-->


အာရှအချမ်းသာဆုံးပုဂ္ဂိုလ် ပြန်လည်ထုတ်လုပ်သည့် မူလလက်ဟောင်း အိန္ဒိယမူရင်းအချိုရည် မားကက်တင်း

အာရှအချမ်းသာဆုံးပုဂ္ဂိုလ် ပြန်လည်ထုတ်လုပ်သည့် မူလလက်ဟောင်း အိန္ဒိယမူရင်းအချိုရည် မားကက်တင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တစ်ချိန်တစ်ခါက ကိုကာကိုလာကို ပြိုင်ဆိုင်ခဲ့သော ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အကျော်ကြားဆုံး အိန္ဒိယမူရင်း မူလလက်ဟောင်းဆိုဒါကို အာရှအချမ်းသာဆုံးပုဂ္ဂိုလ်က ပြန်လည်ထုတ်လုပ်သည်။

.

ယခင်ရုံးချုပ်ကို နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သော်လည်း Campa Cola အမှတ်တံဆိပ်သည် အိန္ဒိယပြည်တွင်း ဈေးကွက်တွင်  တစ်ကျော့ပြန်လည်စတင်သည်။

.

အာရှ၏အချမ်းသာဆုံးပုဂ္ဂိုလ် Mukesh Ambani သည် တစ်ချိန်က ကိုကာကိုလာနှင့် ပက်စီတို့ကို ပြိုင်ဆိုင်ခဲ့သော ၁၉၇၀ ပြည့်လွန်နှစ်များက ဆိုဒါအမှတ်တံဆိပ် Campa Cola ကို ပြန်လည်စတင်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့ရာ Campa Cola အဖျော်ယမကာကို သောက်သုံးကြီးပြင်းလာသူ သန်းပေါင်းများစွာတို့ အကြား ဆိုရှယ်မီဒီယာပေါ်တွင် လွမ်းဆွတ်တမ်းတသည့်လှိုင်းများ ထသွားစေခဲ့သည်။

.

Ambani ၏ Reliance Group မှ Campa Cola သည် ယခုနွေရာသီတွင် အိန္ဒိယ၏ ဒေါ်လာဘီလီယံပေါင်းများစွာတန်သော အရက်မပါ အချိုရည်ဈေးကွက်သို့ Campa Cola ကို အရသာသုံးမျိုးဖြစ်သည့် ကိုလာ၊ သံပုရာနှင့် လိမ္မော်တို့ ထုတ်လုပ် ဖြန့်ဖြူးမည်ဟု ကြေညာခဲ့သည်။

အိန္ဒိယဈေးကွက်ထဲ Campa Cola ပြန်လည် ရောက်ရှိလာသည့်သတင်းသည် ငယ်စဉ်ကတည်းက အရက်သောက်ခြင်းကို မှတ်မိသော သက်လတ်ပိုင်းတို့ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည်။

.

Coca-Cola ကို ၁၉၅၀ ပြည့်လွန်နှစ်များတွင် အိန္ဒိယနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကျော်အကြာတွင် အိန္ဒိယအစိုးရမှ ၎င်း၏ဖော်မြူလာကို အသိပေးရန် လိုအပ်မည့် စည်းမျဉ်းတစ်ခုကို ပြဋ္ဌာန်းလိုက်သောအခါ Coca-Cola သည် အိန္ဒိယစျေးကွက်မှ နုတ်ထွက်ခဲ့သည်။

အိန္ဒိယဈေးကွက်တွင် ကမ္ဘာကျော် အချိုရည် ကိုကာကိုလာကို မရရှိနိုင်‌သည့်ကာလမှာ Campa Cola က လစ်ဟာနေသည့်နေရာကို ဖြည့်တင်းပေးခဲ့သည်။

ထိုအခါ လစ်ဟာသွားသည့် ဈေးကွက်နေရာလပ်တွင် အစားထိုး သောက်စရာ Campa Cola သည် အကြီးအကျယ် ရေပန်းစားသွားသည်။ မကြာခင်မှာပင် အိန္ဒိယ အချိုရည်စျေးကွက်တွင် ဦးဆောင်သူ ဖြစ်လာသည်။ 

Campa Cola က Coca-Cola နည်းတူ ကြော်ငြာများ လှိုင်လှိုင်သုံးပြီး လူငယ်များအကြား Campa Cola ကို ရေပန်းစားသည့် ဖျော်ရည်အဖြစ်သို့ ရောက်စေခဲ့သည်။ 

Campa Cola ၏ ထင်ရှားကျော်ကြားသော ရုပ်မြင်သံကြား ကမ်ပိန်းတစ်ခုတွင် ဘောလိဝုဒ်မင်းသား Salman Khan ပါဝင်‌စေခဲ့သည်။

Campa Cola ၏ ပုံနှိပ်ကြော်ငြာများသည် ၎င်းတို့၏ ပေါ့ပ်အနုပညာ သရုပ်ဖော်ပုံများနှင့် ရဲရင့်သော အရောင်များကြောင့် လူသိများသည်။ ကြော်ငြာများတွင် "မဟာ အိန္ဒိယအရသာ" "Great Indian Taste" ကဲ့သို့သော  မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပြီး ဆွဲဆောင်သည့် စာတန်းပါရှိသည်။

.

