-->
×
Warning
JUser: :_load: Unable to load user with ID: 29
ခင်ဗျားရဲ့ ကြော်ငြာလုပ်ငန်းကို ဘေးအန္တရာယ်မှလွတ်မြောက်စေမယ့် အစီအစဉ်
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်သူတွေကို သောက်စရာများ လှူဒါန်းသွားမယ့် McDonald's
McDonals'sဟာ ကိုရိုနာဗိုင်းရပ်စ် အဖြစ်အပျက်အတွင်း ကျန်းမာရေးလုပ်သားတွေ ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရတာကို ကျေးဇူးတင်တဲ့အနေနဲ့ သောက်စရာတွေကို ပေးလှူသွားမှာဖြစ်ပါတယ်။
-McDonald's Australiaက မေလ၁၇ရက်နေ့ထိ ကျန်းမာရေးစောင့်ရှောက်သူလုပ်သားတွေကို သောက်စရာများ အလကားပေးသွားမှာ ဖြစ်ပါတယ်။
-မတ်လ၂၃ရက်နေ့ကစပြီး COVID-19နဲ့တိုက်ခိုက်နေရသော လုပ်သားများအတွက် ကြေညာခဲ့တာဖြစ်ပြီး McCafé hot drink ဒါမှမဟုတ် medium soft drinkကို ကြိုက်တာလဲလှယ် သောက်သုံးနိုင်မှာဖြစ်ပါတယ်။
-သို့သော် ကျန်းမာရေးစောင့်ရှောက်သူဖြစ်ကြောင်းကဒ် သို့မဟုတ် ယူနီဖောင်းကို ပြမှ ၎င်းသောက်စရာ ရမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းကာကွယ်ရာမှာ ရှေ့တန်းကနေ ဦးဆောင်ပြီး တိုက်ခိုက်ပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ သောက်စရာကော်ဖီတွေကို အလကားပေးသွားမယ်လို့ McDonald's Australiaက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာတော့ မတ်လ၂၃ရက်ကဖြစ်ပြီး မေလ ၁၇ရက်နေ့ထိလုပ်ဆောင်သွားမှာပါ။ကျန်မာရေးစောင့်ရှောက်သူတွေအတွက် McCafé hot drink ဒါမှမဟုတ် medium soft drink ၂ခုမှ ကြိုက်တာ တစ်ခုသောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
fast food restaurantက လူမှုမီဒီယာမှာ "ဒီအချိန်မှာ ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း လူတွေပါပဲ သူတို့က ငါတို့ကိုကြည့်ရှူစောင့်ရှောက်ပေးပြီး ဒါက ငါတို့ချစ်ရတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူ ဘယ်သူ့ကိုမဆို ကျေးဇူးတင်တဲ့အနေနဲ့ သောက်စရာတွေ အလကားပေးသွားမှာဖြစ်ပါတယ်။"လို့ ရေးခဲ့ပါတယ်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် McDonald’s ၊John Lewis နဲ့ Primarkတို့ ပိတ်ဖို့ ဖိအားပေးခံရ
ကျန်းမာရေးစောင့်ရှောက်တဲ့ ယူနီဖောင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူဖြစ်ကြောင်း IDပြပြီး ကြိုက်နှစ်သက်တဲ့ အရသာ ကော်ဖီဖျော်ရည်ကို ရွေးချယ်ပြီး သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
ဗြိတိန်မှာရှိတဲ့ McDonald'sအဖွဲ့ကလည်း UKနဲ့Irelandမှာ စည်းကမ်းတင်းကြပ်စွာ ချိတ်ပိတ်ခံထားရသောနယ်မြေ အခြေအနေထဲမှ ကျန်းမာရေးစောင့်ရှောက်သူတွေအတွက် အလားတူ အစီအစဉ်ကို လုပ်ဆောင်ပေးခဲ့ပါတယ်။
သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်သူလုပ်သားတွေဟာ အဆောက်အအုံထဲမှာ အေးအေးဆေးဆေးထိုင်ပြီး ကော်ဖီကို မသောက်နိုင်ပါဘူး။သူတို့ ကော်ဖီကိုရတာနဲ့ ခတ္တဆောက်ထားတဲ့ တဲလေးထဲမှာ သောက်သုံးကြရတာဖြစ်ပါတယ်။
သြစတေးလျမှာရှိတဲ့ McDonald's စားသောက်ဆိုင်အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် အတိုင်းအတာတစ်ခုထိ ခဏပိတ်ထားရပါတယ်။
fast food juggernautက "မက်စီကာမှာ ကျွန်တော်တို့စောင့်ကြည့်နေပါတယ်၊ကျွန်တော်တို့အဖွဲ့နဲ့ လူထုတွေက ကျွန်တော်တို့ရဲ့ ဦးစားပေးအရာတွေပါ။ဒါ့ကြောင့် အစိုးရရဲ့ ထုတ်ပြန်ချက်တွေအတိုင်း ကျွန်တော်တို့ အပြောင်းအလဲအနဲငယ်ကို ပြုလုပ်သွားမယ်။ဒီအချိန်မှာ ခင်ဗျားတို့ လာရောက်ဝယ်ယူစရာမလိုပါဘူး ဒါပေမယ့် ဒီကိစ္စမှာ ကျွန်တော်တို့ ခင်ဗျားအတွက် ရှိနေပါတယ်။McDonald's ရဲ့ ပို့ဆောင်ပေးမယ့်ဝန်ဆောင်မှုတွေရှိပါတယ်။"လို့ အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။
Reference Source:Mail Online
Myanmar Advertising Directory
Published in Global
ဈေးကွက်ရှာဖွေရေးသမားများက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သူတို့ရဲ့Budgetကို ဘယ်လိုအကျိုးသက်ရောက်လဲဆိုတာ ဆန်းစစ်ဖော်ထုတ်
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် McDonald’s ၊John Lewis နဲ့ Primarkတို့ ပိတ်ဖို့ ဖိအားပေးခံရ
Coronavirus ကူးစက်ရောဂါက High Street တွေမှာ အဆိုးရွားဆုံး သေဆုံးမှုနဲ့အတူ အတင်းအကြပ် ကူးစက်နေတာကြောင့် McDonald's၊ John Lewis နဲ့ Primark တို့ကို ဗိုင်းရပ်စ်ပျံ့နှံ့မှု ထပ်မံ မပြန့်ပွားစေရန် သူတို့ရဲ့ ဆိုင်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့ကြပါတယ်။
Johnlewis.comမှာ အွန်လိုင်းကုန်သွယ်မှုက ပုံမှန် အတိုင်းဆက်လက်တည်ရှိနေမယ် ဖြစ်သော်လည်း ယာယီစီးပွားရေးလုပ်ငန်းအား ခေတ္တရပ်နားလိုက်ခြင်းက နှစ် ၁၅၅ နှစ်သမိုင်းကြောင်းမှာ John Lewis ရဲ့ စတိုးဆိုင် ၅၀လုံး ပထမဆုံးအကြိမ် ပိတ်ခြင်းကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ယခင်က McDonald’sက social distancing လိုအပ်ချက်များကို လွယ်ကူချောမွေ့ရန် တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းရဲ့ ပါဆယ် စီးပွားရေးလုပ်ငန်းအပေါ် အာရုံစူးစိုက်ပြီး ထိုင်ခုံနေရာများဖယ်ကာ ရှောင်ထွက်ခဲ့ပါတယ်။
Coronavirusဖြစ်ပွားမှု မြင့်တက်လာသောကြောင့် "Social Distancing"ဆောင်ပုဒ်နဲ့ ကြော်ငြာတွေကြွေးကြော်လာတဲ့ Coke၊ Nike နှင့် McDonald's
