-->
×

Warning

JUser: :_load: Unable to load user with ID: 29


Apple ရဲ့ မားကက်တင်း ထိုးချက် အလွဲ

Apple သုံးနေကျ စည်းကမ်းက ပြိုင်ဘက်ကို စကားထဲ မကြာခဏ ထည့်ပြောလေ့ မရှိဘူး။ ရံဖန်ရံချကျမှ ထည့်သုံးတယ်။ ရှိတော့ ရှိမယ် ရှားတယ်။

Apple ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ တွေမှာလည်း Apple အသစ်ထွက်မယ့် ထုတ်ကုန်သစ်တွေကို ပြောဆိုရှင်းပြတဲ့အခါ Apple ယခင်က ထုတ်ခဲ့တဲ့ ထုတ်ကုန်တွေနဲ့သာ နှိုင်ယှဉ်ပြီး ယခုထုတ်ကုန်က ယခင်ထုတ်ကုန်ထက် ဘာတွေ သာတယ်၊ ဘာတွေ ပိုကောင်းတယ်ဆိုတာကို ပြောပြလေ့ ရှိပါတယ်။
Apple ရဲ့ အထာက ထုတ်ကုန်သစ်ကို မိတ်ဆက်တဲ့အခါ ကင်မရာက ဘယ်လို အဆင့်မြှင့်ထားတော့ အရင် Apple ထုတ်ကုန်ထက် ဘာတွေ ပိုကောင်းနေသလဲဆိုတာ ရှင်းပြတယ်။ ချစ်ပ်က ဘယ်လို ပိုကောင်းတယ်ဆိုတာ ရှင်းပြတယ်။ တစ်နည်းပြောရရင် Apple ထုတ်ကုန် မျိုးဆက်သစ်ကို Apple ထုတ်ကုန်မျိုးဆက်ဟောင်းနဲ့ ယှဉ်ပြပြီး Apple ထုတ်ကုန်အသစ်က ပိုကောင်းနေလို့ အသစ်ကို ပြောင်းသုံးသင့်ကြောင်း တင်ပြပေးနေတာ ဖြစ်ပါတယ်။ မနှစ်က iPhone 12 လက်ထဲ ရှိတဲ့သူက ဒီနှစ်ထုတ်တဲ့ iPhone 13 ကို ဝယ်သင့် မဝယ်သင့်၊ ဝယ်ရင် ဘယ်လို ထူးခြားချက်တွေ အားသာချက်တွေ ရသွားမလဲဆိုတာ ချင့်ချိန်နိုင်အောင်ရယ်၊ အဟောင်းကို စွန့်ပြီး အသစ်ကို ဝယ်ချင်အောင်ရယ် ပွဲမှာ ရှင်းလင်းတင်ပြပြီး မားကက်တင်း ဆင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီနည်းဗျူဟာ အလုပ်ဖြစ်တယ်။ လက်ထဲ ပိုက်ဆံရှိလို့ကတော့ အသစ်ကို ပြောင်းကိုင်လိုက်မယ်။ အသစ်ကို အလိုက်ပေးပြီး လဲလိုက်မယ်။ စဉ်းစားတဲ့အခါ Apple ထုတ်ကုန် အဟောင်းနဲ့ အသစ်ကိုပဲ ယှဉ်ပြီး စဉ်းစားမိစေတယ်။ စိတ်က တခြား အင်ဒရွိုက်စမတ်ဖုန်းတွေ ထည့်မစဉ်းစားဖြစ်တော့ဘူး။ စဉ်းစားတာကို Apple မှာပဲ ကျုံးသွင်းထားတာ ခံလိုက်ရတယ်။ all-Apple, all the time ပြောပြသမျှ အကုန်လုံး Apple ထုတ်ကုန်တွေချည်းပဲ။ ပြောပြတဲ့တစ်ချိန်လုံးလည်း Apple ထုတ်ကုန်တွေချည်းပဲ။ Apple ထုတ်ကုန်တွေကလွဲလို့ တခြားကို စိတ်မရောက်စေနဲ့။

ယခုနှစ် ၂၀၂၁ စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ Apple ရဲ့ ပွဲမှာတော့ စည်းဖောက်ပြီး ပြောဆိုခဲ့တာမှာ အမှားအယွင်း ဖြစ်ခဲ့တယ်လို့ ထောက်ပြဝေဖန်ခံရတယ်။

 

apple worng jab.jpg

 

