-->
×

Warning

JUser: :_load: Unable to load user with ID: 29

ကိုကာကိုလာလို့ ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ပါပဲ။ ဒီအချိုရည် ကုမ္ပဏီကို ၁၈၈၆ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး အချိုရည်လုပ်ငန်းကဏ္ဍမှာတော့ ပထမဦးဆုံးသော ပေါ်ထွက်လာတဲ့  သက်တမ်းကြာ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ 

 

ယခုအချိန်ထိ နှစ်ပေါင်း (၁၃၇) နှစ် ကြာသည့်တိုင်အောင် သူ့ရဲ့ အောင်မြင်မှုကတော့ တရိပ်ရိပ် ဆက်တက်နေတုန်းပါပဲ။

 

ကိုကာကိုလာအနေနဲ့ သူ့ရဲ့ အချိုရည်လုပ်ငန်းကို လူတွေ သိအောင် ဘယ်လိုလုပ်ခဲ့သလဲ၊ ဘယ်လို အောင်မြင်တဲ့ ကြော်ငြာတွေ ဖန်တီးခဲ့သလဲဆိုတာ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ကြော်ငြာတဲ့ ပုံစံဟာ အခုချိန်ထိ အသွင်အမျိုးမျိုးနဲ့ လူတွေကို ဆွဲဆောင်နိုင်နေဆဲ ဖြစ်နေတာကြောင့်ပါ။

 

၁။ Coca-Cola Coupon ( 1887 )

 

ကိုကာကိုလာကုမ္ပဏီ တည်ထောင်ပြီး တစ်နှစ်အကြာမှာ Coca Cola Coupon ကို စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အချိုရည် ဝယ်ယူသောက်သုံးသူတွေ အနေနဲ့ ဒီကူပွန်လေး ရထားတယ်ဆိုရင် Coke တစ်ခွက် အလကား သောက်ခွင့်ရမှာပါ။

 

1887

 

၂။ Coca-Cola’s Earliest Print Ads ( 1890 )

 

ကိုကာကိုလာရဲ့ ပထမဦးဆုံးသော ကြော်ငြာလေး ဖြစ်ပါတယ်။ ဒီကြော်ငြာလေးထဲမှာဆိုရင် “ Refreshing & Invigorating “ ဆိုတဲ့ ကြော်ငြာဆောင်ပုဒ်လေးကို ထည့်သွင်းထားပါတယ်။ ဈေးနှုန်းကတော့ 5 Cents ဖြစ်ပြီး ၁၉၅၉ ခုနှစ်ထိ ဈေးမပြောင်းခဲ့ဘူးလို့ ကိုကာကိုလာကုမ္ပဏီက ဆိုပါတယ်။

 

1890

 

၃။ The First Celebrity Coca-Cola Ads ( 1900 )

 

၁၉၀၀ ပြည့်နှစ်မှာ ပေါ်ထွက်လာတဲ့ ဒုတိယ ကြော်ငြာတစ်ခု ဖြစ်ပြီး နာမည်ကြီး အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး Hilda Clark က ကိုကာကိုလာ အမှတ်တံဆိပ်ပါတဲ့ နာရီ၊ ကူပွန်တွေနဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

 

1900

 

၄။ Coca-Cola’s First Billboard ( 1925 )

 

ပထမဆုံးသော ကြော်ငြာဘေဘုတ်တစ်ခု ဖြစ်ပါတယ်။ ကိုကာကိုလာကို လူတွေ ဘယ်လောက် သောက်နေပြီး ဘယ်လောက် အောင်မြင်နေပြီဆိုတာ ဖော်ပြတဲ့ ကြော်ငြာဘေဘုတ်တစ်ခုဆိုရင် မမှားပါဘူး။

 

1925

 

၅။ Coca-Cola’s Paint Ads ( 1931 )

 

ခရစ်စမတ်ဘိုးဘိုး Santa Claus က ကိုကာကိုလာပုလင်း ကိုင်ထားတဲ့ ပုံဟာ စနေနေ့ ညနေခင်း မဂ္ဂဇင်းတွေမှာ အချိန်မှန်မှန် ပါလာခဲ့ပါတယ်။ ဒီပုံကို ရေးဆွဲခဲ့သူကတော့ Haddon Sundblom ဖြစ်ပြီး ၁၉၃၁ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်ထိ ၃၃ နှစ်တိုင်တိုင် ရေးဆွဲပေးခဲ့ပါတယ်။

 

1931

 

၆။ Olympic Record Keepers ( 1932 )

 

