-->
×

Warning

JUser: :_load: Unable to load user with ID: 29

Facebook လုပ်ငန်းစုမှ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားချက် အရ ၎င်းတို့အနေနဲ့ ဩစတေးလျ မှ သတင်းနဲ့ စာပိုဒ်များ ရေးသားသူများ အား ၎င်းတို့ ပလက်ဖောင်းပေါ် တင်နေခြင်း အပေါ် ပိတ်ပင်တော့မည်ဖြစ်ပါကြောင်း အကယ်၍သာအဆိုပါ Facebook ပလက်ဖောင်းပေါ် ဩစတေးလျနိုင်ငံသားများ သတင်းနဲ့ စာပိုဒ် တင်ခြင်းကို အခကြေးငွေ ပေးရမည်ဆိုပါက ဩဇီ အစိုးရနဲ့ တင်းမာ မှုတွေရှိလာမှာ စိုရိမ်းသောကြောင့်ဟု သိရပါသည်။

Published in Digital Marketing

ဂျာမန်နိုင်ငံရဲ့ မုန့်အချိုမျိုးစုံလုပ်ငန်းရှင် အဖွဲ့အစည်း မှ မုန့်အချိုကြော်ငြာ များ ပိတ်ပင်ခြင်းအပေါ် ၎င်းတို့အနေနဲ့ ယူဆချက်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံရေးသမားဖြစ်တဲ့ Kristen Kappert-Gonther က မုန့်အချိုကြော်ငြာ များကို ပိတ်ပင်ဖို့ အဆိုတင်သွင်းတယ်သိရပြီး ဂျာမနီနိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ အဝလွန်ခြင်းပြဿနာကို ဖြေရှင်းကိုင်တွယ်ဖို့အတွက်ပိတ်ပင်ခဲ့တယ်လို့သိရပါသည်။

 

အခုဆိုရင် မုန့်အချိုနဲ့ ပတ်သက် ကြားရတဲ့ ထုတ်ပြန်ချက် သတင်းများအရ ဗြိတိန်အစိုးရဟာလည်းပဲ ကျန်းမာရေး မကောင်းစေတဲ့ အစားအစာ ( အဆီပါဝင်တဲ့ အစားအစာ ) ကြော်ငြာများနှင့်ပတ်သက်လို့ စံကန့်သတ်ချက်တွေပြောင်းလဲကျင့်သုံးပေးမယ်သိရပါတယ်။အချိုဓာတ်ပါသော အစားအစာများရဲ့ကြော်ငြာများ ( Sugar or Salt / HFSS )ဟာ တယ်လီဗီးရှင်း နဲ့ အွန်လိုင်းမှာ အမြဲရှိနေကာ ည ကိုးနာရီမတိုင်ခင်ထိ ကလေးသူငယ်အများစုက နှစ်ခြိုက်စွာကြည့်ကြတယ်သိရပါတယ်။

 

ဂျာမနီနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းကလည်း အခုဆို ဗြိတိန် နိုင်ငံ အစိုးရ ကဲ့သို့ ပုံစံတူ အရေးယူဆောင်ရွက်နေတယ်သိရပါတယ်။ မုန့်အချိုမျိုးစုံလုပ်ငန်းရှင် အဖွဲ့အစည်း ( BDSI ) မှ ပြောကြားချက် ကတော့ '' အဝလွန်ခြင်းတွေအဖြစ်များနေတာက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ နည်းလမ်းပေါင်းစုံရှိပါတယ် , အ၀ လွန်ခြင်း ဖြစ်ရတဲ့ အကြောင်းအရာက လေ့ကျင့်ခန်းလုပ်တာ နည်းလို့လည်း ဖြစ်နိုင်သလို အစားအစာ ဓာတ် မမျှတလို့လည်းဖြစ်နိုင်ပါတယ် သို့ မျိုးရိုး ဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ် '' ဟုပြောကြားသွားခဲ့ပါသည်။

 

