-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူမှုကွန်ရက်အကောင့်တွေ ပိတ်သိမ်းလိုက်တဲ့ Lush

လူမှုကွန်ရက်အကောင့်တွေ ပိတ်သိမ်းလိုက်တဲ့ Lush

ယူကေမှ အလှကုန် လက်လီအရောင်းလုပ်ငန်း Lush က ခရစ္စမတ် ဈေးရောင်းပွဲတော်ကာလမှာ လုပ်ငန်းရဲ့ Facebook, TikTok, Snapchat, Instagram စတဲ့ လူမှုကွန်ရက်အကောင့်တွေ ပိတ်သ်မ်းလိုက်ပါတယ်။
အခုလို အကောင့်တွေ ပိတ်ချလိုက်တဲ့အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း နစ်နာနိုင်ပေမဲ့ အခုလို လုပ်ဆောင်ရလို့ ကျေနပ်တယ်လို့ Lush ရဲ့ စီအီးအို Mark Constantine က ပြောကြားပါတယ်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲတဲ့ကိစ္စ မျိုးလို အရေးပါတဲ့အရာတွေကို လျစ်လျူပြုထားကြတယ်။ ဆိုရှယ်မီဒီယာရဲ့ ပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေကို လျစ်လျူရှုထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Facebook, Instagram တို့ရဲ့ မိခင်လုပ်ငန်း Meta ရဲ့ သုတေသနပြုချက်အရ Instagram က ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိခဲ့အတွက် Instagram အကောင့်ကို ပိတ်ဖို့ပဲ ရှိတယ်လို့ Mark Constantine က ပြောကြားပါတယ်။
"ကျွန်တော်တို့ PR စတန့်ထွင်တာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်တာ ဖြစ်ပါတယ်" လို့ ပြောကြားပါတယ်။

 

Additional Info

  • Sidebar Banner: 3013-lush
Read times
Rate this item
(0 votes)