-->
×

Warning

JUser: :_load: Unable to load user with ID: 29


အာရှရဲ့ ဘယ်နိုင်ငံတွေမှာ စီးပွားရေးလုပ်ဖို့ အကောင်းဆုံးလဲ???

အာရှရဲ့ ဘယ်နိုင်ငံတွေမှာ စီးပွားရေးလုပ်ဖို့ အကောင်းဆုံးလဲ??? google.com

ကမ္ဘာ့ဘဏ်ရဲ့ မှတ်တမ်းများအရှစင်္ကာပူဟာ အာရှမှာ စီးပွားရေးလုပ်ကိုင်ဖို့ အကောင်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ နောက်မှာတော့ တောင်ကိုရီးယားက အမှီလိုက်နေပြီး ဘရူနိုင်း, ထိုင်း နဲ့ အိန္ဒိယ တို့ကတော့

စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ တိုးတက်မှုတွေရှိတယ်လို့ အသိအမှတ်ပြုခံထားရပါတယ်။

ဟောင်ကောင်၊ ထိုင်ဝမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကတော့ စီးပွားရေးလုပ်ဖို့ အကောင်းဆုံး နိုင်ငံစာရင်းရဲ့ ထိပ်ဆုံးပိုင်းမှာ ရပ်တည်နေပါတယ်။ နံပါတ် ၅ နေရာမှာ ဟောင်ကောင်၊ ၁၅ နဲ့ ၂၄ နေရာတို့မှာ ထိုင်ဝမ်၊ မလေးရှားတို့က အသီးသီးရှိနေပါတယ်။ စီးပွားရေးလုပ်ကိုင်ဖို့ ခိုင်မာတဲ့ တိုးတက်မှုတွေရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ Thailand ကတော့ နံပါတ် ၂၆ မှာ ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ စီးပွားရေးတတိယ အကောင်းဆုံး နိုင်ငံဖြစ်တဲ့ဂျပန် နိုင်ငံကတော့ စာရင်းရဲ့ ၃၄ နေရာမှာ ရပ်တည်နေပြီး ဘရူနိုင်း၊ မွန်ဂိုလီးယား တို့ကတော့ နံပါတ် ၅၆နဲ့ ၆၂နေရာတွေမှာ ရပ်တည်နေပါတယ်။ ဘရူနိုင်းဟာ စီးပွားရေးတိုးတက်မှု အရှိဆုံး နိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက်သတ်မှတ်ခြင်း ခံထားရပါတယ်။

တရုတ်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်က နေရာဖြစ်တဲ့ နံပါတ်၇၈ နေရာမှာရှိနေပြီး ၄င်းအထက်မှာရှိတဲ့ ဘူတန်, အင်ဒိုနီးရှား, ဗီယက်နမ် နိုင်ငံတွေကို အမှီလိုက်နေပါတယ်။

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ နီပေါ နဲ့ သီရိလင်္ကာတို့က ၁၀၀၊ ၁၀၅ နဲ့ ၁၁၁နေရာတို့မှာ အသီးသီးရှိနေပါတယ်။

အိန္ဒိယနိုင်ငံက ရောင်းလိုအားနဲ့ အဓိကရင်းနှီးမြှုပ်နှံသူတွေကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် အဆင့် ၃၀မြင့်တက်လာပါတယ်။ သို့သော် အိန္ဒိယနိုင်ငံက လုပ်ငန်းသစ်စတင်ခြင်း၊ စာချုပ်လိုက်နာခြင်းနဲ့ ဆောက်လုပ်ရေးခွင့်ပြုချက်တွေနဲ့ ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံကတော့ မကြာသေးမီက စီးပွားရေးလမ်းစများ ဖွင့်ပေးခဲ့တာကြောင့် အဆင့် ၁၇၁ နေရာမှာ ရောက်ရှိနေပါတယ်။ သို့သော် အာဆီယံနိုင်ငံဝင်တွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ကန်ဘောဒီးယား၊ လာအို နိုင်ငံတို့ထက်တော့ နောက်ကျနေပါသေးတယ်။

ပါကစ်စတန်က အဆင့် ၁၄၇မှာ ရပ်တည်နေပြီး စာရင်းရဲ့ အောက်ဆုံးနေရာမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရှိနေပါတယ်။

အထက်မှာ တင်ပြခဲ့သော အဆင့်တွေကတော့ ကမ္ဘာ့ဘဏ်ရဲ့ လွန်ခဲ့တဲ့၂နှစ် ဇွန်လက စတင်ပြီး ယခုနှစ်ဇွန်လ အထိအကျုံးဝင်တဲ့ အစီရင်ခံစာမှာ ဖြော်ပထားသော စာချုပ်လိုက်နာမှု၊ အခွန်နဲ့ ဒေ၀ါလီခံခြင်းဖြစ်စဉ်တွေ အပေါ်မူတည်ပြီး သုံးသပ်တာဖြစ်ပါတယ်။

 

 

Read times
Rate this item
(2 votes)