လော့အိန်ဂျလီမှာ ၁၉၃၂ ခုနှစ်တုန်းက ကျင်းပတဲ့ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေကို ကိုကာကိုလာက “ Olympic Record Keepers “ ဆိုတဲ့ တံဆိပ်ပြားတွေ ပေးခဲ့ပါတယ်။ အမျိုးမျိုးသော အားကစားတွေ ပြိုင်တဲ့အခါ World Record တွေ သိမ်းထားနိုင်အောင်လို့ လို့ ဆိုပါတယ်။ ဒါလည်း သူ့ရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ကြော်ငြာနည်း တစ်မျိုးပါပဲ။

 

1932

 

၇။ Coca-Cola’s Calendar Ads ( 1935 )

 

၁၉၂၈ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်အတွင်းမှာ ပန်းချီဆရာ Norman Rockwell က ကိုကာကိုလာ ကြော်ငြာထဲမှာ ထည့်သွင်း အသုံးပြုဖို့အတွက် လူငယ်လေးတစ်ယောက်က သစ်ပင်ပေါ်ကနေ ငါးမျှားရင်း ကိုလာသောက်နေတဲ့ ပုံကို ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ်မှာ “ Out Fishin “ ဆိုတဲ့ နာမည်နဲ့ ပြက္ခဒိန် ထုတ်ခဲ့ပါတယ်။ 

 

1935

 

၈။ Coca-Cola’s Ads ( 1944 )

 

ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ အမေရိကန် စစ်သားတွေ အိမ်ပြန်လာပါတယ်။ အဲဒီအချိန်မှာ စစ်သားတစ်ယောက်က နံရံမှာ ကပ်ထားတဲ့ ကိုကာကိုလာကြော်ငြာကို တွေ့ပြီး “ ငါ့ရဲ့သူငယ်ချင်းဟောင်းကြီး “ ဆိုပြီး ပျော်သွားတဲ့ပုံကို ဖော်ပြထားပါတယ်။

 

1944

 

၉။ Coca-Cola’s Yes Girl Billboard ( 1946 )

 

၁၉၄၆ ခုနှစ်မှာ လွှင့်တင်ခဲ့တဲ့ Yes Girl ဆိုတဲ့ ဘေဘုတ်ကတော့ ကိုကာကိုလာရဲ့ ပွဲဦးထွက် အကြီးဆုံး ဘေဘုတ်ကြော်ငြာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဘေဘုတ်ကိုလည်း Haddon Sundblom ရေးဆွဲပေးခဲ့တာပါ။

 

1946

 

၁၀။ Coca-Cola’s 65th Anniversary ( 1946 )

 

ဒီကြော်ငြာပုံကတော့ ကိုကာကိုလာရဲ့ ၆၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ကို ကျင်းပ ပြုလုပ်ခဲ့တုန်းက ပုံ ဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကိုကာကိုလာဟာ ၁၉၄၆ ခုနှစ်မှာ သက်တမ်း ၆၅ နှစ် ပြည့်ခဲ့ပါပြီ။

 

1951

 

၁၁။ Coca-Cola’s Ads ( 1957 )

 

အာဖရိကန် - အမေရိကန် အမျိုးသမီး Mary Alexander ဟာ ကိုကာကိုလာ ကြော်ငြာမှာ ပထမဦးဆုံး ပါဝင်ခဲ့တဲ့ မော်ဒယ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်တွေ အတွင်းမှာ သူမဟာ ကိုကာကိုလာအတွက် ပရင့်ကြော်ငြာ ၁၅ ခုမှာလည်း ပါဝင် သရုပ်ဆောင်ပေးခဲ့ပါတယ်။

 

1957

 

၁၂။ Coca-Cola’s " Buy the world a Coke " Song ( 1971 )

 

ကိုကာကိုလာရဲ့ " I’ve like to buy the world a Coke " ဆိုတဲ့ သီချင်းကို ၁၉၇၁ ခုနှစ်မှာ နိုင်ငံတကာက လူငယ်ပေါင်းများစွာက သီဆိုခဲ့ကြပါတယ်။ ဒီသီချင်းကို Bill Backer, Billy Davis, Roger Cook နဲ့ Roger Greenaway ဆိုသူတို့ အတူပေါင်းစပ် ရေးသားပေးခဲ့တာ ဖြစ်ပြီး UK နဲ့ US နိုင်ငံတွေမှာ အတော်ကို အောင်မြင် ကျော်ကြားခဲ့ပါတယ်။

 

1971

 

၁၃။ Coca-Cola’s Ads ( 1979 )

 

ဘောလုံးအားကစားသမား တစ်ဦးဖြစ်တဲ့ Joe Greene က ကိုကာကိုလာကို မော့သောက်နေတဲ့ပုံဟာ ရေပန်းစားတဲ့ ကြော်ငြာဓာတ်ပုံတစ်ခု ဖြစ်ခဲ့ပါတယ်။ ကောင်လေးတစ်ယောက်က Greene ကို ကိုလာတစ်ပုလင်း ပေးခဲ့ပြီး သူက ကောင်လေးကို သူ့ရဲ့ သိုးမွှေးဆွယ်တာလေး လက်ဆောင်ပြန်ပေးခဲ့ပါတယ်။ 

