-->


ပိုကောင်းအောင်လည်းလုပ် တစ်မူထူးခြားအောင်လည်းလုပ်

ပိုကောင်းအောင်လည်းလုပ် တစ်မူထူးခြားအောင်လည်းလုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ဖို့ ပိုကောင်းအောင် လုပ်ကြရတယ်။

ဝန်ဆောင်မှုအပိုင်း ပိုကောင်းအောင် လုပ်ကြရတယ်။ 

ပိုအောင်မြင်ချင်ရင် ပိုကောင်းအောင် လုပ်ကြတဲ့အပြင် သူများမလုပ်တာကို လုပ်ဖို့လည်း လိုတယ်။

 

Citicorp က ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ပေးအပ်တာမှာ automated teller machine ATM စက်နဲ့ ငွေထုတ်ပေးတာကို လမ်းသစ်ထွင်ပြီး သူများတွေ မလုပ်သေးတာကို လုပ်ခဲ့တယ်။

credit card ကို လူတွေ သုံးဖို့ ထက်ထက်သန်သန် လုပ်ခဲ့တဲ့ ပထမဆုံးဘဏ် ဖြစ်ပါတယ်။

 

ပိုအောင်မြင်ချင်ရင် ပိုကောင်းအောင် လုပ်တဲ့အပြင် ပိုထူးခြားသွားအောင်လည်း လုပ်ဖို့ လိုပါတယ်။

 ယမန်နှစ်ကထက် ယခုနှစ်မှာ ၁၅% ပိုကောင်းအောင် လုပ်ပြီး ၁၀၀% ပိုထူးခြားအောင် ဆန်းသစ်တီထွင်ပါ။ ပြိုင်ဘက်တွေက နောက်က လိုက်လုပ်ကြရတဲ့ အနေအထားကို ရယူလိုက်ပါ။

ပိုကောင်းအောင် ပိုထူးခြားအောင် လုပ်တာမှာ ယေဘုယျအားဖြင့် အဆင့် ၃ ဆင့် ရှိတယ်။

ကားတွေ ထုတ်လုပ်ကြပုံကို ဥပမာပေးပြီး ရှင်းပြကြလေ့ရှိတယ်။

ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ ကားတွေက ရိုးရှင်းတယ်။ ကားအရောင်က အမည်းရောင်၊  အမည်းရောင်ကလွဲလို့ တခြား ဘာအရောင်မှ မထုတ်လုပ်ဘူး။ တစ်နေရာကနေ နောက်တစ်နေရာကို မောင်းသွားလို့ ရနေရင် ကားဝယ်စီးသူတွေက ကျေနပ်ကြတယ်။ 

နောက်တော့ ကားထုတ်လုပ်မှုက ပထမအဆင့်ကနေ ဒုတိယအဆင့်ကို မြင့်တက်ခဲ့ပါတယ်

 

ဒုတိယအဆင့်မှာ ကားချင်းအတူတူ ကိုယ့်ကုမ္ပဏီက ကားကို ဝယ်စီးအောင် လုပ်ကြရတယ်။ ပိုကောင်းအောင် လုပ်ကြတယ်။ ကိုယ်ထည်အရောင် အမည်းတွေချည်း ထုတ်နေလို့ မဖြစ်ဘူး။ ထူးခြားအောင် တခြားအရောင်တွေနဲ့လည်း ထုတ်လုပ်လာကြတယ်။ 

ကားထဲမှာ ပြာခွက် ထည့်ပေးတယ်။ ယာဉ်မောင်းက ဆေးလိပ်သောက်ရင် ပြာခြွေဖို့ အဆင်ပြေတယ်။ နောက်တော့ ကားထဲမှာ ဆေးလိပ်သောက်ဖို့အပြင် ရေဒီယို နားထောင်လို့ ရအောင် AM/FM ရေဒီယို ထည့်ပေးကြတယ်။ 

‌ပထမအဆင့်က ပစ္စည်းကအဓိက။ ကားဖြစ်ရင် ပြီးရော ဝယ်စီးကြတယ်။

ဒုတိယအဆင့်က ဈေးကွက်ထဲမှ လိုအင်တွေ အဓိက ဖြစ်လာတယ်။ ကားမောင်းရင်း ဆေးလိပ်သောက်ချင်တာကို ဖြည့်ဆည်းပေးတယ်။ ကားမောင်းရင်း ရေဒီယို နားထောင်ချင်တာကို ဖြည့်ဆည်းပေးတယ်။ ကားဖြင့် သွားလာနေရင်း ဖုန်းပြောချင်တာကို ဖြည့်ဆည်းပေးဖို့ ကားမှာ ဖုန်းထည့်ပေးတယ်။ 

 

photo_2023-06-01_14-36-36.jpg

 

အများစုက အဆင့်နှစ်မှာပဲ အဆုံးသတ်ကြတယ်။ ပိုကောင်းအောင် လုပ်ပေးတယ်။ ပိုထူးခြားအောင် လုပ်ပေးထားတယ်။

အဆင့်-၃ မှာ စားသုံးသူတွေ မစဉ်းစားမိတာ၊ လိုအပ်တယ်လို့ မထင်တာတွေ ဖန်တီးပေးထားတယ်။ ထူးထူးခြားခြားတွေကို ကားစီးသူက ရရှိတယ်။

 NIO ရဲ့့ကားမှာ Queen Seat ထိုင်ခုံ ပါတယ်။  ခလုတ်တစ်ချက်နှိပ်လိုက်ရင် ထိုင်ခုံက လှဲအိပ်ဖို့ အဆင်ပြေတဲ့ အနေအထား ပြောင်းပေးလိုက်တယ်။ ကားစီးတဲ့သူ အများစု စိတ်ကူး မရှိတာကို စီစဉ်ပေးထားတယ်။

 ယခုအခါ တရုတ်ကားထုတ်လုပ်သူတွေက အစဉ်အလာရှိတဲ့ ကား brand တွေကို အဆင့်-၃ ဖြင့် ယှဉ်ပြိုင် အနိုင်ယူနေတယ်။ အနောက်နိုင်ငံများမှ  အစဉ်အလာရှိတဲ့ ကားထုတ်လုပ်သူတွေက အဆင့်-၂ မှာ ကျန်ခဲ့ကြတယ်။

ဝန်ဆောင်မှုကို ဈေးကွက်တင်ကြတာမှာ အဆင့်-၁ ၊ အဆင့်-၂ မှာပဲ ရပ်နေကြတာ များတယ်။ 

ဈေးကွက်က ဘာလိုအပ်သလဲ၊ ဘာလိုချင်သလဲ အဆင့်-၂ ကို ပိုကောင်းအောင် ပိုထူးခြားအောင် လုပ်ပေးပြီးရင် ဘာလုပ်ပေးလို့ ရမလဲဆိုတာ စဉ်းစားပြီး ဖန်တီးပေးလိုက်ပါ။ အဆင့်-၃ ကို လှမ်းတက်လိုက်ပါ။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)