မကြုံစဖူးအကျပ်အတည်းရဲ့ နောက်ထပ်ထိခိုက်နစ်နာမှုတစ်ခုက Primark ဖြစ်ပြီး ဗြိတိန်နိုင်ငံရှိ စတိုးဆိုင် ၁၈၉ခု စလုံးကို နောက်ထပ်သတိပေး ထုတ်ပြန်ချက် မတိုင်မီ အချိန်ထိ ပိတ်သိမ်းထားရသောကြောင့် စားသုံးသူဝယ်လိုအားကို ကျဆင်းသွားစေခဲ့ပါတယ်။
ဥက္ကဌဖြစ်သူ Sharon Whiteက“ ဒီလက်တွဲတဲ့ဆက်ဆံရေးဟာ ၁၅၅ နှစ်ကျော် ကုန်သွယ်ခဲ့ပြီး၊ အဲဒီကာလအတွင်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာ့စစ်ပွဲ ၂ ခုနဲ့ ၂၀၀၈ ဘဏ္ဏာရေး အကျပ်အတည်း အပါအဝင် ခက်ခဲတဲ့အချိန်ကာလများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။ အခါအားလျော်စွာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျွန်တော်တို့ရဲ့ ထောက်ပံ့သူတွေ၊သက်ဆိုင်သူတွေနဲ့ နှစ်ရှည်လများ ဆက်ဆံမှုများကြောင့် ကျွန်တော်တို့က ုအားပိုကောင်းလာခဲ့ပါတယ်။"လို့ပြောကြားခဲ့ပါတယ်။
စတိုး ဆိုင်ပိတ်ရတာနဲ့ ပက်သက်ပြီးနောက်ဆက်တွဲ အကျိုးတွေကတော့ John Lewis ရဲ့ နွေဦးရာသီဆိုင်းငံ့ခြင်း၊ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရန် ဈေးကွက်ရှာဖွေရေး အသုံးစရိတ်လျှော့ချခြင်းနဲ့ ပြိုင်ဘက် M&S ရဲ့တုန့်ပြန်မှုများကို ခံရခြင်း စတဲ့ အရာများထင်ဟပ်စေခဲ့ပါတယ်။
Reference Source:The Drum
Myanmar Advertising Directory
Published in Global
သင့်ရဲ့ စီးပွားရေးဗျူဟာမှာ Communityက အဓိကကဏ္ဍကနေ ပါဝင်နေနိုင်ပါတယ်။
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
McDonald'sနဲ့Starbucks တို့ရဲ့ "to go" ဗျူဟာဖြင့် ဈေးကွက်ဖြန့်ကျက်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှုကို လျော့နည်းစေ
ယနေ့ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကြီးစိုးနေပါတယ်။ထို့ကြောင့် ခရီးသွားလာမှုတွေ၊လူစုလူဝေးပွဲအစီအစဉ်တွေဟာ ဖျက်သိမ်း ရွှေ့ဆိုင်းကြရပါတယ်။ဖောက်သည်တွေ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းက လုပ်ငန်းတစ်ခုရဲ့ စေတနာပဲဖြစ်ပါတယ်။USရဲ့ fast-food ကုမ္ပဏီများက 'to go' ဗျူဟာဖြင့် စားသုံးသူဖောက်သည်များအတွက် dine-inဝန်ဆောင်မှုများနဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားနေမှုကို နှေးသွားအောင်ပြုလုပ်ကြပါတယ်။
စားသောက်ဆိုင်နေရာများကိုပိတ်လိုက်ခြင်းအားဖြင့် McDonald's နှင့် Starbucksတို့က လုပ်ငန်းခွင်များကိုပြောင်းလဲသောအနေနဲ့ ဝယ်ယူခြင်းနှင့်ပို့ဆောင်ခြင်း ဝန်ဆောင်မှုများကို အာရုံစိုက်ရန်စိတ်အားထက်သန်လာပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းထားရန်ပိုမိုတင်းကြပ်သော လူနေမှုပုံစံ စတဲ့ပြောင်းလဲမှုများကို ပြုလုပ်လာပြီဖြစ်ပါတယ်။
