-->
×
Warning
JUser: :_load: Unable to load user with ID: 29
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမှတ်တံဆိပ်ရဲ့ ကြော်ငြာများ အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်း
လို့ စီအီးအို ဘီလ်နယူးလန်က ပြီးခဲ့တဲ့ လ“ Mad Money” အင်တာဗျူးတွင်ပြောကြားခဲ့ပါတယ်။
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Coronavirusဂယက်ထနေချိန်တွင် hard seltzer အသစ်ကို အရောင်းမြှင့်တင်ဖို့ ကြိုးစားတဲ့ Corona
Constellation အမှတ်တံဆိပ်များသည် ဗိုင်းရပ်စ်ပြဿနာနဲ့ နာမည်ပိုကြီးလာပြီး တွစ်တာတွင် တင်ထားသော နိင်ငံရေးကိစ္စရပ်များအပေါ် လူအများရဲ့ တုန့်ပြန်မှုကို လက်ခံရရှိပြီးနောက် Corona Hard Seltzer အသစ်အတွက် ဈေးကွက်ရှာဖွေရေးတွန်းအားကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။Corona Hard seltzer အရသာအသစ်များကို ဈေးကွက်သို့ မကြာမီ ရောက်ရှိလာတော့မယ် လို့ ကတိပေးခဲ့ပါတယ်။
Corona Extra၊ Modelo Especial နှင့် Svedka Vodka တို့ပါဝင်တဲ့ Constellation
ကပြီးခဲ့သည့်လက ဈေးကွက်တွင်ပေါ်ပေါက်လာသော ၎င်းရဲ့ seltzer အရသာအသစ် လေးခုကို ဈေးကွက်တွင် ဒေါ်လာသန်း ၄၀ ကျော်သုံးစွဲရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် ဤအချိန်အခါဟာ coronavirus ပြန့်ပွားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုများ မြင့်တက်နေပါတယ်။ကြာသပတေးနေ့ မွန်းလွဲပိုင်းပိုင်းက စတော့ရှယ်ယာဈေးကျဆင်းမှုကြောင့် စတော့၆% နီးပါးကျဆင်းခဲ့ရပါတယ်။
ယခုသီတင်းပတ် အစောပိုင်းက တွစ်တာမှာ Constellationရဲ့ အရောင်းမြှင့်တင်ရေး ကြော်ငြာတစ်ခုသည် ကမ်းခြေမှာ “Coming ashore soon” ဟူသော စကားလုံးပါပြီး သောင်ပြင်ပေါ်မှာ seltzerရဲ့ သံဗူးလေးခုကိုပြသထားတာပဲဖြစ်ပါတယ်။၎င်း ကြော်ငြာကို ဝေဖန်တဲ့သူများကတော့ ဒီseltzerရဲ့ အရသာဟာကောင်းမှာ မဟုတ်ဘူး၊ဒါဟာ “bad timing” အချိန်ကောင်းမဟုတ်ဘူး စသဖြင့် ဝေဖန်ကြပါတယ်။
Coronavirus ပျံ့နှံ့မှုကြောင့် ကြော်ငြာအသုံးစရိတ်များ ဒေါ်လာ ၃ဘီလီယံထိ လျော့ကျနိုင်
"Corona နဲ့ကျွန်တော်တို့ရဲ့ ကြော်ငြာက လွန်ခဲ့တဲ့ အနှစ် ၃၀
လုံးလုံးလှုပ်ရှားခဲ့သော campaignဖြစ်ပြီး ကိုက်ညီတဲ့ ကြိုက်နှစ်သက်ကြတဲ့ စားသုံးသူဖောက်သည်တွေရဲ့ စိတ်ဓာတ်ကိုအခြေခံပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက CNBC သို့အီးမေးလ်ဖြင့် ပြောကြားခဲ့ပါတယ်။
"ဒီဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်ရတဲ့ သူတွေကို စာနာမိပြီး အခြေအနေကို စောင့်ကြည့်နေတုန်းမှာ ကျွန်တော်တို့ရဲ့ စားသုံးသူ ဖောက်သည်တွေက ဒီဗိုင်းရပ်စ်ပိုးနဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်း အကြားဆက်နွယ်မှုမရှိဘူးဆိုတာကို နားလည်ထားကြပါတယ်"
iSpot ရဲ့အဆိုအရ Coronaက ယခုသီတင်းပတ်အစောပိုင်းမှာ hard seltzer
အတွက် ရုပ်မြင်သံကြားကြော်ငြာကိုစတင်မိတ်ဆက်ခဲ့ပါတယ်။
Coronavirus ဖြစ်ပွားမှုများ အကြား Corona ရဲ့ Brandသဘောထား ဘယ်လိုရှိတယ်ဆိုတာကို နိုင်ငံတကာမဲရုံ နဲ့ဈေးကွက်ရှာဖွေရေး ကုမ္ပဏီ YouGov က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့ပါတယ်။ နွေရာသီ အဖျော်ယမကာဖြစ်သော်လည်း Coronaကို ဝယ်ယူမှုနှုန်းက ၂နှစ်အတွင်းအနိမ့်ဆုံး ဖြစ်ပြီး ကမ်းခြေအားလပ်ရက်များနဲ့ ဆက်စပ်မှုက သိသိသာသာ ရာသီအလိုက် အတက်အကျရှိတာ ကိုတွေ့ရပါတယ်။ ” ကုမ္ပဏီအနေနဲ့ ရောဂါဖြစ်ပွားမှုက Corona ဘီယာပတ်ဝန်းကျင်မှာ ဆိုးကျိုးများ သက်ရောက်စေနိုင်တယ် လို့ပြောကြားခဲ့ပါတယ်။
“ အကြီးမားဆုံးမိတ်ဆက်ပွဲတစ်ခုဖြစ်ဖို့ အဆင်သင့်ပါပဲ။ဒါပေမယ့် ကျွန်တော်တို့က ဒါကိုကော်ပိုရေးရှင်းအတွက် အသုံးချတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်” "ဒါကြောင့်ကျွန်တော်တို့ဟာ ဒီစီးပွားရေးလုပ်ငန်းအတွက် သိသိသာသာရှယ်ယာရရှိလိမ့်မယ် လို့ယုံကြည်နေပါတယ်။ မတ်လ ၁ ရက်နေ့မှာ ထုတ်ကုန်တွေကို ဖြန့်ချီဖို့ မစောင့်နိုင်တော့ပါဘူး။"
လိ့ု စီအီးအို ဘီလ်နယူးလန်က ပြီးခဲ့တဲ့ လ“ Mad Money” အင်တာဗျူးတွင်ပြောကြားခဲ့ပါတယ်။
Reference Source: CNBC
Myanmar Advertising Directory
Published in Global