ယခုနှစ်ပွဲမှာ ခါတိုင်းနဲ့ မတူတာက အိုင်ဖုန်းတွေနဲ့ ပွဲကို စမဖွင့်ဘူး။ အိုင်ပက်နဲ့ စဖွင့်လိုက်တယ်။ နောက်ဆုံးထုတ် iPad အကြောင်း တင်ဆက်တယ်။ Apple ထုတ်ကုန်တွေနဲ့ချည်း ရှင်းပြသွားတယ်။ Apple ထုတ်ကုန် A13 Bionic ချစ်ပ်အကြောင်း ပြောတဲ့အခါမှာတော့ ထိုးချက်လွဲသွားခဲ့တယ်။ A13 Bionic ချစ်ပ်က အရောင်းရထိပ်ဆုံး Chromebook ထက် 3X (၃ဆ) မြန်တယ်။ အရောင်းရဆုံး Android tablet ထက် 6X (၆ဆ) မြန်တယ်လို့ ပြောပြသွားတယ်။

iPad အသစ်က အမြန်ဆုံး Chromebook ထက် ၃ ဆ မြန်တယ်လို့ ပြောမသွားဘူး။ အရောင်းရထိပ်ဆုံး Chromebook ထက် 3X (၃ဆ) မြန်တယ် လို့ ပြောသွားတယ်။ Chromebook တွေမှ ဈေးသက်သာတာတွေ ပိုရောင်းရလို့ အရောင်းရဆုံး ဖြစ်နေတယ်။ ဈေးသက်သာတဲ့အတွက် အရည်အသွေးပိုင်းမှာ လျော့နေတယ်။ အနိမ့်တန်းတွေ ဖြစ်လို့လည်း သက်သာတဲ့ ဈေးနှုန်းဖြင့် ရောင်းချပေးနေတာ ဖြစ်ပါတယ်။
အရောင်းရဆုံးဆိုတာတွေကို ကြည့်လိုက်ရင် လွန်ခဲ့တဲ့ မျိုးဆက် နှစ်ဆက်က Celeron N3350 ချစ်ပ်သုံးထားတဲ့Chromebook ကို တွေ့ရမယ်။

 

apple worng jab 2.jpg


Chromebook တွေထဲမှာ အနှေးဆုံးအမျိုးအစား Chromebook ထက် iPad အသစ်က ၃ ဆ မြန်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ ဖြစ်နေတယ်။
တစ်နည်းပြောရရင် ဘီးနှစ်ဘီးပါတာချည်း အတူတူ စက်ဘီးထက် ကျွန်တော့ မော်တော်ဆိုင်ကယ်က ၃ ဆ ပိုမြန်တယ်လို့ ပြောလိုက်သလိုမျိုး ဖြစ်နေစေတယ်။ 

ပိုဆိုးစေတာက Chromebook ရဲ့ အနှေးဆုံးနဲ့ပဲ နှိုင်းယှဉ်နိုင်တဲ့ iPad အသစ်လို့ နည်းပညာသမားတွေအကြား ပြောဆိုစရာ ဖြစ်သွားခဲ့တယ်။ Google က ဈေးသက်သာတဲ့ ဈေးကွက် အစိတ်အပိုင်းအတွက် ဈေးသက်သာအောင် တမင်ထုတ်ပေးထားတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဈေးကြီးတာ မတတ်နိုင်ပေမဲ့လည်း Google ရဲ့ Chromebook တွေမှာ သုံးစွဲထားတဲ့ Chrome OS ကို သုံးချင်တဲ့ Chrome OS fan ပရိသတ်အတွက် ဖြစ်ပါတယ်။
အခုလို ပြောဆိုရေးသားတင်ပြကြတာတွေကြောင့် Chromebook အကြောင်း ပြောဆိုရေးသားတင်ပြဖြစ်သွားကြပြီး Chrome OS ကို အရင်က သတိမထားမိတဲ့သူတွေ သတိထားမိသွားကြတယ်။ Chromebook ဆို ဝင်းဒိုး သုံးထားတာ မဟုတ်ဘူး။ ကိုယ်ပိုင် Chrome OS နဲ့ပါလားလို့ သိသွားသူတွေလည်း ရှိသွားစေပါတယ်။
အကောင်းဘက်က လှည့်တွေးရင်တော့ အိုင်ပက်အသစ်အကြောင်းလည်း ပြောဆိုဖြစ်သွားကြပါတယ်။

 

 

 

 

 

 

Read times
Rate this item
(0 votes)