 

1979

 

၁၄။ Coca-Cola’s Diet Coke ( 1982 )

 

ကိုကာကိုလာကနေ ၁၉၈၂ ခုနှစ်မှာ Diet Coke ဆိုတဲ့ အချိုရည်ကို ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ Diet Coke ဟာ ကယ်လိုရီ လျှော့ချလိုတဲ့သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပြီး အမေရိကန် အချိုရည်ဈေးကွက်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

 

1982

 

၁၅။ Coca-Cola’s Cherry Coke ( 1985 )

 

၁၉၈၅ ခုနှစ်မှာ နောက်ထပ် အချိုရည်တစ်မျိုးကို ထပ်ပြီး ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ Cherry Coke လို့ အမည်ရပြီး အမေရိကန် တော်တော်များများဟာ ကလေးတွေလို စွဲစွဲလမ်းလမ်းနဲ့ နှစ်သက်ခဲ့ကြတဲ့ အထိပါပဲ။

 

1985

 

၁၆။ Coca-Cola’s New Coke ( 1985 )

 

၇၉ နှစ် ကြာပြီးတဲ့ နောက်မှာ ကိုကာကိုလာဟာ ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ မူလ Coke ဘူးကို ဒီဇိုင်းအသစ် ပြန်လည် ပြောင်းလဲပြီး ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လူတွေက မနှစ်မြို့ကြတာကြောင့် မူရင်းဘူးပုံစံအတိုင်းပဲ ပြန်ထုတ်ခဲ့ရပါတယ်။

 

1985 A

 

၁၇။ Coca-Cola’s Ads Slogan ( 1991 )

 

ကိုကာကိုလာရဲ့ “ Can’t beat the real Things “ ဆိုတဲ့ ဆောင်ပုဒ်ဟာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် လူအများကြားမှာ ရေပန်းစားတဲ့ ကြော်ငြာဆောင်ပုဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။

 

1991

 

၁၈။ Coca-Cola’s “ Always “ Campaign ( 1993 )

 

ပိုလာဝက်ဝံလေးတစ်ကောင်က ကိုကာကိုလာပုလင်းကို ကိုင်ထားတဲ့ ပုံဟာ ၁၉၉၃ ခုနှစ်မှာ “ Always “ ဆိုတဲ့ Campaign ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီကမ်ပိန်းကို Holiday Ads တွေမှာ အသုံးပြုခဲ့ပါတယ်။

 

1993

၁၉။ Coca-Cola’s Sales Booth ( 2004 )

 

ကိုကာကိုလာဟာ ၂၀၀၄ ခုနှစ်တုန်းကစပြီး အာဖရိက အနောက်မြောက်ဘက် ကမ်းရိုးတန်း အနီးမှာ တည်ရှိတဲ့ Cape Verde ကျွန်းမှာ Sales Booth လေးတွေ ဖွင့်ပြီး အရောင်းမြှင့်တင်ခဲ့ပါတယ်။

 

2004

 

၂၀။ World of Coca-Cola Museum ( 2007 )

 

ကိုကာကိုလာ ကုမ္ပဏီရဲ့ သမိုင်းကြောင်းတွေကို မြင်တွေ့နိုင်မယ့် Coca-Cola Museum ဟာ Atlanta, Georgia မှာ တည်ရှိပါတယ်။ ပြတိုက်ကို ၁၉၉၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပြတိုက်ကို နှစ်စဉ် လေ့လာသူပေါင်း 9 Millions ကျော် ဝင်ရောက်ပြီး လာရောက် လေ့လာသူ အများဆုံး နေရာအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

 

2007

 

၂၁။ “ Share a Coke “ Campaign ( 2011 )

 

သြစတြေးလျနိုင်ငံမှာ “ Share a Coke “ ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ၂၀၁၁ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ဒီကမ်ပိန်းဟာ ကိုကာကိုလာရဲ့ သက်တမ်းတစ်လျှောက် အအောင်မြင်ဆုံး ကမ်ပိန်းဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံတွေမှာ ဒီကမ်ပိန်းကို ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။

 

2011

 

၂၂။ “ Catch “ Campaign ( 2012 )

 

ပိုလာဝက်ဝံလေး (၂) ကောင်က အရောင်မတူညီတဲ့ လည်စည်းလေးကို ဝတ်ဆင်ပြီး ဂိမ်းတစ်ခုကို အတူတူ ကြည့်နေကြပြီး လည်စည်းအရောင်မတူတာကတော့ သူတို့ အားပေးတဲ့ အသင်းတွေကို ဖော်ပြထားတာပါ။ ကြည့်နေရင်းနဲ့ ကိုကာကိုလာ ပုလင်းကို လိုက်ဖမ်းကြတဲ့ ပုံစံမျိုး သရုပ်ဖော်ထားပါတယ်။