McDonaldကshutter touchscreen self-service kiosks နဲ့ကလေးကစားတဲ့နေရာတွေကို လုပ်ပိုင်ခွင့်အရ သဘောတူလိုက်တဲ့အခါ Starbucksကတော့ များပြားလှတဲ့ကိစ္စရပ်များ နဲ့ပြည့်နှက်နေသောဒေသများရှိဆိုင်များအားလုံးကို ပိတ်ထားရပါတယ်။
၎င်းနည်းဗျူဟာက McDonaldရဲ့အက်ပလီကေးရှင်းတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံရန် အတွက် မက်ဒွန်၏ကြိုတင်လုပ်ဆောင်မှုများကို အရှိန်မြှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။၎င်းမှာဖောက်သည်များ အတွက် အထူးသီးသန့် လျှော့ဈေးများဖြင့် အိမ်ရှေ့တံခါးသို့အရောက်မပို့မီ အချိန်အတွင်း မှာယူနိုင်မှာပဲဖြစ်ပါတယ်။McDonaldရဲ့ အက်ပလီကေးရှင်းက Starbucksရဲ့ အက်ပလီကေးရှင်းကိုအသုံးပြုသူ ၁၆.၈မီလီယံရှိတယ်ဆိုတဲ့ ကြွားဝါမှုကိုပါ သာလွန်သွားတာပဲဖြစ်ပါတယ်။
McDonald၏ National Franchisee Leadership Alliance၏ဥက္ကဌဖြစ်သူ Mark Salebra ကကြေညာချက်တစ်ခုတွင်“Franchisee Leadership ဟာ ဗိုင်းရပ်စ်နဲ့ပက်သက်ပြီး လူမှုရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အပြည့်အဝထောက်ခံပါတယ် ပြီးတော့ သေချာပါတယ် စားသုံးသူဖောက်သည်တွေအများကြီးကို ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်တွေထဲမှာ စုနေကြမှာ မဟုတ်တော့ပါဘူး။ ”ဟုပြောကြားသွားပါတယ်။
Mason's Gin အတွက် ကြော်ငြာအေဂျင်စီအဖြစ် ခန့်အပ်ခံရသော Finnအေဂျင်စီ
Coronavirus ပျံ့နှံ့နေချိန်မှာ စားသုံးသူများကို အိမ်သို့်အကန့်အသတ်ဖြင့်သာ အရောက်ပို့ဆောင်မှုနဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများသည် ရောဂါဖြစ်ပွားစဉ်အတွင်း မကြုံစဖူး
ဝယ်လိုအားများကိုကြုံတွေ့ခဲ့ရပါတယ်။
ကျွန်တော်တို့တွေးတယ် စားသောက်ဆိုင်တွေက အလိုအလျောက်မောင်းနိုင်တဲ့ ကားတွေ၊ဒရုန်းတွေနဲ့ စက်ရုပ်တွေကို အားကိုးပြီး စက်မှုဘက်တွန်းပို့လိုက်ပါက အစားအသောက်များဆိုင်ရာ ပို့ဆောင်ရေးရဲ့ အနာဂတ်သည် မကြာမီမှာရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။
ဤဆောင်းပါးသည် ကမ္ဘာ၊ကိုရိုနာဗိုင်းရပ်စ်၊Fast Food၊McDonald's ၊Starbucksနဲ့ ဈေးကွက်ရှာဖွေရေးများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
Myanmar Advertising Directory
Published in Global
Iris ရဲ့CEOဖြစ်သော Ian Millner နှင့် မေးခွန်း၁၀ခု
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Big Mac ဟာ McMassive ကို မိတ်ဆက်လိုက်ပါတယ်!McDonald'sဟာ ယခုအခါ အလွန်ကြီးမားပြီး ကယ်လိုရီ ၇၂၀ နှင့် အဆီ၄၃ ဂရမ်ရှိ လေးလွှာပါသော Double Big Macကို ရောင်းချပါပြီ
-The Double Big Mac သည်ဗုဒ္ဓဟူးနေ့တွင်အမဲသားပြားနှစ်ထပ်နှင့်စတင်ရောင်းချခဲ့သည်။
