-->
×

Warning

JUser: :_load: Unable to load user with ID: 29



















ကြော်ငြာမှာပါဝင်တဲ့ မင်းသား Henry Cavill ဟာဆိုရင်အင်္ဂလိပ်လူမျိုး ၁ ယောက်ဖြစ်ပြီး သူဟာရှေ့နေရုံးမှာ မိတ္တူ ကူး ကော်ဖီဖျော် ဘဝကနေမင်းသားအဖြစ်ကျော်ကြားလာသူတစ်ယောက်ဖြစ်တယ်။




Super Man ရိုက်ကူးခဲ့တဲ့ မင်းသားတွေက အမေရိကန်လူမျိုးတွေဖြစ်နေပေမဲ့ သူတစ်ယောက်ထဲ ထူးထူးခြားခြား အင်္ဂလိပ်လူမျိုးဖြစ်တာနော်။



 

SEO အတွက် တွေးတောသင့်သည့် အချက် ၃ ချက်











 

<<< Unicode >>>

 

အမေရိကန်နိုင်ငံရဲ့လူကြိုက်အများဆုံး အားကစားဖြစ်တဲ့ NFL American Football ကြော်ငြာကို နာမည်ကျော် မင်းသားကြီးတွေဖြစ်တဲ့ Henry Cavill ( Superman ) , Ben Affleck ( Batman ) နဲ့ Ezra Miller ( Flash)
တို့နဲ့ရိုက်ကူးထားတာဖြစ်တယ်။


ကြော်ငြာကတကယ့်ကို ရိုးရိုးရှင်းရှင်းလေး။


ကြော်ငြာကိုသူငယ်ချင်းဘော်ဒါတွေစုပီး ကျေးဇူးတော်နေ့ညစာစားချိန်လေးမှာ စကားစမြည်ပြောတာလေးနဲ့ အစပြုထားတယ်။


အမေရိကန် မှာအကျော်ကြားဆုံးအားကစားဖြစ်တဲ့ အမေရိကန်National Football League (NFL) ရဲ့ ပြိုင်ပွဲ အကြောင်းအစပြုပြောဆိုရင်း Henry Cavill နဲ့ Ben Affleck တို့ဟာ သူတို့အားပေးတဲ့အသင်းတွေရဲ့
ကောင်းချက်တွေအပြိုင်ပြောဆိုကြတယ်။


ဒါကိုကြည့်တာနဲ့ NFL ပွဲရဲ့အကြိတ်အနှယ်ယှဉ်ပြိုင်မှုတွေက ဘယ်လောက် အရှိန်ပြင်းထန် လဲဆိုတာသိနိုင်တယ်။


ကြော်ငြာမှာသုံးသွားတဲ့ Resolution က အရမ်းကြည်လင်နေတာကိုတွေ့ရတယ်။


NFL ပွဲလေးရဲ့ တစ်စိတ်တစ်ပိုင်းလေးကိုလည်းထည့်သွင်းထားတယ်။


စကားပြောသံကို အရမ်းကြည်ကြည်လင်လင်ကြားရအောင် ပြုလုပ်ထားတယ်။


စိတ်လှုပ်ရှားဖို့ကောင်းတဲ့ NFL ပွဲကိုကြည့်ဖို့ တာဆူနေကြတာနဲ့အဆုံးသတ်ထားတယ်။


ကြော်ငြာမှာပါဝင်တဲ့ မင်းသား Henry Cavill ဟာဆိုရင်အင်္ဂလိပ်လူမျိူး ၁ ယောက်ဖြစ်ပြီး သူဟာရှေ့နေရုံးမှာ မိတ္တူ ကူး ကော်ဖီဖျော် ဘဝကနေမင်းသားအဖြစ်ကျော်ကြားလာသူတစ်ယောက်ဖြစ်တယ်။


British Glomour magazine 2013 မှာ ဆွဲဆောင်မှုအရှိဆုံး မင်းသားဆိုပြီးဖော်ပြခံရပါတယ်။


Super Man ရိုက်ကူးခဲ့တဲ့ မင်းသားတွေက အမေရိကန်လူမျိုးတွေဖြစ်နေပေမဲ့ သူတစ်ယောက်ထဲ ထူးထူးခြားခြား အင်္ဂလိပ်လူမျိူးဖြစ်တာနော်။


ကြော်ငြာမှာပါဝင်တဲ့ မင်းသား Ben Affleck ဟာဆိုရင်လည်းGood Will Hunting နဲ့ Oscar ဆုရထားဖူးသလို Argo နဲ့ Oscar ရဖူးသူဖြစ်တယ်။


Ben ကသာ Batman ဖြစ်ပေမဲ့ Ben သားလေးက Flash ပရိသတ်ပါ။


Ben ကို George Clooney ကတောင် Batman နဲ့ Ben နဲ့ကြည့်ရတာတကယ်အဆင်ပြေတယ်လို့ချီးမွမ်းခဲ့ပါတယ်။


Ezra Miller ဟာဆိုရင်လည်း 2012 က Hollywood Film Festival Spotlight Award နဲ့ Boston Society of Film Critics Award for Best Supporting Actor ဆုကို ရရှိထားသူဖြစ်တယ်။


အသက်ငယ်ငယ်သာရှိပေမဲ့တော်လွန်းသူပါ။


ကဲ ဒီ ဆရာသမား DC က မင်းသားချော သုံးယောက်ရိုက်ကူးခဲ့ တဲ့ ဒီကြော်ငြာလေးဟာ ဆိုရင်တော့ ဘယ်လိုတွေ မိုက်နေမလဲ တစ်ချက် ကြည့် လိုက်ရအောင် …..

Myanmar Advertising Directory 

Published in Marketing