 

Coca-Cola Animated Polar Bears to "Catch" the Big Game | Press Release

 

၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ TV, Radio Advertising တွေနဲ့ Billboard Advertising တွေတင် မကတော့ပဲ Social Media နဲ့ Digital Advertising တွေလည်း စတင် ခေတ်စားလာတာကြောင့် ကိုကာကိုလာ ကုမ္ပဏီဟာ သူ့ရဲ့ အရောင်းမြှင့်တင်ရေး ကြော်ငြာလုပ်ငန်းတွေကို ယခင်ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။

 

Billboard နဲ့တစ်သွယ်၊ TV နဲ့ တစ်မျိုး၊ Digital Advertising နဲ့ တစ်ဖုံ အမျိုးမျိုး ကြော်ငြာပြီး သူ့ရဲ့ အောင်မြင်မှုကို ဆက်လက် အရှိန်မြင့်လာခဲ့တာ အခုချိန်ထိ တိုင်အောင်ပါပဲ။ နှစ်ပေါင်း (၁၃၇) နှစ် ကြာသည်အထိ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်တာကတော့ တကယ်အံ့မခန်းပါပဲ။

 

Su Mon Oo ( Mine )

Published in Outdoor Advertising

ကြော်ငြာစာရေးတော့မယ်.. ပို့စ်တစ်ခုရေးတော့မယ်ဆို.. အရေးပါဆုံး စဥ်းစားရမှာက သင့်ရဲ့ Audience ပါ။ကိုယ့်ကုန်ပစ္စည်းက ဘယ်သူတွေအတွက်လဲ..ဝယ်မယ့်သူတွေက ဘယ်သူတွေလဲ ဆိုတာ သင်သိရပါ့မယ်။

Published in Digital Marketing

Abercrombie ႏွင့္ Fitch သည္ေဒသဆိုင္ရာေစ်းကြက္ရွာေဖြေရးအခ်က္အခ်ာမ်ား၏တိုးတက္မႈကိုျဖည့္စြက္ရန္ဒုတိယႏွစ္ဆက္တိုက္ေစ်းကြက္အသုံးစရိတ္ကိုျမႇင့္တင္ၾကသည္။

ကုမၸဏီ၏အမႈေဆာင္အရာရွိခ်ဳပ္ Fran Horowitz ကေျပာၾကားရာတြင္ကုမၸဏီအေနျဖင့္၎၏ေဈးကြက္ကိုအေမရိကန္မွလုံးဝေမာင္းႏွင္ျခင္းႏွင့္ပင္မဌာနခ်ဳပ္ႏွင့္ေဒသတြင္းေစ်းကြက္မ်ားအၾကားအသုံးစရိတ္မ်ားကိုခြဲေဝျခင္းအၾကား“ အကူးအေျပာင္း” ျဖစ္သည္ဟုေျပာၾကားခဲ့သည္။

Hollister ႏွင့္၎၏ eponymous တံဆိပ္ကိုပိုင္ဆိုင္သည့္ Abercrombie ႏွင့္ Fitch သည္ EMEA ႏွင့္ APAC ေဒသမ်ားတြင္ အသီးသီးဖြင့္လွစ္ရန္ လန္ဒန္ႏွင့္ရွန္ဟိုင္းတို႔၌ ႐ုံးမ်ားဖြင့္လွစ္လိုက္ၾကသည္။ ထိုအခ်က္အခ်ာမ်ားသည္ေဒသဆိုင္ရာစည္း႐ုံးလႈံ႕ေဆာ္ေရးကိုကိုယ္တိုင္စတင္ထုတ္လုပ္ျခင္းမဟုတ္ဘဲကမာၻလုံးဆိုင္ရာေစ်းကြက္ရွာေဖြေရးလုပ္ငန္းမ်ားႏွင့္အတူလုပ္ေဆာင္ၾကျခင္းျဖစ္သည္။

 

Coronavirus ကိုတုန့်ပြန်မှုအရ Pubပွဲများကို ဒီဂျစ်တယ်ပွဲတော်များသဖွယ် ပြုလုပ်မည့် The Drum

 

ဘ႑ာေရးအရာရွိခ်ဳပ္ျဖစ္သူ Scott Lipesky မွေျပာၾကားခ်က္အရ ယခု Abercrombie ႏွင့္ Fitch သည္အဆိုပါအဖြဲ႕မ်ားကိုတည္ေဆာက္ၿပီး“ ေဒသဆိုင္ရာအားထုတ္မႈမ်ား” တြင္ေငြမ်ားပိုမိုထည့္ ၀ င္ၾကသည္။

