-->
×
Warning
JUser: :_load: Unable to load user with ID: 29
တီဗွီ၊ဒီဂျစ်တယ် ကြည့်ရှုသူနှင့်ကြော်ငြာများ၊ပုံနှိပ်ခြင်းများ Coronavirusကြောင့် အကျိုးသက်ရောက်မှုရှိ
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Coronavirus ဖြစ်ပွားမှု ကာလအတွင်း ရောင်းအားမြင့်တက်မှုရဲ့'Winner'ကို Corona Beer ရရှိ
Nielsen ၏ အချက်အလက်များအရ အလှအပတံဆိပ်များသာမက အိမ်သာစက္ကူ၊ပိုးသတ်ဆေးနှင့် အသင့်စား အစားအစားများကို ထိန်းမရအောင် ပိုမို ဝယ်ယူခြင်းများရှိသောကြောင့် ဈေးကွက်မှာ ကြီးမားတဲ့ရောင်းချမှုတွေဟာ ဖြစ်ပေါ်နေပါတယ်။နောက်ဆုံးပေါ် Nielsen နံပါတ်များသည် ထုပ်ပိုးထားသော ကုန်ပစ္စည်းအမှတ်တံဆိပ်များ အတွက် ဖြစ်ပါတယ်။ ၎င်းတို့သည် သင် ထပ်ခါထပ်ခါ မတွေ့ရတော့မည့် အရာများဖြစ်ပြီး coronavirus ဘေးအန္တရာယ်နှင့် အလှကုန်အမှတ်တံဆိပ်များကြား ဈေးကွက် အရှုံးသမားများကြောင့် တခါတရံ အံ့သြစရာကောင်းလောက်အောင် ကြီးမားသော အောင်မြင်သူများရှိလာပါတယ်။
ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းက ထပ်မံဝယ်ယူတော့မှာ မဟုတ်ဘူး ဟု ပြောကြားခဲ့ကြပါတယ်။Corona ဘီယာအတွက် ဈေးကွက်ပျက်စီးခြင်းကို ကြိုတင်ခန့်မှန်းထားသည့် 5WPR စစ်တမ်းကိုသတိရပါသလား။ အဲဒါကိုမမေ့ပါနဲ့ Credit Suisse မှ Nielsen ရဲ့အချက်အလက်များအရ Corona ပိုင်ရှင် Constellation Brands သည် ရောင်းအား ၃၉ ရာခိုင်နှုန်းမြင့်တက်ကာ Corona မိသားစုဦးဆောင်သော ရောင်းအားသည် ၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ကြည့်ရသည်မှာ Corona ဘီယာသည် Zoom happy hours ၌ လူကြိုက်များနေခြင်းကြောင့်ဖြစ်ပါတယ်။
Evercore ISI ရဲ့ Nielsen ၏ အချက်အလက်များအရ မတ်လ ၁၅ ရက်တွင် အဆုံးသတ်သည့် ရက်သတ္တပတ်က အထိတ်တလန့်ဖြစ်မှုသည် မတ်လ ၂၂ ရက်တွင် အဆုံးသတ်ခဲ့တဲ့ ၎င်းရက်သတ္တပတ်များအတွင်း ဝယ်ယူမှုအလွန်အမင်းမြင့်တက်နေဆဲဖြစ်ပါတယ်။ Winnerဆုကို ဦးဆောင်နေသူမှာ Kimberly-Clark Corp. ဖြစ်ပြီး အိမ်သာသုံးစက္ကူ အမှတ်တံဆိပ်ဖြစ်သည့် Scott နှင့် Cottonelle တို့က မတ်လ ၁၅ ရက်ရဲ့ ကုန်ဆုံးသည့်ရက်သတ္တပတ်၌ ရောင်းအား ၁၆၀ ရာခိုင်နှုန်း နှင့်မတ်လ ၂၂ ရက်တွင် တစ်ပတ်လျှင် ရောင်းအား ၉၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
အခြားအကျိုးအမြတ်ရရှိသူများမှာ RB (Lysol နှင့် Mucinex ရဲ့ထုတ်လုပ်သူ Reckitt Benckiser) ဖြစ်ပြီး ၁၄၈ရာခိုင်နှုန်းနှင့် ၉၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။၂ပတ်အတွင်းမှာClorox Co., ၁၂၅/၉၁အထိတက်လာပြီး Procter & Gamble ကုမ္ပဏီ (Charmin၊ Bounty နှင့် Pampers ကိုထုတ်လုပ်သူ)၁၀၉/၆၈ အထိ၊ Colgate-Palmolive Co. (သွားတိုက်ဆေးနှင့်ဆပ်ပြာ) ၉၀/၈၀ အထိနှင့် ရက်သတ္တပတ်နှစ်ပတ်ရဲ့ ဒုတိယအကြိမ်တွင် ရောင်းအားကို အနည်းငယ် အရှိန်မြှင့်လာသော Kraft Heinzသည် ၇၅/၈၆ အထိ အသီးသီးမြင့်တက်လာခဲ့ပါတယ်။
