လူ့ဖြူအမျိုးသားရေးဝါဒဆိုင်ရာ ခွဲခြားပြောဆိုရေးသားမှုများကို ချီးကျုးပြောဆိုတာမျိုး ဒါမှမဟုတ် ထောက်ခံတာ၊ ကိုယ်စားပြုရေးသားတာမျိုးတွေကို ဖယ်ရှားပိတ်ပင်သွားမယ်လို့ လူမှုကွန်ယက် မီဒီယာ Facebook ကပြောကြားလိုက်ပါတယ်။
Facebook နဲ့ကုမ္ပဏီတစ်ခုတည်းဖြစ်တဲ့ Instagram ဟာလည်း လူ့ဖြူအမျိုးသားရေးဝါဒဆိုင်ရာ ခွဲခြားပြောဆိုရေးသားမှုများကို ဖယ်ရှားပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
Facebook မှ အကြမ်းဖက်အုပ်စုတွေရဲ့ အဖျက်၊ အမှောက် လုပ်ရပ်တွေကို ခွဲခြားစိတ်ဖြာပြီး ပိတ်ပင်မှုတွေဆောင်ရွက် ပြုလုပ်ရာမှာ တိုးတက်စေရန် ကတိပြုလိုက်ပါတယ်။
ရန်လိုသောအရေးအသားတွေနဲ့ ရှာဖွေမှုတွေပြုလုပ်ပါက လက်ယာအစွန်းရောက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်သော ပရဟိတ စာမျက်နှာသို့ရောက်သွားအောင် ဖန်တီးမှာဖြစ်ပါတယ်။
နယူးဇီလန်မှာပြုလုပ်သွားသော ဗလီနှစ်ခုကိုအကြမ်းဖက်မှုအား Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးနောက်မှာ လူမှုကွန်ယက်မီဒီယာ အပေါ်ဖိအားများလာခဲ့ပါတယ်။
သင့်ကြော်ငြာ Video ကို ကြည့်ရှုသူတွေများလာစေမယ့် အချက်များ
လူမျိုးရေးခွဲခြားမှုများမပါဝင်ပါက လူ့ဖြူအမျိုးသားရေးဝါဒများရဲ့ ရေးသားဖော်ပြချက်များကို လူမှုကွန်ယက်မီဒီယာကုမ္ပဏီက ခွင့်ပြုပေးထားပါတယ်။
လူဖြူတိုင်းရင်းသားပြည်နယ်များပေါ်လာရေး တောင်းဆိုရေးသားမှုများပင် လူမှုကွန်ယက်မီဒီယာများပေါ်တွင် ရှိလာခဲ့ပါတယ်။
ဒါပေမယ့် ၃လတိုင်အောင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပြီးနောက် အမျိုးသားရေးဝါဒများရဲ့ ရေးသားချက်များမှာ လူဖြူအမျိုးသားရေးကြီးစိုးမှုဝါဒနဲ့ မကွာကြောင်းဖော်ပြခဲ့ပါတယ်။
ဖွဲ့စည်းထားသော လူမျိုးရေးအမုန်းအုပ်စုများရဲ့ အထင်အမြင်များကို လူမှုကွန်ယက်ပေါ် ရောက်မလာစေရန် ပိတ်ပင်မှုများလုပ်မည်ဟု Facebook ကဆိုပါတယ်။
နိုင်ငံတော်တော်များများရဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုများက သူတို့ရဲ့ အယူအဆများကို လူမှုကွန်ယက်ပေါ်မှာ ဖြန့်ချီတက်ကြပါတယ်။
Source; The Voice
Myanmar Advertising Directory
သင်ဟာ Digital Marketing လုပ်ကိုင်နေသူတစ်ယောက်ဆိုရင် Facebook, Instagram, Twitter စတဲ့ Social Media တွေမှာ ကြော်ငြာဖို့ လိုလာပါပြီ။
ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ Social Media တွေခေတ်စားလာတာနဲ့အမျှ လုပ်ငန်းရှင်တွေဟာလည်း Digital Marketing ကိုလုပ်ကိုင်လာကြပါတယ်။
သင်ရဲ့ Business ကို Instagram မှာ Promote လုပ်ပေးမဲ့ ရသင့်တဲ့ ရလဒ်တွေ မရရှိခဲ့ဘူးဆိုရင်တော့ သင်ဟာ Instagram Feature တွေကို သေချာမသိသေးလို့ပဲ ဖြစ်ပါတယ်။
အခုဆိုရင် Instagram ဟာ နေ့စဉ်အသုံးပြုသူ 400 Million ရှိနေပြီ ဖြစ်ပါတယ်။ သင့်ရဲ့လုပ်ငန်းကို ရလဒ်ကောင်းတွေ ရရှိလိုပြီး လူအများဆီကို အမြင့်ဆုံး