လက္ရွိအခ်ိန္တြင္ကုမၸဏီ အတြက္ တစ္စိတ္တစ္ပိုင္းတစ္ခုအျဖစ္ လန္ဒန္ႏွင့္ရွန္ဟိုင္းရွိအမွတ္တံဆိပ္ေစ်းကြက္ရွာေဖြေရးမန္ေနဂ်ာႏွစ္ ဦးကေၾကာ္ျငာေနၾကသည္။

APAC ရွိ Abercrombie ႏွင့္ Fitch ၏ဒစ္ဂ်စ္တယ္စီးပြားေရး၏ "အႀကီးမားဆုံးအပိုင္းအစ" ျဖစ္ေသာတ႐ုတ္အြန္လိုင္းလက္လီ၀က္ဘ္ဆိုက္Tmall တြင္စည္း႐ုံးလႈံ႕ေဆာ္ေရးမ်ားစတင္ျခင္းအတြက္ေနာက္ဆုံးေစ်းကြက္သမားမ်ားသည္တာဝန္ရွိသည္။

အမႈေဆာင္အရာရွိခ်ဳပ္ Fran Horowitz က“ ရွန္ဟိုင္း႐ုံးကို ၀ ယ္လိုက္တဲ့ကုန္သြယ္ေရးနဲ႔ေစ်းကြက္ရွာေဖြေရးစြမ္းရည္ေတြအတြက္ကြၽန္ေတာ္တို႔တကယ္စိတ္လႈပ္ရွားမိပါတယ္။ ဒါဟာ Tmall အတြက္ဌာနတစ္ခုတည္ေဆာက္ျခင္းႏွင့္ Tmall အတြက္ပိုေကာင္းတဲ့နည္းဗ်ဴဟာကိုတည္ေဆာက္ျခင္းပဲ” ဟုအမႈေဆာင္အရာရွိခ်ဳပ္ Fran Horowitz ကေျပာၾကားခဲ့သည္။ ယခုအပတ္ (မတ္လ ၄) တြင္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ဆက္သြယ္ေပးၾကပါ။

“ ဥေရာပရဲ႕အဓိကေစ်းကြက္ေတြမွာ၊ အာရွမွာရွိတဲ့ coronavirus ေတြေၾကာင့္ဆူညံသံေတြအမ်ားႀကီးထြက္ေပၚေနတာကိုသိသာထင္ရွားေနတယ္၊ ​​ေ႐ြ႕လ်ားမႈနည္းေနပါတယ္” ဟု Lipesky ကဆက္ေျပာသည္။ သို႔ေသာ္ကြၽႏ္ုပ္တို႔သည္ေရရွည္အတြက္အေကာင္းျမင္သူမ်ားျဖစ္ၾကၿပီး၎သည္ကြၽႏ္ုပ္တို႔အားေရရွည္အတြက္အဓိကေမာင္းႏွင္အားျဖစ္လာပါလိမ့္မည္။

Abercrombieႏွင့္ Fitch ၏ေစ်းကြက္ရွာေဖြေရး 'အဆင့္ျမႇင့္'လုပ္ေဆာင္ခ်က္သည္ ၿပီးခဲ့သည့္ႏွစ္ကသုံးစြဲမႈတိုးျမႇင့္မႈေၾကာင့္ေစ်းကြက္ရွာေဖြေရးဘတ္ဂ်က္ကိုျမႇင့္တင္ရန္စီစဥ္ေနၿပီျဖစ္တယ္။

'ေစ်းကြက္ရွာေဖြေရး၊ အေထြေထြႏွင့္စီမံခန႔္ခြဲမႈဆိုင္ရာအသုံးစရိတ္မ်ား' ကိုသုံးစြဲရန္၂၀၁၈ ခုႏွစ္၏ေဒၚလာ ၄၈၅ မီလီယံကို ေဒၚလာ ၄၆၅ သန္းျဖင့္ေလွ်ာ့ခ်ခဲ့ရသည္ဟု Lipesky ကအတည္ျပဳေျပာၾကားခဲ့သည္။

"၂၀၁၈ ခုႏွစ္မွာေစ်းကြက္ရွာေဖြေရးနဲ႔ကြၽန္ေတာ္တို႔ဟာတကယ္ကိုေကာင္းတဲ့ေျခလွမ္းေတြလွမ္းႏိုင္ခဲ့တယ္" "က်ေနာ္တို႔က 2019 ခုႏွစ္တြင္ဆက္လက္လုပ္ေဆာင္ၿပီးႏွင့္ 2020 ခုႏွစ္တြင္ဆက္လက္ လုပ္ေဆာင္ေနပါလိမ့္မယ္။ "

