-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီအချက်တွေကို ပြင်နိုင်ရင် သင်ဘယ်တော့မှမဆင်းရဲတော့ဘူး

ဒီအချက်တွေကို ပြင်နိုင်ရင် သင်ဘယ်တော့မှမဆင်းရဲတော့ဘူး google.com

ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက်(၁၀)နှစ်မှာ ကိုယ့်ရဲ့ အနာဂတ်ငွေရေးကြေးရေးကို ထိန်းချုပ်ထားနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီအချက်လေးတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့

သင်ဘယ်တော့မှမဆင်းရဲတော့ဘူးနော်...။

 

(၁) မစဉ်းစားပဲသုံးတယ်

"လိုအပ်တာ" နဲ့ "လိုချင်တာ" ကိုမခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ်။

ဒီတော့ ဒီအချက်က ကိုယ့်ဘ၀ရဲ့ ငွေရေးကြေးရေး ပြဿနာကိုဖြစ်စေပါတယ်။

 

(၂) ဘ၀ကို အကြွေးရှိအောင်လုပ်ခြင်း

သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနိမ့်ကျအောင် စုတ်ယူနေတာပါပဲ။

credit အကြွေး၊ ကဒ်တစ်ခုခုအကြွေး၊ အပြင်ကအကြွေး၊ အရစ်ကျပေးချေခြင်းအကြွေး စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကို တည်ဆောက်တာနဲ့ အတူတူပါပဲ။

ဒီတော့ ဒီအချက်က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးသက်ရောက်မှုများစွာပေးနိုင်မှာပါ။

 

(၃)ငွေရေးကြေးရေးအပိုင်း အသေးစိတ်မထိန်းနိုင်ခြင်း

ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း၊ အကြွေးဆပ်ရမယ့်ရက် အတိအကျမလုပ်ခြင်း၊ ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း၊

ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနစ်တကျမထိန်းသိမ်းနိုငခြင်း ဒီလိုမျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘ၀ကို ငွေရေးကြေးရေးပြဿနာရှိအောင်လုပ်နိုင်ပါတယ်။

ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘ၀ထဲ ၀င်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနစ်တကျထိန်းသိမ်းပါ။

 

(၄)အပိုငွေ-အလိုငွေတွေကို ဘယ်တော့မှ Plan မချခြင်း

ငွေရေးကြေးရေး Plan မချခြင်း၊ အနာဂတ်သုံးရမယ့် ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘ၀မှာ အရေးပေါ်ကိစ္စတွေကို အမြဲတမ်းကြုံစေပါတယ်။

 

(၅)စုငွေကို အထင်သေးခြင်း

စုငွေရဲ့ အဓိက အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ။

ဒါကြောင့် အရေအတွက်သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘ၀ အနာဂတ်အောင်မြင်မှုကို မရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့ တူတူပါပဲ။

 

(၆)ပန်းတိုင်မရှိတဲ့ ဘ၀ကိုလက်ခံတယ်

ပန်းတိုင်မရှိတဲ့ဘ၀က သံလိုက်အိမ်မြှောင်မရှိတဲ့ သင်္ဘောနဲ့ တူတူပါပဲ။

ဘ၀အစိတ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့ လမ်းကြောင်းလေးတွေရှိသင့်ပါတယ်။

ကိုယ်လိုချင်တဲ့ ငွေကြေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်။

 

(၇)ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး

ငွေက ငွေရေးကြေးရေးပြဿနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး။ 

ဒါကြောင့် ငွေရေးကြေးရေးအပိုင်းမှာတိုးတက်ချင်တယ်ဆိုရင် ငွေရေးကြေးရေးဗဟုသုတကိုရှာဖွေပါ။

သူငယ်ချင်းရေ.....

ဒီနေ့ကနေစပြီး ၀င်ငွေရှာပါ၊ ငွေဝင်ငွေထွက်ကို control လုပ်ပါ၊ ငွေစုပါ၊ ပြီးရင် အရင်းအနှီးလုပ်ပါ။

ဒီ(၇)ချက်ထဲမှာ သင်လုပ်တတ်တဲ့ အကျင့်လေးတွေရှိပါသလား?

ရှိရင် ရေးပေးခဲ့နော်.....။

Read-မိမိကိုယ်ကိုယ် ထက်မြက်ဖို့ ဘယ်လိုပျိုးထောင်မလဲ???

Credit; justpractice

Read times
Rate this item
(2 votes)