ဧပြီလမှာ ကြော်ငြာဈေးကွက်ရဲ့ ၅၀ရာခိုင်နှုန်းကျဆင်းမှုနဲ့ ရင်ဆိုင်ရမယ့် UKကြော်ငြာဈေးကွက်
ဤအတောအတွင်း အလုပ် သို့မဟုတ် ကစားခြင်း စသည်ကို အိမ်မှ ပြုလုပ်နေကြရတဲ့အတွက် beautyအမှတ်တံဆိပ်ဟာ ဖောက်သည်တွေနဲ့တဖြည်းဖြည်း ဝေးကွာနည်းပါးလာတယ်လို့ ခံစားနေရပါတယ်။ Evercore / Nielsen တွင် လွန်ခဲ့သော သီတင်းပတ်က ရောင်းအား ၉ ရာခိုင်နှုန်း မြင့်တက်ပြီးနောက် L'Oreal ရဲ့ ရောင်းအားသည် မတ်လ ၂၂ ရက်တွင် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ Coty ရောင်းအားသည် ပြီးခဲ့သည့်အပတ်က ၉ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ဒုတိယအပတ်တွင် ၁၇ ရာခိုင်နှုန်း ထပ်မံ ကျဆင်းသွားပါတယ်။
"ဒီအချိန်မှာ အောင်မြင်သူများ" သည် ကာလတို အကျိုးအမြတ်ကို ရည်ညွှန်းနေတယ်လို့ စိတ်ထဲခံစားနေကြပြီး ရောင်းဝယ် ဖောက်ကားသူများသည် အခွင့်အရေးယူရန် မလိုတော့သည့် အတွက် စိတ်မချမ်းမသာဖြစ်နေပြီး Third Party ရောင်းချသူများက အွန်လိုင်းပေါ်တွင် ဈေးနှုန်းများ တတ်နိုင်သလောက် တက်လာသည်နှင့်အမျှ၊ ဈေးကွက်သမားများအနေဖြင့် အကျပ်အတည်းကာလအတွင်း စတိုးဆိုင်များကို ဖြည့်ရန် ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးမှုများကို ဖွင့်ထုတ်ရန် လိုအပ်ပါတယ်။ အပတ်အနည်းငယ်အတွင်း အရောင်းအဝယ်များသည် သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
ထို့အပြင်အထက်တွင် ဖော်ပြထားသော ကုမ္ပဏီများအားလုံးသည် ကုသိုလ်ဖြစ်ပေးဆပ်မှုကို တိုးမြှင့်လုပ်ကိုင်ခဲ့ပြီး အချို့သော အလုပ်များသည် ကျန်းမာရေးလုပ်သားများအတွက် လက်သန့်ဆေးများ၊maskများ သို့မဟုတ် လိုအပ်သော အသုံးအဆောင်များကို ပြုလုပ်ပေးခဲ့ကြပါတယ်။
Reference Source:AdAge
Myanmar Advertising Directory
Published in Global
ဒီအတောအတွင်းမှာ US ရှိ Coronaက ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လက်ရှိ ကြောက်ရွံ့မှုများကြောင့် hard seltzers အသစ်အတွက် အွန်လိုင်း ကြော်ငြာကို မသင့်လျော်ဘူးလို့ သတ်မှတ်ပြီး နောက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြပါတယ်။
Pradaရဲ့ အောင်မြင်နေမှုကို ဖြတ်တောက်လိုက်တဲ့ Coronavirus
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Corona Beerဟာ Coronavirus ဖြစ်ပွားနေချိန်မှာ ဒေါ်လာ ၂၆၀ မီလီယံထိ ရောင်းအားတက်ခဲ့
