-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Digital Marketing Platform များအနက် တစ်ခုအပါအဝင်ဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ်သို့ ပြောင်းလဲအမည်တွင်

မြန်မာနိုင်ငံ၏ Digital Marketing Platform များအနက် တစ်ခုအပါအဝင်ဖြစ်သည့် MYMEDIA Digital အားRFOX MEDIA အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။

(English Version Below)

 RFOX MEDIA သည် အရှေ့တောင်အာရှအခြေစိုက် Venture Builder အဖြစ်လူသိများသော RedFox Labs မှ ဖန်တီးထားသည့် Blockchain-driven Ecosystem အတွက် Branding နှင့် Marketing Division ဖြစ် ပြောင်းလဲတာဝန်ယူသွားမည့် Media Venture အသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ယခုကဲ့သို့ Rebrand ပြုလုပ်မှုသည် MYMEDIA ကို RedFox Labs မှ ဖေဖော်ဝါရီလ ၂၀၂၁ တွင် ဝယ်ယူမှုအပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

ယခု အသစ်စက်စက် RFOX MEDIA Venture သည် MYMEDIA ၏ စျေးကွက်ကိုဦးဆောင်နေသည့် platform ကို စွမ်းဆောင်ရည် ပိုမိုမြင့်မားစေနိုင်သည့်အပြင် Brand များ Influencers များမှတစ်ဆင့် စားသုံးသူများကို အစားအသောက်၊ ဖက်ရှင်၊ အားကစား နှင့် ဖျော်ဖြေရေးစသည့် ကဏ္ဍများနှင့် တိုက်ရိုက် ချိတ်ဆက်ပေးမှုကို ပိုပြီးအားကောင်းလာစေမည်ဖြစ်သည်။ RFOX MEDIA အဖြစ် Rebrand ပြုလုပ်လိုက်သော MYMEDIA Facebook Page တွင်လည်းSocial Media Channel နှင့် Website အားလုံးတွင် Follower ၁၃ သန်းကျော် ရှိနေပြီဖြစ်သည်။  

RFOX Ecosystem ဖြင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ကာ Rebrand ပြုလုပ်မှုတစိတ်တပိုင်းအနေဖြင့် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ၂ မျိုးပါဝင်သည့် RFOX MEDIA ၏ Website အသစ်ကိုလည်း ထပ်မံမိတ်ဆက်ထားပြီးဖြစ်ပါသည်။ RFOX MEDIA သည် မြန်မာနိုင်ငံ ၏ Digital Marketing Leader အဖြစ် ကြိုးပမ်းရပ်တည်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှစျေးကွက်ကို အလျင်အမြန်တိုးတက်သောနယ်ပယ် အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း တိုးတက်မှုများကို ဆက်လက်ယူဆောင်သွားမည်ဖြစ်သည်။ RFOX MEDIA အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သည့် Social Media အချက်အလက်များကိုလည်း ယခုထက် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတကာအဆင့်ထိ ထိုးဖောက်ရန် ရည်ရွယ်ထားသော RFOX MEDIA သည် မြန်မာနိုင်ငံအတွက်လည်း RFOX Ecosystem ထဲတွင်ရှိသော Product အသစ် ၊ Service အသစ်များကိုလည်း ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး စျေးကွက်ကို ဆက်လက်ဦးဆောင်သွားမည်ဟု ရည်ရွယ်ထားပါသည်။ ယခုလအစောပိုင်းကာလများတွင် RFOX MEDIA မှတစ်ဆင့် RFOX Run ဟု အမည်ရသည့် Jump-and-run Casual Game ကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ခဲ့ပြီး Gaming Rewards Model အသစ်ဖြစ်သည့် Play-to-Eat ကိုပါ မိတ်ဆက်ခဲ့ပါသည်။ Play-to-Eat Game ဖြစ်သောကြောင့် အနိုင်ရရှိသူများအနေဖြင့် မြန်မာနိုင်ငံ၏ လူသုံးအများဆုံး Food Delivery Service တစ်ခုဖြစ်သည့် Foodpandမှ အခမဲ့ Food Voucher များကို ရယူနိုင်မည်ဖြစ်သည်။ RFOX MEDIA မှ ယခုကဲ့သို့ RFOX Token စနစ်ကို အသုံးချပြီး Games ၊ E-Commerce ၊ Digital Finance နှင့် အခြားသော Industry များအတွက် အသစ်အသစ်သော နည်းလမ်းတွေများကို နောင်အနာဂတ်တွင် ဆက်လက် ယူဆောင်လာပေးနေမည်ဖြစ်သည်။ များမကြာမီအချိန်တွင်လည်း RFOX TV Streaming Service ကို မြင်တွေ့နိုင်တော့မည်ဖြစ်သည်။

RFOX MEDIA ၏ COOအဖြစ် တာဝန်ယူထားသည့် Rene Heumuellerမှ

ကျွန်တော်ဟာ RFOX MEDIA ကို တည်ထောင်ရင်း RedFox Labs ရဲ့ တစိတ်တပိုင်းဖြစ်ရတာကို အရမ်းဝမ်းသာမိပါတယ်။ လူတွေရဲ့ နေ့စဥ်ဘဝကို တိုးတက်လာစေမယ့် Product တွေနဲ့ Service အသစ်တွေကို မိတ်ဆက်သွားဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ RFOX MEDIA Team ဟာ နှစ်ပေါင်းများစွာ Content ပိုင်းမှာ အတွေ့အကြုံရှိခဲ့တဲ့ MYMEDIA ရဲ့ Team ကိုပဲ အခြေခံထားတာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို နိုင်ငံတကာစျေးကွက်ထဲ ခြေဆန့်ဖို့အထိ ကောင်းမွန်တဲ့အစဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

