-->
×

Warning

JUser: :_load: Unable to load user with ID: 29

တရုတ်မှာ PUBG Mobile ကို တရားဝင်ရပ်နားလိုက်တဲ့ Tencent

လက်ရှိ Battle Royale Title မှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ PUBG Mobile ဟာ Negative Reviews တွေနဲ့ အိန္ဒိယ၊ နီပေါ နိုင်ငံတွေမှာ တရားဝင် Ban ခံထားရတဲ့ Game ဖြစ်နေပါတယ်။ ပြောရရင်တော့ Discriminate လုပ်တယ်လို့ဆိုရမှာပါ။ ဒါပေမယ့် လူမှုကွန်ယက်နယ်ပယ်မှာတော့ လက်ခံလို့မရတဲ့ အကြောင်းပြချက်တွေပါဝင်ခဲ့သလို ဂိမ်းကပဲ လူကိုဖျက်ဆီးနေတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ခဲ့တာကြောင့် PUBG Mobile ရဲ့ Parent Company တဖြစ်လည်း Bluehole Company က “လူငယ်တွေဂိမ်းဆွဲတာမှန်ပေမယ့် ကျွန်တော်တို့မှာလည်းတာဝန်ရှိတယ်၊ ဒါပေမယ့် ပညာတတ်အသိုင်းအဝိုင်းဖြစ်လျက်နဲ့ တာဝန်ယူပေးနိုင်တဲ့ Feedback ကိုနားမဆင်ဘဲ လုပ်ချင်ရာလုပ်တယ်” ဆိုပြီး ပြောထားခဲ့ပါတယ်။

ယင်းသဘောက တရုတ်မှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို၊ ည ၇ နာရီကနေ မနက် ၇ နာရီအထိ ကစားချိန်ကန့်သတ်လိုက်တာမျိုး၊ ပြင်သစ်မှာဆိုရင် အသက် ၁၅ နှစ်အောက် လူငယ်တွေကို ဖုန်းသုံးချိန် Limit လုပ်ထားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့သတင်းကတော့ တရုတ်မှာထုတ်တဲ့ဂိမ်းကို တရုတ်ကိုယ်တိုင် သူ့နယ်မြေမှာ ပြန်ပိတ်လိုက်တာပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လစာအကောင်းဆုံးရရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်အကိုင်များ

ဒါဆိုရင် အကြောင်းပြချက်ကတော့ရှင်းပါတယ်။ ကိုယ့်နေရာမှာထုတ်တဲ့ Legal Product တစ်ခုကို အစိုးရကပိတ်ပင်တာ၊ တစ်ခုခုနဲ့ညှိစွန်းတာမျိုးက အပေါ်ကပြောတဲ့ Violence ဖြစ်တာ၊ စွဲလမ်းစေတာမျိုးနဲ့ မသက်ဆိုင်တော့ဘဲ၊ ခိုင်မာတဲ့ Source အရ လိုင်စင်လုပ်ငန်းနဲ့ ပတ်သက်လို့ In-game Purchase ဝင်ငွေ ကြောင့်ပဲဖြစ်ပါတယ်။

ပြဿနာမြစ်ဖျားခံလာတာကတော့ PUBG Mobile ဟာ တရုတ်နိုင်ငံမှာ Launch လုပ်ခဲ့တဲ့ ၂၀၁၇ မတ်လ ကတည်းက အကြုံးဝင်နေခဲ့တာပါ။ Reuters စာမျက်နှာမှာတော့ PUBG Mobile ကို တရုတ်နိုင်ငံမှာ Test Version အနေနဲ့သာ Launch လုပ်ခဲ့တာဖြစ်ပြီး အခုချိန်မှာဆိုရင် In-game Purchase ကနေ ဒေါ်လာ ၁.၈ ဘီလီယံ ရောင်းရခဲ့တယ်လို့ သိရပါတယ်။


Tencent အနေနဲ့ PUBG Mobile လိုင်စင်ကို တောင်ကိုးရီးယား အခြေစိုက် Bluehole Company ကတဆင့် ပြုလုပ်ခဲ့တာဖြစ်ပေမယ့် နှစ်နိုင်ငံဆက်ဆံရေး အခြေနေကြောင့်သာ Tencent မျှော်လင့်ထားတဲ့ Approval အားလုံး ပျက်သုဉ်းသွားတာပါ။ နောက်ပြီး တရုတ်အစိုးရကိုယ်တိုင်လည်း PUBG Mobile အားမပေးသလို တရုတ်အာဏာပိုင်အကြား Dooming Title ဖြစ်နေတဲ့ Battle Royale ဂိမ်းကို အစကတည်းက Tencent လက်မခံသင့်ဘူးလို့လည်း သုံးသပ်မိပါတယ်။