-Option အသစ်သည်နာမည်ကြီးသောမူရင်း Big Mac ကဲ့သို့တူညီသောပုံစံကိုအသုံးပြုထားသည်။အလယ်bun၏အထက်နှင့်အောက်တွင်အပို patty ထပ်ထည့်ထားသည်။
-The Double Big Mac ဘာဂါတွင်ကယ်လိုရီ ၇၂၀ နှင့်အဆီ ၄၃ ဂရမ်ပါရှိသည်
- fast food giantကုမ္ပဏီကြီးသည် Little Mac ကို patty တစ်ခုဖြင့်လည်း ထပ်မံ မိတ်ဆက်လိုက်ပါသည်။
-ဗားရှင်းအသေးမရှိမဖြစ် လိုအပ်တဲ့ cheeseburger ဖြစ်ပေမယ့် Big Mac ၏အထူး Sauce နှင့်အတူထည့်သွင်းပြောကြားခဲ့သည်။
-သင် ကိုယ်တိုင် ရွေးချယ်နိုင်သော အရွယ်အစားကိုမတ်လ ၁၁ ရက်မှ စ၍အချိန်အကန့်အသတ်ဖြင့်ရနိုင်သည်။
-Big Mac ကို ၁၉၆၇ ခုနှစ်တွင်ပထမဆုံးစတင်မိတ်ဆက်ခဲ့ပြီး ပရိသတ်များအတွက် အကြိုက်ဆုံး အစားအစာတစ်ခု ဖြစ်သည်။
The three different versions of the Big Mac will be available for a limited time from March 11
McDonald'sမှ ဒီဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် Big Mac၏ကမ်းလှမ်းမှုများကို အမြင့်ဆုံးတိုးမြှင့်ပေးခဲ့ပြီး၊Big Mac အားပေးသည့်နောက်ဆုံးပေါ် ထုတ်ကုန်များတွင်အသားချပ်ပြားအရေအတွက်နှစ်ဆတိုးလာသည်။
fast food giantကုမ္ပဏီကြီးသည်အကန့်အသတ်ရှိသော menu နှစ်ခုဖြစ်သည့် Double Big Mac နှင့် Little Mac တို့ကို စတင်မိတ်ဆက်စဉ်ကတည်းက ထင်ရှားသည့်ဘာဂါဖြစ်သည်။
ဒေါ်လာ ၅.၄၉ ကုန်ကျမည် ဖြစ်ပြီး ဘာဂါက သင့်အားလန်းဆန်းစေမည်။ကယ်လိုရီ ၇၂၀ ရှိမှာဖြစ်ပြီး မူလ ဘာဂါရှိ ကယ်လိုရီ ၅၄၀ ၊အဆီ ၃၄ ဂရမ်နှင့်နှိုင်းယှဉ်ပါက အဆီ ၄၃ ဂရမ်ပါဝင်နေမှာဖြစ်ပါတယ်။
Little Mac သည် McDonald's cheeseburger နှင့်အလွန်ဆင်တူသည်။ သို့သော် Big Mac ငံပြာရည်အပြင်အခြားအရာအနည်းငယ်သာပါဝင်သည်။
ဗားရှင်းအသေးကို ၂.၂၉ ဒေါ်လာနဲ့ ၃၂၀ ကယ်လိုရီ ပါရှိမှာဖြစ်ပါတယ်။
၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု
မူလ Big Mac ကိုဒေါ်လာ ၃.၉၉ ဖြင့်ရရှိနိုင်ပါသေးတယ်။
ဘာဂါအားလုံးသည် Big Macကိုဆယ်စုနှစ်ပေါင်းများစွာ အကြိုက်ဆုံးဖြစ်စေခဲ့သည့်ပါဝင်ပစ္စည်းများစာရင်းအတိုင်း ပြုလုပ်ထားမှာဖြစ်သည်။ အမဲသားပြားများ၊ အထူးဆော့စ်၊ ဆလတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊နှမ်းစေ့၊Bunနှင့် ကြက်သွန်နီ စသဖြင့် ပါဝင်မှာဖြစ်ပါတယ်။
“ Big Mac ဟာဘာဂါထက်ပိုပါတယ်။ လွန်ခဲ့တဲ့နှစ် ၅၀ အတွင်းမှာသူဟာနိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက်အကြိုက်ဆုံး အစားအစာဖြစ်ခဲ့ပါတယ်” ဟု Menu Innovation ၏ဒုတိယဥက္ကဌ Linda VanGosen ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
