ကမ္ဘာ့အကြီးမားဆုံး စာအုပ်ဈေးပွဲတော်ကြီးဖြစ်သည့် Big Bad Wolf Books မှ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် အွန်လိုင်းစာအုပ်ဈေးရောင်းပွဲတော်အကြောင်းနှင့် လာမည့်အနာဂတ်အတွက် ၎င်းတို့၏ အစီအစဉ်များနှင့် ပတ်သက်၍ အကြောင်းအရာများကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက်ကျင်းပမည့် BIG BAD WOLF စာအုပ်ဈေးရောင်းပွဲတော်ကြီးကို အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် ကျင်းပသွားမယ်လို့သိရှိရပါသည်။
စာအုပ်စာအေပ ချစ်မြတ်နိုးသော သူများအနေဖြင့် စာအုပ်ပေါင်းသန်း ၁ မီလီကျော်ရှိတဲ့ Big Bad Wolf စာအုပ် အရောင်းပွဲတော်ကြီးကို မသွားမဖြစ်သွားကိုသွားရောက်လေ့လာသင့်ပါတယ်။စာအုပ်တွေရဲ့ဈေးက သင့်လျှော်တဲ့အပြင် အရောင်းရဆုံးစာအုပ်များ၊ ဂန္တဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ်ဝတ္ထုများ၊ သုတစာပေများ၊ သရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာနှင့် ဟင်းချက်နည်းဆိုင်ရာစာအုပ်များအပြင် အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း (၁) သန်းကျော်အား မူရင်းဈေး၏ (၅၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ ကလေးများအတွက်လည်း ပုံပြင်စာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပြစာအုပ်များအပြင် အပြန်အလှန်လေ့ကျင့်သင်ကြားပေးသည့်စာအုပ်များ စသည်ဖြင့် အမျိုးအစားစုံလင်စွာ ဝယ်ယူရရှိနိုင်ပါတယ်။