-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့ဖလား ဘောလုံးပွဲ ရုပ်သံထုတ်လွှင့်ခွင့် ထိုင်းအစိုးရ ဝယ်ယူပြီး ပြသပေးမည်

ကမ္ဘာ့ဖလား ဘောလုံးပွဲ ရုပ်သံထုတ်လွှင့်ခွင့် ထိုင်းအစိုးရ ဝယ်ယူပြီး ပြသပေးမည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့ဖလား ဘောလုံးပွဲများကို ရုပ်သံထုတ်လွှင့်ခွင့် ထိုင်းအစိုးရက ဝယ်ယူပြီး ပြသမည်ဖြစ်သောကြောင့် ထိုင်းဘောလုံးပရိသတ်များသည်  တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

2022 Fifa World Cup ကို ကာတာနိုင်ငံတွင် နိုဝင်ဘာလ ၂၀ မှ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံကိုယ်စားပြု ဘောလုံးအသင်း ၃၂ သင်း ပါဝင်ပါသည်။ စုစုပေါင်း ၆၄ ပွဲ ကစားကြမည် ဖြစ်သည်။ 

ပြိုင်ပွဲကျင်းပရန် ရက်သတ္တပတ် ၃ ပတ်သာ လိုတော့သည့်အချိန်အထိ ထိုင်းတွင် ရုပ်သံလိုင်းများက ဘောလုံးပွဲများကို ထုတ်လွှင့်ခွင့် ဝယ်ယူရန် စိတ်ပါဝင်စားမှု မရှိသောကြောင့် ထိုင်းဘောလုံးပရိသတ်များအကြားး စိုးရိမ်ပူပန်မှုများ ရှိလာပါသည်။

.

ပွဲအားလုံးကို ထုတ်လွှင့်ခွင့်ရရှိရန် အစိုးရသည် National Broadcasting and Telecommunications Commission (NBTC) ၏ ဘတ်ဂျက်ကို အသုံးပြုမည်ဖြစ်ကြောင်း ပရာဝစ်က ပြောကြားခဲ့သည်။

အသေးစိတ်အချက်အလက်များကို ထုတ်လွှင့်ခွင့် ဝယ်ယူပြီးသည်နှင့် ဆောလျင်စွာ ကြေညာပေးမှာ ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။

Source bangkokpost

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)