'ကျွန်ုပ်တို့၏ဒဏ္ဏာရီဆန် Sauceမှသည်အကောင်းဆုံးသော လတ်လတ်ဆတ်ဆတ်အရသာရှိခြင်းနှင့် ၁၀၀% သန့်စင်သောအမဲသားအပြားများအထိ ဖောက်သည်များသည် Big Mac ၏ရှင်းလင်းသောအရသာကိုသိရှိပြီး နှစ်သက်ကြသည်။ သူတို့က သူတို့နှစ်သက်တဲ့ ဘာဂါကိုခံစားဖို့နဲ့အရသာရှိတဲ့ Big Mac ရွေးချယ်မှုသုံးခုနဲ့အရွယ်အစားအားလုံးရဲ့ စွဲလမ်းမှုကိုကျေနပ်အောင် နည်းလမ်းသစ်တွေပေးဖို့ စိတ်လှုပ်ရှားမိပါတယ်။ '
ပြီးတော့ Big Mac မှာအပြောင်းအလဲတွေပိုများလာနိုင်ပါတယ်။
“နာမည်ကြီး အသားညှပ်ပေါင်မုန့်ကို စွဲလမ်းမှုအားလုံးသည် အမှန်ပင်ဂုဏ်ပြုထိုက်သည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် Big Mac ၏ချစ်ခြင်းမေတ္တာနှင့်မပြီးဆုံးသေးပါဘူး။ နောက်လာမည့် အရာအား ဖော်ပြရန် မစောင့်နိုင်တော့ပါဘူး” ဟုကုမ္ပဏီကပြောကြားခဲ့သည်။
fast food chainသည်၎င်း၏ Big Mac ရွေးချယ်စရာများကိုပြောင်းလဲခဲ့သည်မှာ ပထမဦး ဆုံးအကြိမ်မဟုတ်ပါဘူး။
၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် Grand Mac ကိုသူတို့ရောင်းခဲ့ကြပြီး၎င်းသည်သုံးပေါက်၊ သုံးချပ်ပုံစံကိုအသုံးပြုဆဲဖြစ်သော်လည်းပိုမိုကြီးမားသော patties နှင့် bun များကိုအသုံးပြုခဲ့ကြသည်။
McDonald'sသည် ပြိုင်ဘက်များကြောင့် သူတို့၏ကမ်းလှမ်းမှုများကို တိုးတက်စေသဖြင့် နံနက်စာမီနူးကိုမြှင့်တင်ရန် အာရုံစူးစိုက်ခဲ့ကြသည်။
အမှုဆောင်အရာရှိချုပ် Chris Kempczinski က“ Quarter Pounder” ကဲ့သို့သောပရီမီယံ ဘာဂါများသည်“ ထူးခြားထင်ရှားသောဖျော်ဖြေသူ” အဖြစ်ဆက်လက်တည်ရှိနေမည် ဟုပြောကြားခဲ့သည်။
Big Mac ကို ၁၉၆၇ ခုနှစ်တွင် McDonald's က Greater Pittsburgh နယ်မြေသို့စတင်မိတ်ဆက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီနူးတစ်ခုဝင်ရောက်လာခဲ့ပါတယ်။
ခန့်မှန်းခြေအားဖြင့် Big Macs သန်း ၅၅၀ သည် အမေရိကန်ပြည်ထောင်စု၌ နှစ်စဉ်ရောင်းချရသည်။
ရွေးချယ်ထားသောသင်၏အရွယ်အစား Double Mac နှင့် Little Mac ရွေးချယ်မှုများကိုမတ်လ ၁၁ ရက်မှစတင်၍ စားသောက်ဆိုင်များတွင်ရရှိနိုင်ပါသည်။
Reference Source: MailOnline
Myanmar Advertising Directory
Published in Global
တစ်နှစ်လျှင်အပတ်တိုင်းအခမဲ့မုန့်တစ်ပွဲပေးမည်ဟုကတိပေးသောMcDonald's၏ VIP ရွှေကတ်သည်မိုနိုပိုလီပရိုမိုးရှင်းကာလတစ်နှစ်ဖြစ်ပြီး ဒီနှစ်ကုန်လျှင် သိမ်းဆည်းမှာဖြစ်ပါတယ်။
ပြိုင်ဘက် Daxကိုယှဉ်ပြိုင်ရန်အတွက် Octave ဒီဂျစ်တယ်အသံကို ပြသခဲ့သည့် Wireless နှင့်Bauer Media
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ရွှေရောင်လက်မှတ် :McDonald's သည် သူ၏မိုနိုပိုလီကစားသမားများအတွက် ဆုအသစ်အနေဖြင့် VIPကတ်အဖြစ် ရွှေရောင်လက်မှတ်ကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းလက်မှတ် သည် နှစ်တစ်နှစ်၏ အပတ်စဉ်တိုင်း အစားအစာများ အလကားရရှိမည့် အစီအစဉ်ကို ယခုလတွင် စတင်ခဲ့ခြင်း