အခုချိန်မှာတော့ PUBG ကစားသမားတွေကို Gameplay ၊ Background ၊ Graphics Design နဲ့ Characters အားလုံး အတူတူပဲဖြစ်တဲ့ Game for Peace မှာဆော့ကစားဖို့ Push လုပ်ထားပြီဖြစ်ပါတယ်။ ဒီဂိမ်းဟာ တရုတ် Regulatory နဲ့ လိုက်လျောညီထွေဖြစ်သလို သွေးထွက်သံယိုဖြစ်မှုတွေလည်း မပါဝင်ဘူးလို့ တရုတ်ပိုင် Weibo မှာ ဖော်ပြထားပြီဖြစ်ပါတယ်။

ဘယ်လိုပဲပြောပြော Developer အနေနဲ့ ပါဝင်ထားတဲ့ ဘယ်ဂိမ်းမဆို In-game Purchase ပိုင်ဆိုင်ဖို့က မသက်ဆိုင်တဲ့ Category တစ်ခုပါ။ ဥပမာ Titanfall ကို Publisher Electronics Art ထုတ်ဝေတယ်၊ Developer “Respawn” က DICE ဂိမ်းအင်ဂျင်နဲ့ ဖန်တီးတယ်။ ဒီနေရာမှာ EA သာ Respawn ရော DICE Engine ကို လိုင်စင်ခွင့်တင်ထားပြီးသားဆိုရင် ဘာဝင်ငွေမဆို ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ဒါပေမယ့် Bluehole Company မှာ လိုင်စင်လုပ်ထားလျက်နဲ့ ဝင်ငွေရသင့်သလောက် မရဘူးဆိုတော့ Shut Down လုပ်ပစ်လိုက်ရုံပဲ ရှိတာပေါ့နော်။ တရုတ်တစ်နိုင်ငံထဲတင် ကစားသူပေါင်းသန်း ၇၀ လောက်ရှိနေတဲ့ အင်အားကိုပါ Remove လုပ်ပစ်တာဆိုတော့ Farewell လို့ပဲ ပြောရပါတော့မယ်။

Source : akhayar
Myanmar Advertising Directory

 

Published in Global

တစ်ချို့အလုပ်အကိုင်တွေဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ လုပ်ရသလောက် ဝင်ငွေလည်း ထင်သလောက် မကောင်းပါဘူး။

Published in Global

၂၀၁၉ ရဲ့ပထမသုံးလပတ် ဝင်ငွေတိုးတက်မှုမှာ အမေရိကန်ဒေါ်လာ ၅၂၁ ဘီလီယံတန်ဖိုးရှိတဲ့ Social Network’s Image-sharing Unit နဲ့ ထိပ်တန်းကုမ္ပဏီတွေထဲမှာ Instagram က အဓိကနေရာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Published in Global

အမေရိကန် ကော်ဖီ Company တစ်ခုဖြစ်တဲ့ Starbucks ကို ၁၉၇၁ ခုနှစ်မှာ Jerry Baldwin, Zev Siegl နဲ့ Gordol Bowker တို့က စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။

Published in Global

Brian Wong ဆိုတဲ့ ကနေဒါနိုင်ငံသား အင်တာနက်စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ ထူးချွန်လွန်းတာကြောင့် အသက် ၁၈ နှစ်မှာဘွဲ့ရခဲ့ပြီး Kiip ဆိုတဲ့ မိုဘိုင်းကြော်ငြာလုပ်ငန်းကို စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၂ သန်းရရှိခဲ့ပါတယ်။

Published in Global

Gmail သုံးစွဲသူတွေအတွက် Gmail ၁၅ နှစ်ပြည့်မှာ Google က Scheduled Feature ကို ထည့်သွင်းပေးလိုက်ပါတယ်။

Published in Global

Instagram ရဲ့ လေ့လာစမ်းသပ်ချက်တွေမှာ Update အနေနဲ့ ထွက်လာနိုင်ဖွယ်ရှိတဲ့ သတင်းတစ်ခု ကိုဖော်ပြပေးသွားပါမယ်။

Published in Global

Google ဟာ သုံးစွဲသူတွေက Chrome နဲ့ app တွေအတွင်း အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်မှတ်တမ်းနဲ့ တည်နေရာ history အသေးစိတ်ကို မှတ်တမ်းထားလေ့ရှိပါတယ်။

Published in Global

Youtube မှာ ဗီဒီယိုလေးတွေတင်ရုံနဲ့ ဒေါ်လာသန်းနဲ့ချီရနေတဲ့သူတွေ ရှိတယ်ဆိုတာကို မသိသေးတဲ့ သူတွေအတွက်အနည်းငယ် အထူးအဆန်းဖြစ်နိုင်ပါတယ်။

Published in Global

Adi Dassler လို့သိထားတဲ့ Adolf Dassler ကို ၁၉၀၀ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာဗားရီးယားပြည်နယ်၊ Herzogenaurach မြို့မှာ မွေးဖွားခဲ့ပါတယ်။ ရှူးဖိနပ်စက်ရုံလုပ်သား Christoph Dassler ရဲ့ သားဖြစ်ပြီး ရှူးဖိနပ်လုပ်ငန်းထဲကို အသက် ၂၀ မှာစတင်ဝင်ရောက်ခဲ့ပါတယ်။

Published in Global
Page 8 of 12