေးနေ့တွင် တိုက်ခိုက်ခဲ့သည်။ နောက်ရက်များတွင်လည်း ထပ်မံတိုက်ခိုက်ခဲ့သည်။ ယခုအခါ ချန်နယ်ကို ရပ်နားထားသည်။

ပုံမှန်မဟုတ်သော မူမမှန်သည့် ချိတ်ဆက်မှုများကို တွေ့ရှိပါက Google သည် အကောင့်သို့ ဝင်ရောက်ခွင့်ကို အလိုအလျောက် ပိတ်ပင်‌ပေးသည်ဟု KTO အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source Yonhap

#MyanmarAdvertisingGuide

Telegram Channel https://t.me/Guid4U

Read times
Rate this item
(0 votes)