-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့ဖလားဘောလုံးပွဲ ကြော်ငြာရောင်းဖို့ ခက်ခဲပြီး အချိန်နည်းပါးနေ

ကမ္ဘာ့ဖလားဘောလုံးပွဲ ကြော်ငြာရောင်းဖို့ ခက်ခဲပြီး အချိန်နည်းပါးနေ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကာတာတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပွဲ  ၂၀၂၂ စတင်ရန် ၂၁ ရက်သာ လိုတော့သည့် တနင်္ဂနွေနေ့တွင် StarHub၊ Singtel နှင့် Mediacorp တို့က စင်ကာပူနိုင်ငံအတွက် ကမ္ဘာ့ဖလားဘောလုံးပွဲ  ၂၀၂၂ ထုတ်လွှင့်ပြသခွင့်ကို ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ 

၎င်းတို့အနေဖြင့် အမြတ်ရရန် အသာထား၊ အရင်းကြောဖို့ကိုပင်လျှင် မလွယ်လှဟု ကျွမ်းကျင်သူတို့က သုံးသပ်ပါသည်။ 

.

ထုတ်လွှင့်ပြသခွင့် ဝယ်ယူသည့် ကုန်ကျစရိတ်အတွက် ဝင်ငွေ ပြန်ရှာရန် နည်းလမ်း ၂ သွယ် ရှိကြောင်း၊ တစ်နည်းမှာ ဘောလုံးပွဲများ ကြည့်ရှုလိုသူများကို အခကြေးဖြင့် ပြသပေးခြင်းဖြစ်ပြီး ကျန်တစ်နည်းမှာ ကြော်ငြာပြသရန်အတွက် စက္ကန့်များ ရောင်းချခြင်း ဖြစ်ကြောင်း Deloitte South-east Asia အတွက်  အားကစားစီးပွားရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် James Walton က ပြောကြားသည်။ 

.

Qatar World Cup ထုတ်လွှင့်ပြသခွင့် ဝယ်ယူလိုက်သည့် အချိန်အခါမှာ အခါနှောင်းနေကြောင်း၊ ကြော်ငြာရှင်များနှင့် အခကြေးဖြင့် ပွဲကြည့်လိုသူများကို ရောင်းချရန် အချိန် နည်းနေကြောင်း ၎င်းက သုံးသပ်သည်။ 

"နံပါတ်တစ်ကတော့ ၂၁ ရက်ပဲ ကျန်တော့တယ်၊ ဆိုလိုတာက လူအများ သိအောင်လုပ်ဖို့  အချိန်နည်းနေပြီး လူတွေကို စာရင်းသွင်းအောင် စည်းရုံးဖို့ အတွက်လည်း အချိန်နည်းသွားတာပါ" ဟု ၎င်းက ပြောကြားသည်။ 

.

"နောက်တစ်ချက်က ဘောလုံးပွဲကလည်း နောက်ကျနေတယ်။  World Cup  က ဘောလုံးပွဲ ရာသီရဲ့ တစ်ဝက်မှာ ကျင်းပခဲ့တယ်။ ဇွန်၊ ဇူလိုင်မှာ ကျင်းပတယ်။ ဒီတော့ ဩဂုတ်လမှာ စတင်မယ့် Premier League  ပွဲစဉ်တွေကိုပါ တွဲပြီး ချိတ်ဆက်ကာ  World Cup ကို ရောင်းချကြတယ်။ အခုက နောက်ကျနေပြီ" ဟု ၎င်းက ပြောကြားသည်။ 

.

 World Cup ကျင်းပသည့် အချိန်နာရီများကလည်း လွဲနေသည်။  ၆၄ ပွဲ ကစားမည် ဖြစ်ရာ၌ ထက်ဝက်ကျော်ဖြစ်သည့် ၃၃ ပွဲသည် စင်ကာပူမှ ပရိသတ်များအဖို့ သန်းခေါင်ကျမှ ပွဲစမည့် ပွဲများ ဖြစ်နေသည်။ အချို့ပွဲမျာမှာ သန်းခေါင်ကျော်မှ ပွဲစမည် ဖြစ်သည်။

သို့ဖြစ်ရာ သန်းခေါင်သန်းလွဲ ပွဲတိုင်း ကြည့်လိုသူ နည်းသည်။ ပွဲအချို့ကိုသာ ရွေးပြီး ကြည့်လိုကြသည်။ ပရိသတ်နည်းနေသည့် အတွက် ကုမ္ပဏီများကလည်း ကြော်ငြာဖို့ စိတ်အားထက်သန်ခြင်း မရှိကြတော့ချေ။

“ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကြားက ကွာခြားချက်ကတော့ ချန်ပီယံလိဂ်က တစ်ပတ်မှာ တစ်ညပဲရှိတော့ ကြည့်မယ်ဆို ကြည့်ဖြစ်တယ်။ ကမ္ဘာ့ဖလားက တစ်လလုံး ညတိုင်း ဖြစ်နေတယ်" ဟု ၎င်းက ပြောကြားသည်။

 

"ခင်ဗျားရဲ့ သူဌေးက အရမ်းသဘောကောင်းတဲ့သူဖြစ်လို့ ရုံးနောက်ကျတာကို အမြဲခွင့်လွှတ်ပေးတဲ့သူ ဒါမှမဟုတ် ခင်ဗျားက အလုပ်ချိန်ကို စိတ်ကြိုက် သတ်မှတ်ရတဲ့သူ ဖြစ်ပါတယ် ဆိုရင်တောင် ပွဲက ကောင်းကောင်း မကောင်းကောင်း ညတိုင်း မနက် သုံးနာရီ လေးနာရီအထိ ပွဲတွေကြည့်ဖို့က ခက်ခဲပါတယ်"

ဟု ၎င်းက ပြောကြားသည်။

 .

"နောက်တစ်ချက်က ပရိသတ်က ရွေးချယ်ချင်တယ်။ ပွဲစဉ်အားလုံးကြည့်ဖို့ မဝယ်ချင်ကြဘူး။ တချို့ပွဲတွေကိုပဲ ရွေးပြီး ဝယ်ချင်တယ်။ တချို့က အင်တာနက်မှာ တိုက်ရိုက်ထုတ်လွှင့်တာကို ဖုန်းနဲ့ ကြည့်ချင်ကြည့်မယ်။ တီဗီရှေ့ ထိုင်ကြည့်ဖို့ အခြေအနေ မပေးတဲ့သူတွေ ရှိမယ်" ဟု ၎င်းက ပြောကြားသည်။

.

world cup.png

 

 

Singapore Management University မှ မားကတ်တင်းပညာဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ Seshan Ramaswami က လုပ်ငန်းများသို့ ရောင်းချခြင်း business-to-business (B2B) လုပ်နိုင်ပါက ဝင်ငွေ ရနိုင်မည်ဟု ပြောကြားသည်။ ဘားများ၊ စားသောက်ဆိုင်များတွင် ဘောပွဲများ ပြသခွင့်ကို ရောင်းချခြင်းဖြင့် ဝင်ငွေ ရှာနိုင်သည်။ 

.

 2018 World Cup တွင် လုပ်ငန်းသုံး စခရင်ဈေးနှုန်းများမှာ သာမန် စခရင်တစ်ခု အတွက် $3,090 ဖြစ်ပြီး နောက်ထပ် စခရင်တစ်ခုတိုင်းအတွက် $2,020 ဖြင့် ရောင်းချခဲ့သည်။ စခရင် အရွယ်အစားက ၅၀ လက်မ( 127cm)ထက် ကြီးနေလျှင် စခရင်တစ်ခုအတွက် $5,230  ဖြစ်ပြီ နောက်ထပ် စခရင်တစ်ခုတိုင်းအတွက် $3,090  ဖြင့် ရောင်းချခဲ့သည်။ 

.

ယခု ခက်ခဲနေရသည့်မှာ ပွဲချိန်များက သန်းခေါင်သန်းလွဲဖြစ်နေသည့်အတွက် အဆိုပါ လုပ်ငန်းအများစု ဆိုင်ပိတ်ချိန် ဖြစ်နေသည်။ 

 

နောက်ထပ်အကျပ်အတည်း တစ်ခုမှာ အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်သည့် လုပ်ငန်းများကလည်း ၎င်းတို့၏ ပရိသတ်များကို ကမ္ဘာ့ဖလားပွဲကို ပြသပြီး ဝင်ငွေ ရှာကြမည် ဖြစ်ရာ ကြော်ငြာရှင်များက အွန်လိုင်းကို ဦးစားပေး ရွေးချယ်ကြမည် ဖြစ်သည်။ 

Source The Straits Times

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)