-->


ကြော်ငြာရေးကြည့်ပါ

ကြော်ငြာရေးကြည့်ပါ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရွှေစစ်ရင် ငရဲမီး (အက်စစ်) ထဲ စိမ်ထားလို့ ဘာမှ မပျက်စီးဘူး။ 

သင်လုပ်ကိုင်နေတဲ့ ဝန်ဆောင်မှု ရွှေစစ်သလား သိရအောင် အက်စစ်ထဲ စိမ်ကြည့်တဲ့နည်း တစ်နည်းက ကြော်ငြာရေးကြည့်တာ ဖြစ်ပါတယ်။

.

 အမေရိကန်မှ ကြော်ငြာအေဂျင်စီတစ်ခုမှာ လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်တဲ့ ဟယ်ရီ ဘက်ဝစ်က သူ့ကိုယ်တွေ့ အတွေ့အကြုံတစ်ခုနှင့် သူရခဲ့တဲ့ သင်ခန်းစာကို ပြန်လည်ရေးသား ပြောပြဖူးပါတယ်။

.

ကျွန်တော်က Chuck Anderson ရဲ့ ရုံးခန်းထဲမှာ သူနဲ့အတူ ကြော်ငြာတစ်ခု ဖန်တီးနေတယ်။

နံရံတွေပေါ်မှာ ကပ်ထားတဲ့ စက္ကူတွေပေါ်မှာ ကျွန်တော်တို့ စိတ်ထဲ ပေါ်လာသမျှ ရေးချပြီး တေးမှတ်ထားတာတွေ တော်တော်များနေပြီ။ ကြော်ငြာတစ်ခုမှ ရမလာသေးဘူး။

တစ်ရက်ကနေ နှစ်ရက် ဖြစ်လာတယ်။ 

ကြော်ငြာ ထွက်မလာဘူး။

သုံးရက်မြောက်နေမှာ ကြာနေပြီဆိုတော့ ကျွန်တော်တို့ ရှိနေတဲ့ Chuck ရဲ့ ရုံးခန်းထဲကို creative director ရောက်လာတယ်။

ကြော်ငြာ ဖန်တီးဖို့ ကြိုးစားနေဆဲဆိုတာ သူရိပ်မိတယ်။ သူဘာသာသူ မသဲမကွဲ ရေရွတ်ပြီး ပြန်ထွက်သွားတယ်။ သူဘာပြောမှန်း မသိရဘူး။

နောက်တစ်နေ့မှာ သူ ထပ်ရောက်လာပြန်တယ်။

ကျွန်တော်တို့ နှစ်ယောက် အကြံအိုက်နေကြတုန်းပဲ။ ဘာမှ မထူးခြားသေးဘူး။ နံရံတွေပေါ်မှာလည်း မှတ်သားထားတာတွေ ပွနေပြီ။

သူက သူ့ဘာသာသူ ရေရွတ်ပြန်တယ်။

ဒီတစ်ခါတော့ သူ့စကား သဲသဲကွဲကွဲ ပြတ်ပြတ်သားသား ကြားလိုက်ရတယ်။ အဲဒါ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကပါ။ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း မှတ်မိပါတယ်။

"ကြော်ငြာ ရေးဖို့ ဒီလောက်တောင် ခက်ခဲနေတယ် ဆိုရင် ပစ္စည်းကိုပဲ အပြစ်တင်ရတော့မယ်"

.

တကယ်မှန်တဲ့ စကားပါ။

သင် လုပ်ကိုင်နေတဲ့ ဝန်ဆောင်မှုကို သင် ကိုယ်တိုင် ကြော်ငြာရေးကြည့်ပါ။ 

ဖန်တစ်ရာထေနေတဲ့ တစ်ခါလာ မွဲပြာပုဆိုး ကြော်ငြာပဲ ရနေသလား။ 

ဝယ်သုံးမယ့်သူကို ကံစမ်းမဲ ပေးတာပဲ ရေးစရာ ရှိသလား။

ဆွဲဆောင်နိုင်တဲ့ အလားအလာ ကတိကဝတ် ဘာများ သူများတွေထက် ထူးပြီး ပေးနိုင်သလဲ။ ဘာတွေ အာမခံချက် ပေးနိုင်သလဲ။ 

ထူးမခြားနား ဖြစ်နေတယ်ဆိုရင် သင့်ဝန်ဆောင်မှုကို ပြုပြင်ရန် လိုအပ်ပါလိမ့်မယ်။

.

သင့်ဝန်ဆောင်မှုကို ကြော်ငြာရေးကြည့်ပါ။ 

တစ်ပတ်အကြာမှာ အကောင်းဆုံးဆိုတဲ့ ကြော်ငြာတွေ ရလာမယ်။ 

အဲဒီကြော်ငြာတွေက ထူးမခြားနား ဖြစ်နေပါတယ် ဆိုရင် ကြော်ငြာ ရေးတာရပ်လိုက်ပြီး ပြုပြင်ဖို့ စလုပ်ပါ။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)