Tik Tok ႏွင့္ Twitch၊ YouTube, Instagram ႏွင့္ Spotify စသည့္ platform သစ္မ်ားတြင္မီဒီယာကို၀ယ္ျခင္းမ်ားပ်ံ႕ႏွံ႔ျခင္းအားျဖင့္ကုမၸဏီသည္၎၏အဓိက Gen Z ေဖာက္သည္အားစကားေျပာဆိုရန္အတူတကြႀကိဳးပမ္းအားထုတ္ခဲ့ၾကသည္။

အဆိုပါအမွတ္တံဆိပ္ကိုလည္း 'ကမာၻ႔ ဆယ္ေက်ာ္သက္စိတ္က်န္းမာေရးေန႔' ႏွင့္ 'Hollister ယုံၾကည္မႈစီမံကိန္း' '၏လမ္းေၾကာင္းျဖင့္၎၏ဆယ္ေက်ာ္သက္ပရိသတ္ကိုပိုမို "စစ္မွန္"စြာထိေရာက္ေစရန္၎၏ဖန္တီးမႈျပန္လည္ျပဳျပင္ေနၾကၿပီျဖစ္တယ္။

ယခုႏွစ္ရလဒ္မ်ားမွာစုစုေပါင္းအျပဳသေဘာေဆာင္ၿပီးအသားတင္ေရာင္းအားသည္ ၁% မွ ၃.၆၂ ဘီလီယံသို႔ျမင့္တက္ခဲ့သည္။ ႏႈိင္းယွဥ္ေရာင္းအားလည္း၁% ျမင့္တက္ေပမယ့္တိုးတက္မႈႏႈန္း ၂၀၁၈ ရဲ႕ ၃% မွတစ္ႏွစ္ႏွင့္တစ္ႏွစ္တိုးတက္မႈကေနေႏွးေကြးေနပါသည္။

၂၀၁၉ ခုႏွစ္အကုန္တြင္ Abercrombie ႏွင့္ Fitch ၏ဒုတိယအဆင့္အေျပာင္းအလဲသည္ 'ေျပာင္းလဲေနစဥ္ကာလတြင္တိုးတက္ေန' ‘growing while transforming phase’ေသာအရာ လုပ္ငန္းလည္ပတ္မႈ၊ထိေရာက္မႈအတြက္ႀကိဳးပမ္းျခင္းႏွင့္အတူ ေခတ္မီေသာစတိုးဆိုင္မ်ားႏွင့္ topless ေမာ္ဒယ္မ်ား၊ေခတ္မွကုန္အမွတ္တံဆိပ္ကိုအျပဳသေဘာေဆာင္ျခင္း ႏွင့္အားလုံးပါဝင္ခြင့္ရွိသည့္ေခတ္သို႔ေျပာင္းလဲရန္ရည္႐ြယ္ပါသည္။

ဥပမာအားျဖင့္၎၏“ ျပင္းထန္ေသာ” လႈပ္ရွားမႈတြင္အားကစားသမားမ်ားျဖစ္ေသာ Megan Rapinoe ႏွင့္ Kyle Kuzma တို႔သည္“ မိမိကိုယ္ကိုစြမ္းရည္ျမႇင့္တင္ျခင္း၊ ခႏၶာကိုယ္၏အျပဳသေဘာေဆာင္ျခင္းႏွင့္အတားအဆီးမ်ားကိုေက်ာ္လႊားျခင္းတို႔မွသူတို႔၏ကိုယ္ပိုင္အေတြ႕အႀကဳံကိုမွ်ေဝျခင္း” ကဲ့သို႔ေသာစိန္ေခၚမႈမ်ားကိုတင္ဆက္ထားသည္။

ဤ ေဆာင္းပါးသည္ ေျမာက္အေမရိကား၊Abercrombie And Fitch၊ Hollister၊ေစ်းကြက္ရွာေဖြေရးႏွင့္ အမွတ္တံဆိပ္တို႔ကို ရည္ၫႊန္းပါသည္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

ဒေသတွင်းဈေးကွက်ရှာဖွေရေးအဖွဲ့များကို တစ်စိတ်တစ်ပိုင်းအဖြစ်ကြော်ငြာအသုံးစရိတ်
မြှင့်တင်ရန်လုပ်ဆောင်ကြသည့် Abercrombie နှင့် Fitch

Abercrombie နှင့် Fitch သည်ဒေသဆိုင်ရာဈေးကွက်ရှာဖွေရေးအချက်အချာများ၏တိုးတက်မှုကိုဖြည့်စွက်ရန်ဒုတိယနှစ်ဆက်တိုက်ဈေးကွက်အသုံးစရိတ်ကိုမြှင့်တင်ကြသည်။

ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် Fran Horowitz ကပြောကြားရာတွင်ကုမ္ပဏီအနေဖြင့်၎င်း၏ဈေးကွက်ကိုအမေရိကန်မှလုံးဝမောင်းနှင်ခြင်းနှင့်ပင်မဌာနချုပ်နှင့်ဒေသတွင်းဈေးကွက်များအကြားအသုံးစရိတ်များကိုခွဲဝေခြင်းအကြား“ အကူးအပြောင်း” ဖြစ်သည်ဟုပြောကြားခဲ့သည်။

