-->


Avatar ရုပ်ရှင် ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံ ရရှိထားပြီ ဖြစ်သော်လည်း အရင်းမကြေသေး

Avatar ရုပ်ရှင် ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံ ရရှိထားပြီ ဖြစ်သော်လည်း အရင်းမကြေသေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Avatar: The Way Of Water ရုပ်ရှင် ကမ္ဘာတစ်လွှား ရုံတင်ပြသလျက် ရှိရာ သီတင်းပတ် ၂ ပတ် ကြာပြီးချိန်တွင် လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားပြီဖြစ်ကြောင်း Walt Disney Co က ပြောကြားသည်။ 

၂၀၂၂ ရုံတင် ရုပ်ရှင်များတွင် လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ကျော်သည့် အခြားရုပ်ရှင်ကားများထက်  Avatar က လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ ၁ ဘီလီယံ မိုင်တိုင်ကို  ကြာမြင့်ချိန် ရက်ပိုစောပြီး ကျော်ဖြတ်နိုင်ခဲ့သည်။ Universal Pictures မှ ထုတ်လုပ်သော  Jurassic World: Dominion ထက်လည်း ရက်ပိုစောသည်။ Paramount Global မှ ထုတ်လုပ်သည့် Top Gun: Maverick ထက်လည်း ရက်ပိုစောသည်။ ၂၀၂၁ တွင် ရုံတင်ပြသခဲ့သည့် Spider-Man: No Way Home ထက်လည်း ရက်ပိုစောသည်ဟု  Disney   က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၈) တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ 

 

The Way Of Water ၏ နောက်ထပ် စံချိန်တစ်ခုမှာ ထုတ်လုပ်မှု ကုန်ကျစရိတ် စံချိန်တင် များပြားခြင်း ဖြစ်သည်။ အရင်းကြေဖို့အတွက် လက်မှတ်ရောင်းအား ဆက်ကောင်းနေဖို့ လိုအပ်သည်။ ဒါရိုက်တာ  James Cameron က ၎င်းရုပ်ရှင်အတွက် အမြတ်ရဖို့ဆိုသည်မှာ လက်မှတ်ရောင်းသည့် ဝင်ငွေ အနည်းဆုံး ကန်ဒေါ်လာ ၂ ဘီလီယံ ရဖို့ လိုကြောင်း ပြောကြားသည်။ 

 

၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့သော ပထမဆုံး Avatar ရုပ်ရှင်သည် ကမ္ဘာတစ််လွှား လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ ၃ ဘီလီယံနီးပါး ရရှိခဲ့ပါသည်။ 

Source  BLOOMBERG

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)