အခုမှ စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှူပြုလုပ်ရာမှာ ကိုယ်ရင်းနှီးမြုပ်နှံမှူပြုလုပ်တဲ့ စတော့အမျိုးအစားကို သိဖို့ ဆိုတာအရေးကြီးပါတယ်။
ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်ဟာ ရင်းနှီးမြှပ်နှံရေးနယ်ပယ်မှာ ဘုရင်တစ်ဆူဖြစ်ပါတယ်။ သူ့ရဲ့ ရင်းနှီးမြှပ်နှံရေးဆိုင်ရာ နည်းလမ်းတွေဟာဆိုရင် ရင်းနှီးမြှပ်နှံမှုနယ်ပယ်ထဲ ဝင်ရောက်မယ့် လုပ်ငန်းရှင်တွေအတွက် အတုယူစရာကောင်းတဲ့ နည်းလမ်းတွေပါပဲ။ ဒီနည်းလမ်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ်သိတဲ့ နေရာမှာ မြှပ်နှံပါ
စတော့ခ်တစ်ခုမှာ ရင်းနှီးမြှပ်နှံမှုမလုပ်ခင် အရေးအကြီးဆုံးအချက်က ကိုယ်ရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီကဘာလဲ၊ ငွေဘယ်လို ရှာနေလဲဆိုတာကို တကယ်သိဖို့ပဲလို့ ဝါရင်းဘတ်ဖတ်က ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က နည်းပညာစတော့ခ်ရှယ်ယာတွေမှာ ရင်းနှီးမြှပ်နှံဖို့ ရှောင်တာပါ။ အကြောင်းကတော့ နည်းပညာကုမ္ပဏီတွေရဲ့ စီးပွားရေးပုံစံကို သူအပြည့်အဝနားမလည်တာကြောင့် ဖြစ်ပါတယ်။
၂။ စတော့ခ်မဝယ်ခင် စံနှုန်းတွေစာရင်းပြုပါ
ဘတ်ဖတ်ဟာ စတော့ခ်တစ်ခုရဲ့ တန်ဖိုးကို စံနှုန်းတစ်ခုတည်းနဲ့ ကြည့်ပြီး ဝယ်ဖို့ မဆုံးဖြတ်ပါဘူး။ တတ်နိုင်သမျှ စတော့ခ်တစ်ခုကို ဝယ်သင့်မဝယ်သင့် စံတွေနဲ့ငြိမှ သူဟာရင်းနှီးမြှပ်နှံမှု လုပ်ပါတယ်။ သူဟာ Price To Earning အချိုးကို အမြဲဂရုစိုက်တယ်လို့ ဆိုပါတယ်။
စီးပွားရေးစပ်တူလုပ်ကိုင်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ
၃။ အကြပ်ဆိုက်နေချိန်မှာ ကြံ့ကြံ့ခံဖို့
ရင်းနှီးမြှပ်နှံသူတွေဟာ အမြဲလိုလို အခက်အခဲတွေနဲ့ လက်ပွန်းတတီးဖြစ်နေတဲ့ သူတွေပါ။ စီးပွားရေးကြပ်တည်းနေတဲ့ ကာလမျိုးမှာ တောင့်ခံထားနိုင်ဖို့ ဘတ်ဖတ်ဟာ အမြဲပြင်ဆင်ထားပါတယ်။ စီးပွားရေးပျက်ကပ်ကာလနဲ့ ပျက်ကပ်အပြီးမှာ အခွင့်အလမ်းတွေကို သူရအောင် ရှာခဲ့ပါတယ်။ သူ့မှာက ရင်းနှီးမြှပ်နှံမှု အတွေ့အကြုံက ဆယ်ကျော်သက်အရွယ်ကတည်းက ရှိထားခဲ့တာပါ။
၎။ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတာကို စိတ်မပူနဲ့
ဘတ်ဖတ်ကတော့ စတော့ခ်ဈေးကွက်ဟာ ဆယ်စုနှစ်တစ်ခုလောက် Shut Down ဖြစ်သွားရင်တောင် လက်ထဲမှာ ကိုင်ပျော်တဲ့စတော့ခ်ပဲ ဝယ်ဖို့အဆိုပြုပါတယ်။ စတော့ ဈေးနှုန်းတွေဟာ ပြောင်းလဲမြဲ ပြောင်းလဲနေတာဖြစ်ပြီး ကုမ္ပဏီရဲ့ စီးပွားရေးဟာ အကောင်းဘက်ကို သွားနေတုန်းပဲဆိုရင် ဒါကို စိတ်ပူစရာ မလိုဘူးလို့လည်း သူက ဆိုပါတယ်။
၅။ သုတေသနလုပ်ပါ
ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်လာရင် ဘတ်ဖတ်ဟာ ကိန်းဂဏန်းတွေပေါ် အားကိုးပါတယ်။ အချက်အလက် အကြမ်းတွေကို စိစစ်ပြီး ကိန်းဂဏန်းတွေ ဖြစ်လာချိန်မှာ သူ ဘာကို ဆုံးဖြတ်ရမလဲဆိုတာကို ကြည့်ပါတယ်။ ဘတ်ဖတ်ဟာ တစ်နေ့ကို နာရီပေါင်းများစွာကြာအောင် သုတေသနလုပ်တယ်။ စာရေးတယ်။ ဈေးကွက်သစ်တွေကို ဖော်ထုတ်ပြီး လေ့လာထားတာ ဖြစ်လို့ တစ်ခုခုကို အမြန်ဆုံးဖြတ်လုပ်ဆောင်ရမယ်ဆိုရင် သူ့ ဘက်က ပြင်ဆင်ပြီးသား ဖြစ်နေပါတယ်။
Source; Kwee
Myanmar Advertising Directory
အသက် ( ၅၅ ) ရှိပြီဖြစ်တဲ့ Jack Ma ဟာ တရုတ်ပြည်ရဲ့အချမ်းသာဆုံး ဘီလျှံနာတစ်ယောက်ဖြစ်ပြီး အလီဘာဘာလုပ်ငန်းစုကြီးရဲ့တည်ထောင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးအဖွဲ့အစည်းများအား အားပေးရန် အများနဲ့ အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနဲ့ လူမှုရေးအကျိုးမျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်ရှိသည့် အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများအတွက် စီမံကိန်း အသစ် ( ၂ ) ခုတွင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ပူးပေါင်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ဓနအဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။
စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် Business Exit Strategies ဆိုတဲ့ ဟောပြောပွဲတစ်ခုကို လာမယ့် မတ်လ ၃၁ ရက် ( တနင်္ဂနွေနေ့ ) မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI ပထမထပ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၃၀ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာ့စီးပွားရေး အကောင်းဆုံး နိုင်ငံတွေ ဖြစ်လာနိုင်တဲ့ နိုင်ငံ ( ၁၀ ) နိုင်ငံရဲ့ စာရင်းကို လန်ဒန်မှာရှိတဲ့ Standard Chartered ( 2030 Projections ) Multinational Bank က ထုတ်ပြန် ကြေညာလိုက်ပါတယ်။