Hollister နှင့်၎င်း၏ eponymous တံဆိပ်ကိုပိုင်ဆိုင်သည့် Abercrombie နှင့် Fitch သည် EMEA နှင့် APAC ဒေသများတွင် အသီးသီးဖွင့်လှစ်ရန် လန်ဒန်နှင့်ရှန်ဟိုင်းတို့၌ ရုံးများဖွင့်လှစ်လိုက်ကြသည်။ ထိုအချက်အချာများသည်ဒေသဆိုင်ရာစည်းရုံးလှုံ့ဆော်ရေးကိုကိုယ်တိုင်စတင်ထုတ်လုပ်ခြင်းမဟုတ်ဘဲကမ္ဘာလုံးဆိုင်ရာဈေးကွက်ရှာဖွေရေးလုပ်ငန်းများနှင့်အတူလုပ်ဆောင်ကြခြင်းဖြစ်သည်။

 

သန်းခေါင်စာရင်းကို ရှုပ်ထွေးစေသည့် အမေရိကန် Trump၏ကြော်ငြာကို ပယ်ချလိုက်တဲ့ Facebookကွန်ရက်

 

ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ Scott Lipesky မှပြောကြားချက်အရ ယခု Abercrombie နှင့် Fitch သည်အဆိုပါအဖွဲ့များကိုတည်ဆောက်ပြီး“ ဒေသဆိုင်ရာအားထုတ်မှုများ” တွင်ငွေများပိုမိုထည့် ၀ င်ကြသည်။

လက်ရှိအချိန်တွင်ကုမ္ပဏီ အတွက် တစ်စိတ်တစ်ပိုင်းတစ်ခုအဖြစ် လန်ဒန်နှင့်ရှန်ဟိုင်းရှိအမှတ်တံဆိပ်ဈေးကွက်ရှာဖွေရေးမန်နေဂျာနှစ် ဦးကကြော်ငြာနေကြသည်။

APAC ရှိ Abercrombie နှင့် Fitch ၏ဒစ်ဂျစ်တယ်စီးပွားရေး၏ "အကြီးမားဆုံးအပိုင်းအစ" ဖြစ်သောတရုတ်အွန်လိုင်းလက်လီဝက်ဘ်ဆိုက်Tmall တွင်စည်းရုံးလှုံ့ဆော်ရေးများစတင်ခြင်းအတွက်နောက်ဆုံးဈေးကွက်သမားများသည်တာဝန်ရှိသည်။

အမှုဆောင်အရာရှိချုပ် Fran Horowitz က“ ရှန်ဟိုင်းရုံးကို ၀ ယ်လိုက်တဲ့ကုန်သွယ်ရေးနဲ့ဈေးကွက်ရှာဖွေရေးစွမ်းရည်တွေအတွက်ကျွန်တော်တို့တကယ်စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ Tmall အတွက်ဌာနတစ်ခုတည်ဆောက်ခြင်းနှင့် Tmall အတွက်ပိုကောင်းတဲ့နည်းဗျူဟာကိုတည်ဆောက်ခြင်းပဲ” ဟုအမှုဆောင်အရာရှိချုပ် Fran Horowitz ကပြောကြားခဲ့သည်။ ယခုအပတ် (မတ်လ ၄) တွင်ရင်းနှီးမြှုပ်နှံသူများအနေဖြင့်ဆက်သွယ်ပေးကြပါ။

“ ဥရောပရဲ့အဓိကဈေးကွက်တွေမှာ၊ အာရှမှာရှိတဲ့ coronavirus တွေကြောင့်ဆူညံသံတွေအများကြီးထွက်ပေါ်နေတာကိုသိသာထင်ရှားနေတယ်၊ ရွေ့လျားမှုနည်းနေပါတယ်” ဟု Lipesky ကဆက်ပြောသည်။ သို့သော်ကျွန်ုပ်တို့သည်ရေရှည်အတွက်အကောင်းမြင်သူများဖြစ်ကြပြီး၎င်းသည်ကျွန်ုပ်တို့အားရေရှည်အတွက်အဓိကမောင်းနှင်အားဖြစ်လာပါလိမ့်မည်။

Abercrombieနှင့် Fitch ၏ဈေးကွက်ရှာဖွေရေး 'အဆင့်မြှင့်'လုပ်ဆောင်ချက်သည် ပြီးခဲ့သည့်နှစ်ကသုံးစွဲမှုတိုးမြှင့်မှုကြောင့်ဈေးကွက်ရှာဖွေရေးဘတ်ဂျက်ကိုမြှင့်တင်ရန်စီစဉ်နေပြီဖြစ်တယ်။

