-->
×

Warning

JUser: :_load: Unable to load user with ID: 29

လူတော်တော်များများရဲ့ အမြင်မှာ ဖန်တီးမှုဟာ ပါရမီလို့ ထင်ကြပါတယ်။ ဒီလက်ဆောင်ကောင်းကို ပါရမီရှင်တွေပဲ ရရှိတာလို့ ယုံကြပါတယ်။ ဒီအမြင်ကို ခေါက်လိုက်ပါ။ သင်လည်း ဖန်တီးမှု စွမ်းရည်မြင့်သူ ဖြစ်လာနိုင်ပါတယ်။ဖန်တီးမှုအားကောင်းဖို့အတွက် သင့်ကိုယ်သင် ဖွင့်ထားဖို့ လိုပါတယ်။ သင့်ကိုယ်သင် မလွတ်လပ်သမျှ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ စိတ် ၊ အကြောက်အရွံ့နည်းတဲ့ စိတ်နဲ့ပဲ ဖန်တီးမှုကို သင့်ဆီရောက်အောင် ဖိတ်ခေါ်နိုင်ပါတယ်။ အရေးကြီးတာက ဖန်တီးချင်တဲ့ ကွန့်မြူးစိတ်ကို ချုပ်မထားဖို့ပါပဲ။ နောက်တစ်ခုက ဖန်တီးမှုကောင်းဖို့ ဒီ ၃ ချက်ကို လိုက်နာသင့်ပါတယ်။

Published in How To