စီးပွားရေးလုပ်ငန်းနဲ့ သက်မွေးပညာအားလုံးနည်းတူ၊ ကြော်ငြာလုပ်ငန်းမှာလည်း အခြေခံရှိပါတယ်။
ကြော်ငြာလုပ်ငန်းရဲ့ ဂုဏ်ပြုခံရသူတွေမော်ကွန်းမှာ ၄င်းဖောက်ဒေးရှင်းစတင်ခဲ့တဲ့ ၃၂ နှစ်အတွင်း ရွေးချယ်ခံရတဲ့အမျိုးသား ၈၄ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ရဲ့ စာရင်းကို တွေ့ပါလိမ့်မယ်။ အဲဒီ့စာရင်းမှာ စာစီသမား ၁၃ ယောက်ပဲပါတာကို ပြောပြဖို့တော့ ဝမ်းနည်းရပါတယ်။
စာစီသမားတွေဟာ အေဂျင်စီရဲ့ မြင်သာတဲ့ သူတွေမဟုတ်ကြပါဘူး။ ဒါပေမယ့်သူတို့က အရေးအပါဆုံးဖြစ်ပါတယ်။
ကြော်ငြာလောက အလုပ်အကိုင်တွေနဲ့ အလုပ် ဘယ်လိုရှာကြမလဲ
အောင်မြင်ဖို့အလားအလာကောင်းတဲ့ စာစီသမားတစ်ယောက်ရဲ့ ထူးခြားချက်တွေကတော့ -
၁။ ကုန်ပစ္စည်း၊ လူတွေနဲ့ ကြော်ငြာတွေအကြောင်းကို သိလိုစိတ်ပြင်းပြခြင်း။
၂။ ဟာသညဏ်ရှိခြင်း။
၃။ ကြိုးကြိုးစားစားလုပ်တတ်တဲ့အကျင့်။
၎။ ပရင့်မီဒီယာတွေအတွက် စိတ်ဝင်စားစရာ စကားပြေတွေ နဲ့ ရုပ်မြင်သံကြားအတွက် ပုံမှန်စကားပြောခန်းတွေ ရေးသားနိုင်ခြင်း စွမ်းရည်
၅။ ပုံဖော်စဉ်းစားနိုင်တဲ့ စွမ်းရည်၊ ရုပ်မြင်သံကြားကြော်ငြာတွေက စာသားတွေထက်စာရင် ပုံတွေအပေါ် အားပြုထားပါတယ်။
၆။ ပြီးခဲ့တဲ့ကမ်ပိန်းတွေအားလုံးထက် ပိုကောင်းအောင် ဖန်တီးမယ်ဆိုတဲ့ ရည်မှန်းချက်
ကြော်ငြာလုပ်ငန်းမှာ အန္တရာယ်များတဲ့ ဖန်တီးမှုရဲ့ အစွန်းတရား
Bates အေဂျင်စီက William Maynard ကပြောတယ်။ “ကောင်းပါတယ်ဆိုတဲ့ စာစီသမားတွေအများစုက နှစ်မျိုးကွဲသွားတယ်။ ကဗျာဆရာနဲ့ လူသတ်သမား။ ကဗျာဆရာတွေက ကြော်ငြာကို အဆုံးသတ်တစ်ခုလို မြင်တယ်။
လူသတ်သမားကတော့ အဆုံးသတ်ရဲ့ အဓိပ္ဗာယ်တစ်ခု ဖြစ်တယ်။ ခင်ဗျားဟာ ကဗျာဆရာလိုရော လူသတ်သမားလိုရော ဖန်တီးနိုင်ရင် ချမ်းသာပြီ။ ”
Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory
ကြော်ငြာအကူအညီနဲ့ ဈေးကွက်ချဲ့ထွင်နိုင်ပြီး မိမိကုန်ပစ္စည်းကို များများရောင်းနိုင်ခြင်း၊ ငွေမြန်မြန်ပေါ်ခြင်း စတာတွေကြောင့်
Advertising agencies တွေမှာ ကွဲပြားခြားနားတဲ့ လုပ်ငန်းတာဝန်တွေဖြစ်တဲ့ client contact (account management), buying (media), and ideas (creative) စသည်တွေဖြင့်ခွဲခြားပြီး တာဝန်ယူလုပ်ဆောင်ရပါတယ်။