-->
×

Warning

JUser: :_load: Unable to load user with ID: 29


တောင်ကိုရီးယား ထိပ်တန်း YouTube စဲလီစာရင်း ထုတ်ပြန်

တောင်ကိုရီးယား ထိပ်တန်း YouTube စဲလီစာရင်း ထုတ်ပြန်

 

 လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း YouTube သည် ကမ္ဘာပေါ်တွင် အကြီးဆုံး streaming ပလက်ဖောင်း  အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

 ချဲနယ် စုစုပေါင်း ၃၇ သန်း ရှိပြီး လစဉ်ပုံမှန် သုံးစွဲသူဦးရေ ၂ ဘီလီယံ ရှိပါတယ်။

 တောင်ကိုရီးယားမှာလည်း YouTube ဟာ ရေပန်းအစားဆုံး streaming ပလက်ဖောင်း ဖြစ်ပါတယ်။ YouTube မှာ ဗီဒီယို တက်ကြသူတွေ၊ ကြည့်ရှုကြသူတွေ များပြားပါတယ်။

 မကြာသေးခင်က Forbes Korea က 2022 Celebrity YouTuber စာရင်းကို ထုတ်ပြန်ပါတယ်။ စဲလီစာရင်းမှာ  အဆင့်သတ်မှတ်ခြင်းကို ပြီးခဲ့သောနှစ်အတွင်း နှစ်စဉ်ဝင်ငွေ၊ ကြည့်ရှုမှုအရေအတွက်နှင့် တင်ပြတဲ့ ဗီဒီယို အရေအတွက်

တို့ဖြင့်  ဆုံးဖြတ်ပါတယ်။

 

Forbes Korea ranks  1.png

 

စဲလီစာရင်းမှာ BANGTANTV က ပထမ ရပါတယ်။

ထို့နောက်  BLACKPINK, officialpsy, SEVENTEEN, SUNMI, aespa, ITZY, (G)I-DLE (Official YouTube Channel), Lim Young Woong,  Chimchak Man တို့ အစဉ်အတိုင်း  Top 10 မှာ ပါဝင်ပါတယ်။

 

 စဲလီစာရင်း အဆင့် ၁၁ မှ ၂၀ အထိမှာ

  Kep1er, Big Bang, NCT Dream, IU official, IVE, ENHYPEN, TREASURE, WINNER, Common Siblings, Short Box တို့ အစဉ်အတိုင်း ပါဝင်ပါတယ်။ 

 

စဲလီစာရင်းရဲ့ အဆင့် ၂၁ မှ ၃၀ အထိမှာ 

CHUNGHA_Official, TOMORROW X TOGETHER OFFICIAL, Red Velvet, Ssoyoung, MAMAMOO, Apink, JAY PARK, BTOB (Official YouTube Channel), Kkilkkil Sang Hwae,  KARD တို့ ပါဝင်ပါတယ်။

Source Forbes Korea

#MyanmarAdvertisingGuide
Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)