 ၁၉၉၀ ပြည့်လွန်နှစ်များတွင် အိန္ဒိယနိုင်ငံ၏ ထိုအချိန်က ဝန်ကြီးချုပ် PV Narasimha Rao နှင့် ၎င်း၏ဘဏ္ဍာရေးဝန်ကြီး Manmohan Singh တို့သည် အိန္ဒိယနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်လာရန် တံခါးဖွင့်လိုက်သည်။

 .

ပြည်ပမှ ကိုလာ brand များ အိန္ဒိယဈေးကွက်ထဲသို့ ပြန်ရောက်လာကြသည်။ ၁၉၉၃ တွင် Coca-Cola ပြန်ရောက်လာသည်။ Pepsi နှင့် Fanta တို့သည်လည်း လူကြိုက်များသည့် အချိုရည်များ ဖြစ်ကြသည်။ Campa Cola သည် လက်လီဆိုင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

.

ယခုအခါ အိန္ဒိယနိုင်ငံတွင် အပူချိန်များ မြင့်တက်လာပြီး အအေးအဖျော်ယမကာ ၀ယ်လိုအား မြင့်တက်လာသည်။ အအေးဖျော်ရည် ရောင်းအားကောင်းသည့် ရာသီအစတွင် Campa Cola က အိန္ဒိယ အချိုရည်ဈေးကွက်ထဲ အချိန်ကိုက် ပြန်ဝင်သည်။

 

photo_2023-03-23_08-22-35.jpg

 

.

Reliance Consumer Products သည် နှစ် ၅၀ သက်တမ်းရှိ အထင်ကရ အဖျော်ယမကာ အမှတ်တံဆိပ် Campa Cola ကို  200 ml ပလတ်စတစ်ဘူး polyethylene terephthalate (PET) ဖြင့် ဖြန့်သည်။ ရောင်းဈေးမှာ တစ်ဘူး ၁၀ ရူပီ ဖြစ်သည်။

Coca-Cola က 200 ml ပုလင်းကို ၅ ရူပီဈေးချလိုက်သည်။ ယခင် ၁၅ ရူပီဖြင့် ရောင်းချခဲ့ပြီး ယခု ၁၀ ရူပီ ဖြစ်သွားသည်။ Campa Cola နှင့် ဈေးအတူတူ ဖြစ်သွားသည်ဟု ထင်မြင်ရသည်။ 

 

Coca-Cola က  200 ml အချိုရည် ဖန်ပုလင်းများကို ကတ်ဖြင့် ဖြန့်သည်။ ယခင်က လက်လီအရောင်းများသည် ကတ်အတွက် စဘော်တင်ထားရသည်။ ယခု စဘော်တင်ရန် မလိုတော့ဟု လျော့ပေါ့ပေးလိုက်သည်။ ကတ်ဖိုး စဘော်ငွေ ရူပီ ၅၀ မှ ၁၀၀ အထိ နေရာဒေသကို လိုက်၍ ပေးကြရသည်ကို ယခု ပေးစရာ မလိုတော့ချေ။ 

.

Campa Cola ၏ 200 ml PET ဘူး‌များသည် ဆိုင်မှာ ချပေးလိုက်လျှင် ရေခဲသေတ္တာထဲ အစီအရီ ရောက်သွားသည်။ 

Coca-Cola ၏  200 ml အချိုရည် ဖန်ပုလင်း ကတ်များကို ဆိုင်ရှေ့မှာ ဆင့်ထပ်ထားကြလေ့ရှိသဖြင့် လူမြင်သူမြင် ဖြစ်နေသည့် အကျိုးကျေးဇူး ရရှိသည်။

 .

PepsiCo က ဈေးမလျှော့ဟု အရောင်းကိုယ်စားလှယ်များထံ အီးမေးလ် ပို့ထားသည်။ သို့သော် Pepsi ၊  Mirinda ၊ 7 UP  တို့ကို အချိုရည် 2.25 litre PET ဘူး ၂ ဘူးဝယ်လျှင် ၁ ဘူး အခမဲ့ပေးသည့် Buy 2 Get 1 Free (2+1) အစီအစဉ်ဖြင့် မက်လုံးပေးသည်။ 

Campa-Cola က ကိုလာ၊ သံပုရာနှင့် လိမ္မော်တို့ ၃ မျိုးစလုံး 2  litre PET ဘူး ၁ ဘူးဝယ်လျှင် ၁ ဘူး အလကားပေးသည့် Buy 1 Get 1 Free (1+1) ဖြင့် မက်လုံးပေးသည်။

 

photo_2023-03-23_08-23-28.jpg

 

 Coke နှင့် Pepsi တို့၏ 2.25 litre PET ဘူး ရောင်းဈေးမှာ ၉၉ ရူပီ ဖြစ်သည်။ Campa Cola က 2 litre PET ဘူး ကို ရူပီ ၈၀ ဖြင့် ဖြန့်ဖြူးသည်။

.

Campa-Cola က Coca-Cola နှင့် Pepsi တို့ထက် သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးသည်။ ယခင် သုံးစွဲခဲ့သည့် "Great Indian Taste" စာတန်းဖြင့် မျိုးချစ်စိတ်ဓာတ်  ရှေ့တန်းတင်ပြီး လှုံ့ဆော်သည်။

.

ဈေးကွက်ဝေစု အခြေအနေ မည်သို့ ရှိမည်ကို စောင့်ကြည်ကြရဦးမည် ဖြစ်သည်။

Source decanherald

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)