ကမ္ဘာ့အကြီးဆုံးဘီယာ ကုမ္ပဏီဖြစ်သော Brewer Anheuser-Busch InBev (AB InBev) က Coronavirus ကမ္ဘာပေါ် ပျံ့နှံ့ဖြစ်သွားမှုကြောင့် Corona Beer ရဲ့ရောင်းအားသည် ဒေါ်လာ ၂၆၀ မီလီယံထိ ရောက်ရှိခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။
လူအများစုက ဘီယာသောက်ခြင်းက ဗိုင်းရပ်စ် ကိစ္စနဲ့ ပက်သက်နေတယ်လို့ ထင်မြင်နေကြပါတယ်။
ပြီးခဲ့တဲ့ လက Corona lager ကို “beer virus” နှင့် “Corona beer virus” ရှာဖွေသူများသည် ၁၁၀၀ ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်း Google ကပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံအခြေစိုက် AB InBev က Corona ၊Budweiser နဲ့ Stella Artois အပါအဝင် ကမ္ဘာ့ရောင်းအားအကြီးဆုံး ဘီယာအမှတ်တံဆိပ်အချို့ကို ထုတ်လုပ်ခဲ့ပါတယ်။
ဘီယာကုမ္ပဏီက ယခုနှစ် ပထမသုံးလပတ်ဝင်ငွေသည် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်တယ်လို့ တင်ပြခဲ့သဖြင့် AB InBev ရဲ့ရှယ်ယာ ၈ ရာခိုင်နှုန်းအောက်ဟာ အရောင်းအဝယ်ဖြစ်နေကြပါတယ်။
AB InBev ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာချက်တစ်ခုမှာ“ Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေး အပေါ်သက်ရောက်မှုများက ဆက်လက်ဖြစ်ပေါ်နေပါတယ်။"
“ ရောဂါဖြစ်ပွားမှုက တရုတ်ရဲ့ on-premiseနဲ့ in-homeချန်နယ်တွေမှာ ဝယ်လိုအားကို သိသိသာသာ ကျဆင်းသွားစေပါတယ်။ဒါ့အပြင် တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ဝယ်လိုအားက ယခင်နှစ်များထက်နည်းနေပြီး၊ ဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ တိုက်ဆိုင်နေပါတယ်။"
ဒီအတောအတွင်းမှာ US ရှိ Coronaက ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လက်ရှိ ကြောက်ရွံ့မှုများကြောင့် hard seltzers အသစ်အတွက် အွန်လိုင်း ကြော်ငြာကို မသင့်လျော်ဘူးလိ့ု သတ်မှတ်ပြီး နောက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြပါတယ်။
၎င်းကြော်ငြာက “coming ashore soon”နဲ့ အတူကြော်ငြာမှာဖြစ်ပါတယ်။
Coronavirus ပျံ့နှံ့ဖြစ်ပွားနေချိန်မှာ တစ်ထောင့်တစ်နေရာကနေ ကူညီအားဖြည့်ပေးတဲ့ အလှကုန်ပစ္စည်း Brand (၈)မျိုး
မည်သို့ပင်ဆိုစေကာမူ တွစ်တာ အသုံးပြုသူများက ၎င်းအခြေအနေများကြောင့် tagline ကိုမကျေမနပ် ဖြစ်နေကြပါတယ်။
လူအများက ၎င်းကြော်ငြာကို“ အလွန်ညံ့ဖျင်းသောအရသာ” "in extremely poor taste" လို့ ခေါ်ကြပြီး ကုမ္ပဏီကို“ ပိုမိုကောင်းမွန်သောလုပ်ဆောင်မှု” “do better” ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
“ တကယ့် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကို အမြတ်ထုတ်တဲ့အတွက် ခင်ဗျားတို့ကိုရှက်တယ်။ နောက်တစ်ခါ ဘီယာဝယ်လိုက်ရင် Corona ဖြစ်မှာမဟုတ်ဘူး။"လို့ စာများရေးသားခဲ့ကြပါတယ်။