'ဈေးကွက်ရှာဖွေရေး၊ အထွေထွေနှင့်စီမံခန့်ခွဲမှုဆိုင်ရာအသုံးစရိတ်များ' ကိုသုံးစွဲရန်၂၀၁၈ ခုနှစ်၏ဒေါ်လာ ၄၈၅ မီလီယံကို ဒေါ်လာ ၄၆၅ သန်းဖြင့်လျှော့ချခဲ့ရသည်ဟု Lipesky ကအတည်ပြုပြောကြားခဲ့သည်။

"၂၀၁၈ ခုနှစ်မှာဈေးကွက်ရှာဖွေရေးနဲ့ကျွန်တော်တို့ဟာတကယ်ကိုကောင်းတဲ့ခြေလှမ်းတွေလှမ်းနိုင်ခဲ့တယ်" "ကျနော်တို့က 2019 ခုနှစ်တွင်ဆက်လက်လုပ်ဆောင်ပြီးနှင့် 2020 ခုနှစ်တွင်ဆက်လက် လုပ်ဆောင်နေပါလိမ့်မယ်။ "

Tik Tok နှင့် Twitch၊ YouTube, Instagram နှင့် Spotify စသည့် platform သစ်များတွင်မီဒီယာကိုဝယ်ခြင်းများပျံ့နှံ့ခြင်းအားဖြင့်ကုမ္ပဏီသည်၎င်း၏အဓိက Gen Z ဖောက်သည်အားစကားပြောဆိုရန်အတူတကွကြိုးပမ်းအားထုတ်ခဲ့ကြသည်။

အဆိုပါအမှတ်တံဆိပ်ကိုလည်း 'ကမ္ဘာ့ ဆယ်ကျော်သက်စိတ်ကျန်းမာရေးနေ့' နှင့် 'Hollister ယုံကြည်မှုစီမံကိန်း' '၏လမ်းကြောင်းဖြင့်၎င်း၏ဆယ်ကျော်သက်ပရိသတ်ကိုပိုမို "စစ်မှန်"စွာထိရောက်စေရန်၎င်း၏ဖန်တီးမှုပြန်လည်ပြုပြင်နေကြပြီဖြစ်တယ်။

ယခုနှစ်ရလဒ်များမှာစုစုပေါင်းအပြုသဘောဆောင်ပြီးအသားတင်ရောင်းအားသည် ၁% မှ ၃.၆၂ ဘီလီယံသို့မြင့်တက်ခဲ့သည်။ နှိုင်းယှဉ်ရောင်းအားလည်း၁% မြင့်တက်ပေမယ့်တိုးတက်မှုနှုန်း ၂၀၁၈ ရဲ့ ၃% မှတစ်နှစ်နှင့်တစ်နှစ်တိုးတက်မှုကနေနှေးကွေးနေပါသည်။

၂၀၁၉ ခုနှစ်အကုန်တွင် Abercrombie နှင့် Fitch ၏ဒုတိယအဆင့်အပြောင်းအလဲသည် 'ပြောင်းလဲနေစဉ်ကာလတွင်တိုးတက်နေ' ‘growing while transforming phase’သောအရာ လုပ်ငန်းလည်ပတ်မှု၊ထိရောက်မှုအတွက်ကြိုးပမ်းခြင်းနှင့်အတူ ခေတ်မီသောစတိုးဆိုင်များနှင့် topless မော်ဒယ်များ၊ခေတ်မှကုန်အမှတ်တံဆိပ်ကိုအပြုသဘောဆောင်ခြင်း နှင့်အားလုံးပါဝင်ခွင့်ရှိသည့်ခေတ်သို့ပြောင်းလဲရန်ရည်ရွယ်ပါသည်။

ဥပမာအားဖြင့်၎င်း၏“ ပြင်းထန်သော” လှုပ်ရှားမှုတွင်အားကစားသမားများဖြစ်သော Megan Rapinoe နှင့် Kyle Kuzma တို့သည်“ မိမိကိုယ်ကိုစွမ်းရည်မြှင့်တင်ခြင်း၊ ခန္ဓာကိုယ်၏အပြုသဘောဆောင်ခြင်းနှင့်အတားအဆီးများကိုကျော်လွှားခြင်းတို့မှသူတို့၏ကိုယ်ပိုင်အတွေ့အကြုံကိုမျှဝေခြင်း” ကဲ့သို့သောစိန်ခေါ်မှုများကိုတင်ဆက်ထားသည်။

ဤ ဆောင်းပါးသည် မြောက်အမေရိကား၊Abercrombie And Fitch၊ Hollister၊ဈေးကွက်ရှာဖွေရေးနှင့် အမှတ်တံဆိပ်တို့ကို ရည်ညွှန်းပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Published in Global