>McDonald's ၏VIPကတ်သည် ဒီနှစ်ရဲ့ မိုနိုပိုလီအနိုင်ရသူများ အတွက်သာဖြစ်သည်။
>ယခုလတွင် ပါဝင်သူများအတွက် ကတ်များစွာရှိသည်။
>McDonald's ၏မိုနိုပိုလီဂိမ်းသည် စားသောက်ဆိုင်များတွင် မတ်လ၂၅ရက်နေ့မှ မေလ၅ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
တစ်နှစ်လျှင်အပတ်တိုင်းအခမဲ့မုန့်တစ်ပွဲပေးမည်ဟုကတိပေးသောMcDonald's၏ VIP ရွှေကတ်သည် ်မိုနိုပိုလီပရိုမိုးရှင်းကာလတစ်နှစ်ဖြစ်ပြီး ဒီနှစ်ကုန်လျှင် သိမ်းဆည်းမှာဖြစ်ပါတယ်။
မတ်လ ၂၅ ရက်တွင်စတင်မည့်ဒီနှစ်ပရိုမိုးရှင်းတွင်ပါဝင်သူများအတွက်ကဒ် ၁၀၀၀ ဝယ်ယူမည်ဟုfast food giantကုမ္ပဏီကြီးမှကတိပေးခဲ့သည်။
တနင်္လာနေ့တွင်McDonald's၏တွစ်တာတွင်ရွှေနှင့်ခရမ်းရောင်နောက်ခံရှိမိုနိုပိုလီထဲမှယောက်ျား၏နှုတ်ခမ်းများပုံသဏ္ဌာန်နှင့်အတူ ထူးခြားသောအရာတစ်ခုလာမည်ဟ ထုတ်ဖော်ခဲ့သည်
Underneath the caption was a picture of a horizontal rectangular gold card on a purple background. It featured a purple moustache, and underneath read: '25th March'
အဆိုပါလျှို့ဝှက်စာတန်း:ကတော့ 'ဘာအကြောင်းအရာတွေလာမယ်ဆိုတာ သင်သိပါသလား။ပြီးတော့ ဒီနှစ်ကပိုမိုကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်လာတော့မှာပါ။ဤနေရာကိုကြည့်ပါ #McDonaldsVIP 'ဖြစ်ပါတယ်။
McDonald's announced the return of its Monopoly promotion with this cryptic social media post on Monday
McDonald's မှနှစ်စဉ်ကျင်းပသည့် Monopoly ဂိမ်းသည် စားသုံးသူများအနေဖြင့် အခမဲ့ ဟမ်ဘာဂါမှသည်£ 100,000 အထိငွေသားများရနိုင်သည့်ဆုများကို ယခုလနှောင်းပိုင်းတွင် ၁၅ကြိမ်အထိပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့သည်။
၄၁ရက်ကျင်းပမည့် ၎င်းအစီအစဉ်သည် မေလ ၅ ရက်အထိအသုံးပြုနိုင်မည်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် VIP ရွှေကဒ်သည် ကမ်းလှမ်းသောဆုများထဲမှတစ်ခုဖြစ်သည်။
McDonald ၏ပြောရေးဆိုခွင့်ရှိသူက“ နှစ်ပေါင်းများစွာတောင်းဆိုမှုများအပြီး McDonald's သည် VIP Gold Card ကိုစတင်သုံးစွဲလိုက်သည်။တခြားBRIT Award မလိုအပ်ပါ။McDonald's Gold Cardကသင်ကိုယ်တိုင်သင့်လက်နှင့်ရနိုင်သည့်တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီးကစားဖို့တိုက်တွန်းပါသည်။ Stormzy (သို့) Ed Sheeran တို့လိုဖြစ်ချင်ရင် Monopoly ကစားရလိမ့်မယ်။ 'ပြောသွားပါသည်။
ဤမှတ်ချက်သည် Stormzy အား Greggs အနက်ရောင်ကဒ်ပြားပေးအပ်ခြင်းကိုရည်ညွှန်းခြင်းဖြစ်သည်၊ ဆိုလိုသည်မှာသူသည်ယခုနှစ် BRIT Awardsတွင်အနိုင်ရရှိပြီး သူသည်ကိတ်မုန့်ဆိုင်မှ ပစ္စည်းများကို သူအလိုရှိတိုင်းမှာယူနိုင်လို့ပဲဖြစ်ပါတယ်။