တကယ်တန်းမှာ အချိုဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းနဲ့ ကြော်ငြာ ခြင်းတွေက ဘာမှထွေထွေထူးထူး ပြသနာမဟုတ်ပါဘူး တကယ်တမ်းမှာ ကလေးများနဲ့ လူငယ်များကို ကြော်ငြာ တွေရဲ့ အကြောင်းအရာ ၊ အဓိပ္ပာယ် ကို နားလည်အောင်ကျောင်းသင်ခန်းစာ အဖြစ်သင်ထားမယ်ဆိုရင် သူတို့အနေနဲ့ မီဒီယာပိုင်းဆိုင်ရာ အတတ်ပညာကိုပါ ဆည်းပူးမိမှာပါ။ထို့အပြင် လက်တွေ့ကျတဲ့ အစာနှင့် အာဟာရ ပိုင်းဆိုင်ရာကို ဟင်းချက်နည်း အတန်းတွေထက် ပိုမို သင်ထားသင့် ပါတယ် လို့ BDSI ကပြောကြားခဲ့ပြန်ပါတယ်။

 

အခုဆိုရင် နိုင်ငံအတွင်းနှင့် ဥရောပနိုင်ငံတွေမှာ အကျယ်တဝင့် အစားအသောက်တွေကို ဘယ်လို ကြော်ငြာ ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချပေးသင့်တယ်။ထပ်လောင်းပြောကြားချက်အရ အစားအသောက် လုပ်ငန်းရေးရာအနေနဲ့ ဖွံဖြိုးတိုးတက်စေမည့် နည်းလမ်းတွေ စီမံခန့်ခွဲသင့်တယ်၊ စံနှုန်းတစ်ခုကို တိတိကျကျ ဆောင်ရွက်ရမှာပါ။BDSI ပြောကြားတာက ဂျာမဏီနိုင်ငံမှာရှိတဲ့ အစားအသောက်လုပ်ငန်းရေးရာ နယ်ပယ်မှ လုပ်ငန်းတိုင်းအနေနဲ့ ဂျာမန်နိုင်ငံကြော်ငြာ ရေးရာကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို သိရှိအကျွမ်းဝင်ထားသင့်ပါတယ်။

 

အချိုတွေကို မကြော်ငြာ ဘူးဆိုပါက တချို့အရာတွေကို ဘယ်သူမှ သိရှိနိုင်မှာ မဟုတ်ပါဘူး , အချိုမုန့်တွေက နှစ်ခြိုက်ဖွယ် ထုတ်ကုန်တွေပါ ၊ အချိုတွေဟာ လည်းပဲ အခြား အစားအစာ နည်းတူ လူတွေရဲ့ အစာအာဟာရ တင့်သင့်မျှတဖို့ သူတို့နေရာနှင့်သူတို့ရှိပြီးသားပါလို့ BDSI မှ အထွေထွေမန်နေဂျာဖြစ်သူ Dr Carsten Bernorth ကပြောကြားပါသည်။

 

Ref : Confectionery Newsonfectionery News

Published in Global

US အမေရိကန်ကုန်သွယ်ရေးကော်မရှင်မှ စိုးရိမ်မှုများကိုတုန့်ပြန်သောအားဖြင့် YouTube သည်ဗွီဒီယိုဝေမျှခြင်းပလက်ဖောင်းပေါ်တွင်ကလေးသူငယ်လုံခြုံမှုနှင့် လုံခြုံမှုကိုမြှင့်တင်ရန်ရည်ရွယ်သည့်အစီအမံများစွာကိုထုတ်ပြန်ခဲ့သည် ။

Published in Global

British American Tobacco (BAT) နှင့်အခြားအီလက်ထရောနစ်စီးကရက် ကုမ္ပဏီသုံးခုကို Instagram ကြော်ငြာစာမျက်နှာများပေါ်မှ ၎င်းတို့၏ Vape ထုတ်ကုန်များကိုမြှင့်တင်ခြင်းအား ဗြိတိန်မှကြော်ငြာစောင့်ကြည့်သူများကပိတ်ပင် တားမြစ်ခဲ့သည်။

Published in Global