RedFOX Labs ၏ CEOနှင့် Co-founderအဖြစ် တာဝန်ယူထားသည့် Ben Fairbankမှ လည်း

“MYMEDIA အား RFOX MEDIA အဖြစ် Rebrand ပြုလုပ်ခြင်းဟာ ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တဲ့ Scaling Technology ၊ ပိုကောင်းတဲ့ ချိတ်ဆက်မှုတွေ တည်ဆောက်မှုတွေ နဲ့ သတင်းအချက်အလက်မျှဝေမှုတွေကို ပိုပြီးအားကောင်းစေဖို့ ပထဆုံးခြေလှမ်း တစ်ခုလည်းဖြစ်ပါတယ်။ ဒါတွေက အခု Digital Marketing Platform အတွက် အလွန်ကြီးမားတဲ့တန်ဖိုးတွေရရှိစေမှာဖြစ်ပြီး အရှေ့တောင်အာရှစျေးကွက်အပြင် တခြားနိုင်ငံတွေကိုပါ ခြေဆန့်နိုင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။

ယခုနှစ်အစောပိုင်းမှာ MYMEDIA ကို ဝယ်ယူလိုက်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ တခြားသော အရှေ့တောင်အာရှနိုင်ငံအတွင်းမှာလည်း တူညီတဲ့ Platform တွေကို တည်ဆောက်နိုင်ခဲ့ခြင်းလို့ဆိုနိုင်ပါတယ်။ MYMEDIA ကို အသုံးပြုပြီး ကြော်ငြာနေတဲ့ Global လုပ်ငန်းတွေဟာလည်း ပိုပြီး လူသိရှိမှုကို ရရှိစေမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှစျေးကွက်ဟာ အင်တာနက်အသုံးပြုသူ သန်း  ၃၆၀ ပါဝင်ပြီး ကြော်ငြာရှင်တွေအတွက် အရေးကြီးဆုံး အသက်အပိုင်းအခြားဖြစ်တဲ့ အသက် ၂၅ မှ ၃၄ နှစ်ကြား လူငယ် ၁၀၄ သန်းရှိနေပါတယ်”

ဟု ပြောကြားခဲ့ပါသည်။

MYMEDIA Digital Rebrands into RFOX MEDIA in Myanmar

Following RedFOX Labs Acquisition

MYMEDIA Digital, one of the largest digital marketing platforms in Myanmar, has rebranded into RFOX MEDIA, the new media venture that acts as the brand and marketing division for the blockchain-driven ecosystem created by Southeast Asia-based venture builder RedFOX Labs. The rebrand follows RedFOX Labs’ acquisition of MYMEDIA in February 2021.

The new RFOX MEDIA venture strengthens MYMEDIA’s market-leading platform, which connects consumers directly to brands and influencers across food, fashion, sport, and entertainment. The MYMEDIA Facebook page, which also reflects the rebrand to RFOX MEDIA, together with all social media channels and websites, has 13 million followers.
As part of the rebranding and further integration within the RFOX ecosystem, RFOX MEDIA has launched a new dual-language website in Burmese and English, reflecting both its status as the digital marketing leader in Myanmar and its next phase of growth into different parts of the world, with an initial focus on Southeast Asia as a fast-growing regional hub. The expansion plans for RFOX MEDIA will drive further growth to the already impressive social media metrics that it has gained in just one country so far.
Amid projected international growth, RFOX MEDIA continues its work of maintaining market leadership in Myanmar by leveraging many products and services from the RFOX ecosystem.
Earlier this month, RFOX MEDIA introduced RFOX Run, an upcoming jump-and-run casual game in Myanmar that will debut a new gaming rewards model called Play-to-Eat, an innovation on the increasingly popular Play-to-Earn model. Through Play-to-Eat, all winning players from Myanmar can soon get free food vouchers that they can redeem on foodpanda, the leading food delivery service in Myanmar. Expect more innovations of this nature as RFOX MEDIA helps expand the utility of the RFOX token through partnerships for games, e-commerce, digital finance, and more industries, as well as through new solutions like the upcoming RFOX TV streaming service. 

Rene, COO of RFOX MEDIA commented:
“I’m extremely happy to be part of RedFOX Labs as we build out RFOX MEDIA. I am passionate about building products and services that improve people’s lives, and this is the right place to be. The RFOX MEDIA team is built on the back of the existing team of MYMEDIA and pulls on years of experience and a library of content. This gives us a strong headstart we need in a fiercely competitive landscape, especially as we expand our operations internationally.”

Ben Fairbank, CEO and Co-founder of RedFOX Labs, commented:

“The rebranding of MYMEDIA into RFOX MEDIA is the initial step towards applying our expertise in scaling technology and building integrations and interoperability, providing exponential value to a digital marketing platform that is ready to expand into Southeast Asia and beyond. Our acquisition of MYMEDIA earlier this year allows us to build out equivalent platforms in other countries in Southeast Asia, leveraging a Rolodex of global advertisers already using MYMEDIA  who are chomping at the bit to get exposure in the region. Southeast Asia has 360 million internet users, including 104 million aged between 25 to 34 — the most valuable age group  TO major advertisers.”

About RedFOX Labs

RedFOX Labs is a Southeast Asian venture builder that identifies and builds successful business models for the region’s markets. It is focused on unlocking the true market value of the Southeast Asian digital economy for high consumer demand services such as e-commerce, e-media, e-travel, and esports/gaming and focuses on adding value to the digital economy using emerging technologies such as blockchain. As a company, its value is tradable through its native token ($RFOX).

Read times
Rate this item
(1 Vote)