-->
×

Warning

JUser: :_load: Unable to load user with ID: 29


စားသုံးသူတွေ စိတ်ထဲ စွဲကျန်ရစ်စေမယ့် Marketing နှင့် Brand

စားသုံးသူတွေ စိတ်ထဲ စွဲကျန်ရစ်စေမယ့်  Marketing နှင့်  Brand google.com

မားကတ်တင်း လို့ဆိုလိုက်တာနဲ့ ရောင်းချဖို့ရည်ရွယ်ချက်နဲ့ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုတို့ကို ဆက်သွယ်လုပ်ဆောင်ပေးသော လုပ်ငန်းစဉ်လို့ သတ်မှတ်ခေါ်ဝေါ်ကြတယ်။

ကုန်အမှတ်တံဆိပ်ဟာ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှု တို့ကိုရောင်းရုံတစ်ခုတည်းကို အာရုံစိုက်ဖန်တီးတာမဟုတ်ပါဘူး။

ကုန်ပစ္စည်း၊ ၀န်ဆောင်မှု နှင့်စားသုံးသူတွေကြားမှာ မပြောင်းလဲတဲ့ လုပ်ဆောင်ချက်၊ ဆက်သွယ်မှုကွန်ယက်ကို တည်ဆောက်တာပါ။

လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းတွင်းရော လုပ်ငန်းပြင်ပတွင်ပါ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စားသုံးသူတွေအတွက် ကုန်အမှတ်တံဆိပ်ရဲ့ ရည်မှန်းချက်နှင့် ကတိစကားတွေ မပြောင်းလဲဘဲတည်မြဲမှုကိုလည်း အမြဲစောင့်ကြည့်သင့်တယ်။

ကုန်အမှတ်တံဆိပ်ဟာ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်း သို့ ၀န်ဆောင်မှုတို့ ထပ်တူကျခြင်းကိုဆိုလိုပါတယ်။

နာမည်ဆိုတာ အဖွဲ့ တစ်ခုကို အဓိပ္ပာယ်ရှိရှိနဲ့ တံဆိပ်ကပ်ထားလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။

“လိမ္မော်သီးတစ်လုံးဟာ လိမ္မော်သီးတစ်လုံးပဲဖြစ်ပြီး လိမ္မော်သီးတစ်လုံးလို့သာသိကြတာပါ။ အဲဒီလိမ္မော်သီးက Sunkist ဖြစ်လာတော့မှ သောက်သုံးသူ ၈၀ ရာခိုင်နှုန်းက ယုံယုံကြည်ကြည်နဲ့ အသိအမှတ်ပြုလာကြတဲ့ နာမည်ဖြစ်လာတာပါ။

ဒီအတိုင်းပဲ Starbucks ကော်ဖီဆိုင်ကလည်း “ကော်ဖီဆိုရင် Starbucks ရှိတယ်” လို့ပြောနိုင်တဲ့အထိပေါ့။

ကုမ္ပဏီအနေနဲ့သူ့ရဲ့တံဆိပ်က ဘာကိုရည်ညွှန်းပြောဆိုချင်တာလဲဆိုတာကိုပါ သေချာစဉ်းစားရပါမယ်။

ကုန်ပစ္စည်းအသစ်တစ်ခုအနေနဲ့ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့နာမည်၊ အစီအမံအသစ်တွေနဲ့ ဆွဲဆောင်နိုင်တဲ့ ဖြစ်ရပ်တွေထုတ်ပြတတ်ဖို့လိုပါတယ်။

တခြားကုန်ပစ္စည်းတွေရဲ့ အဆန်းတကြယ်ဖန်တီးတာတွေကို လေ့လာသင်ယူပါ။ ငွေပေးပြီးကြော်ငြာရုံလောက်ကပစ်မှတ်နဲ့လွဲချော်သွားနိုင်တယ်ဆိုတာကိုလည်း လေ့လာသင်ယူပါ။

နောက်ဆုံးကုန်ပစ္စည်းအမည်ဟာ စားသုံးသူတွေ စိတ်ထဲထင်ကျန်နေအောင် အဘက်ဘက်ကပြီးပြည့်စုံအောင် တည်ဆောက်ယူရတာဘဲဖြစ်ပါတယ်။

Recommended for you-သုညကနေ စဖို့မလိုတော့ဘူး

Source; marketingmyanmar

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(2 votes)