တရုတ်နိုင်ငံရဲ့ ၈၀ရာခိုင်နှုန်းသော ဈေးကွက်ကို အဓိကနေရာယူထားတဲ့ Major Streaming Platformsတွေဖြစ်တဲ့ Baidu’s iQiyi၊ Tencent Videoနှင့် Alibaba’s Youkuတို့ဟာ အသစ်ဖြစ်တဲ့ Bilibili နဲ့short-form video servicesတို့လို့ Appတွေကြောင့် ၎င်းတို့ရဲ့ ကြီးစိုးမှုကို ထိခိုက်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။
ဒါ့ကြောင့် platformsကို ဖြန့်ကျက်ပြီး ကြီးစိုးဖို့အတွက် နည်းလမ်းတွေနဲ့ ဈေးကွက် အသစ်တွေကိုရှာဖွေတဲ့အခါမှာ သူတို့ဟာ အရှေ့တောင်အာရှကို စိတ်ဝင်စားလာပါတယ်။
ဇွန်လမှာတော့ Tencent ဟာ မလေးရှားအခြေစိုက်ဖြစ်သော over-the-top (OTT) platform Iflixကို ခက်ခက်ခဲခဲဝယ်ယူနိုင်ခဲ့ပါတယ်။iQiyiကတော့Netflix ရဲ့ အမှုဆောင်အရာရှိချုပ်နှင့် ယခင်စင်ကာပူသံတမန် Kuek Yu-Chuang တို့ကို အာရှတိုးချဲ့ရေးနေရာအတွက် ငှားရမ်းခဲ့ပါတယ်။တချိန်တည်းမှာပဲ iQiyi က SEA (South East Asia)ဈေးကွက်မှာ Brand နဲ့ပတ်သက်တဲ့ အသိပညာတိုးပွားစေရန်အတွက် အေဂျင်စီpartners များကိုလည်းရွေးချယ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ WeTV platformကို Tencent Videoက ထပ်တိုး ထုတ်လွှင့်ပြသခဲ့ပြီး သူတို့ရဲ့ နောက်ဆုံးပြခဲ့တဲ့ showဖြစ်တဲ့Chuang 2020ကတော့ မလေးရှားနိင်ငံနှင့် ထိုင်းနိုင်ငံတို့မှ memberများရရှိခဲ့ပါတယ်။ပရိသတ်များကြားထဲမှာ အရမ်းကို ဆွဲဆောင်မှုဖြစ်ခဲ့ပါတယ်။Iflixဟာ ၂၀၂၀ ဧပြီလကတည်းက ပုံမှန်အသုံးပြုသူ ၂.၅သန်းကျော်ရှိပြီး တစ်လကို၂.၅ဘီလီယမ် မိနစ် ကြည့်ရှူကြပါတယ်။
တရုတ်နိုင်ငံရဲ့ streaming service industry မှာ streaming platforms ၃၀၀ကျော်ဟာ အသေကြေတိုက်ခိုက်နေကြပြီး ကြီးစိုးဖို့ကို အားထုတ်နေကြပါတယ်။အခုလို စီးပွားရေးဈေးကွက်တွေ တည်တည်ငြိမ်ငြိမ် ပြန်လည်လှုပ်ရှားလာကြတဲ့အခါမှာ ဘယ်လိုအကြောင်းပဲဆိုဆို SEA(South East Asia)ကတော့ ကျန်ရှိနေသေးတဲ့ ဈေးကွက်ပစ်မှတ်ရဲ့ သားကောင်ပဲဖြစ်ပါတယ်။
<<<ZawGyi>>>
တရုတ်နိုင်ငံEntertainment ကုမ္ပဏီတွေရဲ့ ဦးတည်ချက်က ဘာလို့ အရှေ့တောင်အာရှကို ပစ်မှတ်ထားလာသလဲ
Ref: The Drum
Gamingဟာ တခြားနယ်ပယ်တွေမှာ ကြီးမားတဲ့ပြိုင်ဘက်တစ်ခုအနေနဲ့ ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်social mediaတွေမှာ gamingနဲ့ ပတ်သက်တဲ့ နည်းဗျူဟာတွေ၊စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေကို အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တွန်းအားပေးသင့်ပါတယ်။Gaming Industryဟာ 90sလောက်ထဲက ယောက်ျားလေးအများစုကို အဓိက ရည်ရွယ်တာဖြစ်ပြီး အကြမ်းဖျင်းအားဖြင့်တောင် ကမ္ဘာပေါ်မှာ လူဦးရေ ၂.၅ ဘီလီယမ်ဟာ ဂိမ်းကစားကြပါတယ်။ဒါတောင် ကိုယ့်ကိုယ်ကို Gamerလို့ မခံယူထားတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။Amazon၊Google၊Facebookနှင့်Apple တို့တောင် Gamingနဲ့ ပတ်သက်ပြီး ရင်းနှီးမှုအကြီးစားတွေလုပ်လာပြီဆိုတော့ Gamingလောက တောက်ပလာနေပြီဆိုတာ အသေချာပါပဲ။
Esportsဆိုတာဟာ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက PC gamingကနေ စတင်နေတယ်ဆိုရင်လည်းမမှားနိုင်ပါဘူး။ဒါပေမယ့် လွန်ခဲ့တဲ့ ၂နှစ်၃နှစ်ကနေ စပြီး အိန္ဒိယနဲ့ အရှေ့တောင်အာရှတွေမှာ mobile esportsဟာ ကျယ်ပြန့်လာပြီး ခေတ်စားလာပါတယ်။mobileကတော့ စီးပွားရေးသမားတွေအတွက် သာမက playerတွေအချို့ရဲ့ ဝင်ပေါက်တစ်ခုဖြစ်ပါတယ်။မီလီယံနဲ့ ချီတဲ့ playerတွေရှိတဲ့အတွက်ကြောင့် နောက်လာမယ့် ၂နှစ်၃နှစ်မှာ mobile esports ဟာ PC gaming သာမက အားလုံးထပ်များပြားလာနိုင်ပါတယ်။
အခုလို covid ကာလမှာ လူတွေဟာ Stay Home ဖြစ်ပြီး lockdownကြောင့် အနည်းနှင့်အများ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ဒါ့ကြောင့်စိတ်အပန်းဖြေနိုင်ရန်အတွက် gameတွေဆော့လာကြတဲ့အခါ gamingဘက်ကိုရောက်ရှိလာကြပါတယ်။coronavirus ကာလမှာ Gameကစားသူ အရေအတွက်ဟာ တိုးတက်လာခဲ့ပါတယ်။ထို့ကြောင့် Gaming Industryဟာ လူတွေကြားထဲမှာ အဓိက နေရာကပါဝင်လာပြီဆိုတာ ချန်ထားလို့မရတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
<<<ZawGyi>>>
Gaming Industry တိုးတက်လာခြင်းက Entertainmentအဖြစ် အဓိကနေရာက ပါဝင်လာနိုင်သလား
Ref: The Drum
အခုဆိုရင်တော့ ပိတ်ရက်မှာ Stay Home ရင်းကြည့်လို့ရမည့်ဇာတ်ကားလေးတစ်ကားကို ပရိသတ်ကြီးကိုညွှန်းပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ အခြားဇာတ်ကားမဟုတ်ပါဘူး Onward ဆိုတဲ့ ဇာတ်ကားပါ ထိုဇာတ်ကားထဲမှာတော့ ချစ်စရာ ကာတွန်းဇာတ်ကောင် ခပ်ပြာပြာနားရွက်ကားကားလေးနဲ့ နတ်သူငယ်ကောင်လေးတွေပါဝင်ပါတယ်။