-->
×

Warning

JUser: :_load: Unable to load user with ID: 29


“ကိုဗစ်ကာကွယ်ဆေးမထိုးနဲ့” သုဘရာဇာကြော်ငြာ

ကိုဗစ်ကာကွယ်ဆေးကို အကြောင်းအမျိုးမျိုးပြပြီး ဆေးမထိုးဘဲနေသူများကို သုဘရာဇာက “ကိုဗစ်ကာကွယ်ဆေး မထိုးနဲ့” "Don't get vaccinated." ဟူသော စာတန်းကို ကားနောက်ဘက်ကိုယ်ထည်ပေါ်မှာ

စာလုံးကြီးများဖြင့် ဖော်ပြကာ ကြော်ငြာသည်။ အဆိုပါစာသားကို သုဘရာဇာ လုပ်ငန်း၏ ကြွေးကြော်သံသဖွယ် ဖော်ပြထားခြင်း ဖြစ်သည်။ ထိုကြော်ငြာတွင် မထင်မှတ်ထားသော မြှုပ်ကွက်များ ရှိနေသည်။


အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့တွင် တနင်္ဂနွေနေ့မှာ ဘောလုံးပွဲ သွားကြသည့်သူများ အသုံးပြုသည့် လမ်းပေါ်တွင် အမည်းရောင် ထရပ်ကားသည် သုဘရာဇာလုပ်ငန်း "Wilmore Funeral Home" ၏ ထရပ်ကားက ဘောလုံးပရိသတ်များကို မျှော်လင့်မထားသော တိုက်တွန်းချက်ကို အသိပေးခဲ့သည်။
“ကိုဗစ်ကာကွယ်ဆေး မထိုးနဲ့”
"Don't get vaccinated."

အမေရိကန်နိုင်ငံတွင် အလုပ်ရှင်အများအပြားတို့နင့် လူထုကျန်းမာရေး တာဝန်ရှိသူများသည် Covid-19 ကာကွယ်ဆေးကို ဆန့်ကျင်ပြီး ဆေးထိုးခံရန် ငြင်းဆန်နေကြသူများကို စိတ်ပြောင်းစေရန်အတွက် ငွေပေးခြင်း၊ စားစရာများ အခမဲ့ပေးခြင်း၊ အပန်းဖြေခရီး စီစဉ်ပေးခြင်း၊ ဘောလုံးပွဲကြည့်ရန် လက်မှတ်စီစဉ်ပေးးခြင်း စသဖြင့် နည်းလမ်းစုံဖြင့် ကြိုးပမ်းနေကြသည်။

အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေး အပြည့်ထိုးပြီးသူဦးရေသည် တိုင်းပြည်လူဦးရေ၏ ၅၄.၇% သာ ရှိနေသေးသည်။
ကြော်ငြာထရပ်ကား ပြသခဲ့သည့် နယူးအော်လင်းမြို့ တည်ရှိရာ မြောက်ကယ်ရိုးလိုင်းနား ပြည်နယ်တွင် ကာကွယ်ဆေးထိုးပြီးသူမှာ ပြည်နယ်လူဉီးရေ၏ ၄၈.၈ % သာ ရှိသေးသည်။

ကြော်ငြာအေဂျင်စီတစ်ခုက သမားရိုးကျ မာကက်တင်း မဟာဗျူဟာများထဲမှ နည်းလမ်းတစ်ခုကို သုံးစွဲပြီး လူအများတို့ ကာကွယ်ဆေးထိုးအောင် ကြော်ငြာသည်။ ထိုကြော်ငြာအတွက် ထရပ်ကားကို သုဘရာဇာလုပ်ငန်းတစ်ခု၏ ကားအဖြစ် အသုံးပြုသည်။
အကယ်စင်စင် "Wilmore Funeral Home" ဟူသည့် သုဘရာဇာလုပ်ငန်း မရှိချေ။ လုပ်ကြံဖန်တီးထားခြင်းသက်သက်သာ ဖြစ်သည်။
ကားပေါ်တွင် ပါသော ဝဘ်ဆိုက်လိပ်စာကို သွားရောက်ကြည့်ရှုလိုက်ပါက ကားပေါ်တွင် ရေးထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သော စာသားကို တွေ့ရမည် ဖြစ်သည်။

 

 Screenshot 2021-09-26 203010.jpg

အောက်ပါလင့်ကို ထိပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://wilmorefuneralhome.com/

“အခု ဆေးထိုးပါ”

“မထိုးရင် သင့်ကို မကြာခင်မှာ တွေ့မယ်”
ဟု ရေးသားထားသည်။ ဆေးမထိုးသဖြင့် ကိုဗစ်ကူးစက်ခံရပြီး အသက်ဆုံးရှုံးသည့်အခါ သုဘရာဇာနှင့် တွေ့ရလိမ့်မည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဝဘ်ဆိုက်သို့ ရောက်လာသူက "Get vaccinated now" အကွက်ကို နှိပ်လိုက်ပါက ဆေးထိုးရန် စာရင်းပေးသွင်းဖို့ စီစဉ်ပေးထားသည့် စာမျက်နှာသို့ ရောက်ရှိသွားမည် ဖြစ်သည်။

 

 Screenshot 2021-09-26 204105.jpg

 

လူအများအပြား လာရောက်မည့် ဘောလုံးပွဲသို့ လာရာလမ်းတွင် ထရပ်ကားဖြင့် ကြော်ငြာခဲ့ရာ ဘောလုံးပွဲအကြောင်းကိုသာမက ကြော်ငြာထရပ်ကားအကြောင်းကိုပါ ပြောဆိုဖြစ်ကြရာ ပျံ့နှံ့မှု မြင့်မားသွားခဲ့သည်ဖြစ်ရာ မီဒီယာများကလည်း သတင်းအဖြစ် ဖော်ပြကြသဖြင့် တစ်ကမ္ဘာလုံး သိကုန်သည့် ကြော်ငြာအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

ကြော်ငြာအေဂျင်စီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ David Oakley က “အများနည်းတူ ကြော်ငြာနေကျအတိုင်း ကြော်ငြာတာ အလုပ်မဖြစ်ဘူးလို့ ကျွန်တော် ထင်မိတယ်။ ဆေးထိုးပါ၊ ဆေးသွားထိုးလိုက်ပါ စတဲ့ ပုံမှန်အားဖြင့် အသိပေးတိုက်တွန်းတာတွေက အလုပ်မဖြစ်ဘူး” ဟု ပြောကြားသည်။


“ကျွန်တော်တို့ အခုလို လုပ်ဆောင်ရတာ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လူတွေ ဆေးထိုးပြီးတဲ့သူ ဖြစ်စေလိုတယ်။ တကယ်လို့ အခုလို ကြော်ငြာလိုက်တာကြောင့် တစ်ဦးတစ်ယောက် ဆေးထိုးဖြစ်သွားတယ်ဆိုရင်ပဲ အဲဒါ မဟာအောင်မြင်မှုလို့ ကျွန်တော် သတ်မှတ်တယ်။ တစ်ဉီးတည်း ထိုးတယ်ဆိုရင်တော့ ကျွန်တော် လုပ်ရကျိုးနပ်တယ်” ဟု Oakley က ပြောပြသည်။

 

safe_image (10).jpg

 

 

 

 

 

Read times
Rate this item
(0 votes)