သို့သော် Brandက ဝေဖန်မှုလုံးဝမရှိခဲ့ပါဘူး။ Business Insider ကိုပြောရေးဆိုခွင့်ရှိသူတစ် ဦး က“ Corona နဲ့ ကျွန်တော်တို့ရဲ့ ကြော်ငြာက လွန်ခဲ့တဲ့ အနှစ် ၃၀ လုံးလုံးလှုပ်ရှားခဲ့သောလှုပ်ရှားမှုနဲ့ ကိုက်ညီပြီး စားသုံးသူတွေရဲ့ စိတ်ပေါ် မူတည်ပါတယ်။
"ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့သူတွေကိုစာနာမိပြီး အခြေအနေကိုဆက်လက်စောင့်ကြည့်နေတုန်းမှာ ကျွန်တော်တို့ရဲ့စားသုံးသူတွေကဒီဗိုင်းရပ်စ်ပိုးနဲ့ ကျွန်တော်တို့ရဲ့စီးပွားရေး အကြားဆက်နွယ်မှုမရှိဘူးဆိုတာ ကိုနားလည်သဘောပေါက်ပါတယ်"လို့ပြောကြားခဲ့ပါတယ်။
Reference Source: Bandt
Myanmar Advertising Directory
Published in Global
ရွှေရောင်လက်မှတ် :McDonald's သည် သူ၏မိုနိုပိုလီကစားသမားများအတွက် ဆုအသစ်အနေဖြင့် VIPကတ်အဖြစ် ရွှေရောင်လက်မှတ်ကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းလက်မှတ် သည် နှစ်တစ်နှစ်၏ အပတ်စဉ်တိုင်း အစားအစာများ အလကားရရှိမည့် အစီအစဉ်ကို ယခုလတွင် စတင်ခဲ့ခြင်
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Corona Virus ဟာ Corona ဘီယာအား မချေပ နိုင်ခဲ့
တိုင်းပြည်အသီးသီးမှ ကိုရိုနာရောဂါဖြစ်နေပေမဲ့လည်း ကိုရိုနာ ဘီယာရဲ့ အရောင်း ပိုင်း ဆိုင်ရာမှာ ယခင်က ထက်ရောင်းအား တက်နေပါတယ်လို့သိရပါတယ်။
ပြောရရင် ဟိုးတလောက သတင်းတစ်ခု တက်ခဲ့ပါတယ် အရက် ဘီယာ သောက်ခြင်းက ကိုရိုနာ ရောဂါပိုးကို မကူးစက်စေနိုင်ပါဘူး ဆိုတဲ့ သတင်းပေါ့ ။
ထိုသတင်းက ယာမကာ လုလင်တို့ရဲ့ နှလုံးခိုင်ကို လုပ်ခက်စေကာ အရက် ဘီယာတွေ ထိုစဉ်ကတည်းက ရောင်းအားတက်ခဲ့ပါတယ်။
ပြိုင်ဘက် Daxကိုယှဉ်ပြိုင်ရန်အတွက် Octave ဒီဂျစ်တယ်အသံကို ပြသခဲ့သည့် Wireless နှင့်Bauer Media
အဆိုပါရောဂါ မှာ ဘီယာနဲ့ နာမည်ချင်းတူညီမူ့ကြောင်း Corona ဘီယာအနေနဲ့ Brand Awareness များစွာ ရရှိလာပါတယ်။
ထို့အပြင် လူငယ်တစ်ချို့မှာ ၎င်းတို့ရဲ့ Social Media များ ပေါ်တွင် meme လုပ်တင်မှု့ကလည်း Corona ဘီယာကို Promote လုပ်ပေးသလိုပါပဲ။
ယခု လတ်တလောမှာတော့ Corona ဘီယာ ဘက်မှ Marketing အရာရှိ က Corona ရောဂါနဲ့ ကျွန်တော်တို့ ဘီယာက ချိတ်ဆက်မူ့တော့မရှိပါဘူး ဒါပေမဲ့ Corona virus နဲ့ Corona Beer ကြော်ငြာ Campaign တစ်ခု စတင်ဖို့ စိတ်ရှိနေပါတယ်လို့ သိရပါတယ်။
မက်ဆီကန် ဘီယာ ဖြစ်တဲ့ Corona ဘီယာဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကတည်းက ၎င်းတို့ လုပ်ငန်းစုရဲ့ ကြော်ငြာရေးရာ တွေကို ဆောင်ရွက်ခဲ့တယ်သိရပြီး နာမည်တည်ဆောက်ထားနိုင်တဲ့ Brand တစ်ခုပါ။
Reference Source: Internet
Myanmar Advertising Directory
Published in Global