မြန်မာ့စီးပွားရေးဘဏ်ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ရဲ့ အထောက်အပံ့ဖြင့် အဲဒီလုပ်ငန်းများရဲ့ နှစ်ဆင့်ထုတ်ချေးတဲ့ချေးငွေ (JICA MSME Two- Step Loan)ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်ထုတ်ချေးပေးနေပါတယ်။
ပြည်တွင်းမှာရှိတဲ့ SME လုပ်ငန်းရှင်တွေအတွက် City Mart, Gandamar Wholesale, ABC Retailer Chains တွေမှာ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြသ ရောင်းချပြီး ဈေးကွက် ချဲ့ထွင်လို့ရမယ့် အခွင့်အလမ်းတစ်ခု ရှိပါတယ်။