McDonald's စားသောက်ဆိုင်များတွင် ၂၄နာရီ တစ်ပတ်လုံးတွင်အသုံးပြုနိုင်သည့်ရွှေကဒ်များကို McDonald's ကပထမဆုံးအနေဖြင့်ထုတ်ပြန်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါ။
An example of what the new McDonald's gold cards could look like (pictured). Holders will be allowed a free meal every week for an entire year
Bill Gates နှင့်မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney ၏ဖခင်သည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ကန့်သတ်ချက်မရှိ McDonald's အားလွတ်လပ်ခွင့်ပေးထားသောကြောင့်ဖြစ်သည်။
ဂိမ်းတွင် အချို့သောပစ္စည်းများကိုစုဆောင်းမိလျှင် ဆုတစ်ခုရနိုင်ပြီး အချို့အသုံးများသောစတစ်ကာများသည် ချက်ချင်းအနိုင်ရရှိသည်။၎င်းအနိုင်မှ အစားအစာများဖြစ်လာနိုင်သည်။
The fast-food giant revealed 'something special' is coming on March 25, and a spokesman told Femail it was the McDonald's Monopoly promotion (pictured)
မက်ဒေါ်နယ်၏ပရိသတ်များသည် စားသောက်ဆိုင်များတွင် ကျင်းပမည့် ဂိမ်းနှင့် ပတ်သက်၍ သူတို့၏စိတ်လှုပ်ရှားမှုများကို ဖော်ပြရန် တွစ်တာတွင် ရေသားခဲ့ကြသည်။
တစ်ယောက်ကသူသည်ဘဏ်ငွေလက်ကျန်အတွက်စိတ်လှုပ်ရှားနေကြောင်းဝန်ခံခဲ့သည်။
Ads We Like:AT&T TV ၏အသံစနစ်ကိုမြှင့်တင်ပေးသည့် LeBron James နှင့်အခြားကျော်ကြားသော နှုတ်ခမ်း(အသံ)ပိုင်ရှင်များ
အခြားတစ် ဦး က“ ဒီMcDonald'sရဲ့ ဂိမ်းအစီအစဉ်ကနေ ငါဟာ hash brownsနဲ့ရေခဲမုန့် မဟုတ်တဲ့ တခြားအရာတစ်ခုခုကို အနိုင်ရခဲ့မယ်ဆိုရင်ငါဟာတကယ့်ကို ပျော်စရာအကောင်းဆုံးနဲ့ကောင်မလေးပါ။ ”
တစ်ယောက်ကထပ်မံပြောကြားခဲ့သည်မှာ “ ဒါကြောင့်McDonald'sရဲ့ဂိမ်းအစီအစဉ် ဟာရက်သတ္တပတ်အနည်းငယ် အတွင်းမှာပဲ ပြန်လာပြီး အခမဲ့ ပန်းသီးပိုင်မုန့်ကိုရှာဖို့ Maccies ရှိကျောင်းသားချေးငွေအားလုံးကိုသုံးဖို့အချိန်ရောက်လာပြီ”
ပြီးတော့တစ်ယောက်က 'ဒီနေ့မနက်မှာ ငါ့ကိုပျော်ရွှင်စေမယ့် အရာက ပြီးတော့ မက်ဒေါ်နယ်ရဲ့ဂိမ်းအစီအစဉ်က မတ်လမှာပြန်လာပြီဆိုတာသိလိုက်ရတာကို ချစ်တာပါ'
အခြားတစ် ဦး က'မက်ဒေါ်နယ်၏ ဂိမ်းအစီအစဉ်ကို ယခုလ ၂၅ ရက်နေ့တွင်စတင်မှာဖြစ်ပြီး၊ မတ်လနှင့် ပတ်သက်၍ အကောင်းဆုံးအချက်ဖြစ်တယ်။ '
ဒါဟာ McDonald's ဂိမ်းအစီအစဉ် ပရိုမိုးရှင်းကြောင့် စားသုံးသူ ပရိသတ်များ၏ ရင်တွင်းစကားများ နှင့် ၎င်း၏ ဈေးကွက် ရှာဖွေရေး နည်းစနစ်ဖြစ်သည်။
Reference Source: Internet
Myanmar Advertising Directory
Published in Global