-->
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ဟာ ကိုရိုနာ ရောဂါ positive ဖြစ်ပြီး ဆယ်ရက်အကြာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရောဂါ ကြာရှည်နေသဖြင့် ဆေးကုသမှု့ခံယူခဲ့ရကာ အောက်စီဂျင် လေရှုသွင်းရတဲ့ အနေအထားထိ ဖြစ်ခဲ့ပါတယ်။
Published in Global
Tuesday, 22 October 2019 16:39
Website traffic အတွက် Social Media
Website traffic အတွက် Social Media
အခု အမှတ်စဉ်(၁)မှ Social Media အကြောင်းကို တင်ပြလိုပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ရေပန်းအစားဆုံးက Facebook ဖြစ်ပါတယ်။ ပြီးရင် Instagram  လာမယ်။
တခြား ဆိုရှယ်မီဒီယာတွေကတော့ Twitter ရှိမယ်။ TikTok ဗီဒီယို ပလက်ဖောင်း ရှိမယ်။  Firework ဗီဒီယို ပလက်ဖောင်းရှိမယ်။ LinkedIn လည်း ရှိတယ်။
ဘယ်ဟာကို အဓိကထားပြီး သုံးမလဲ။ ကိုယ်တင်ပြချင်တဲ့ ပရိသတ် လာရောက်နေကျဖြစ်တဲ့ ဆိုရှယ်မီဒီယာကို သုံးကြတယ်။တစ်မျိုးတည်း သင်လုပ်ကိုင်ပေးနေတဲ့ Website မှာ traffic ရဖို့ အခြေခံအားဖြင့်နဲ့ အဓိကအားဖြင့် နည်းလမ်း ၇ သွယ်ဖြင့် လုပ်ကိုင်ပေးလို့ ရတယ်ဆိုတဲ့အကြောင်းကို တင်ပြခဲ့ပါတယ်။ အဲဒီ နည်းလမ်းခုနစ်သွယ်ကတော့
၁။ Social Media
၂။ Search
၃။ Email
၅။ ဖော်ပြချက်များ
၆။ ဖုန်းအဆင်ပြေ
သုံးရမယ်လို့ မဆိုလိုပါဘူး။ 
၇။Social Proof 
တို့ ဖြစ်ပါတယ်။
သုံးလေးမျိုး စသဖြင့် ဖြန့်ကျက် သုံးစွဲနိုင်ပါတယ်။
Website ဟာ ဆုံချက်နေရာ Hub အဖြစ်ထားပြီး ဆိုရှယ်မီဒီယာတွေကို လက်တံရှည်ရှည် ထုတ်ပြီး ပရိသတ်ကို လက်လှမ်းမီအောင်လုပ်ပြီး Website ထဲ ရောက်လာအောင် ဆွဲသွင်းကြရတယ်။
ဒီတော့ ဆိုရှယ်မီဒီယာမှာ တင်ပြတဲ့အခါ အမြည်းသဘော ပါးပါးနပ်နပ်ဖြင့် တင်ပြဖို့ လိုတယ်။ ဥပမာ Facebook မှာ Like တွေ၊ မန့်တွေ များပြီး Engagement များနေပေမဲ့ တင်ပြထားတဲ့ website link ကို နှိပ်ပြီး website ထဲ ရောက်လာတာ နည်းပါးနေရင် လူများပြီး ပွဲမစည် ဖြစ်နေပြီ။ တစ်ခုခုတော့ မှားယွင်းနေပြီ။ တင်ပြပုံ လူခေါ်ပုံကို စာသားပြောင်းလဲ သုံးစွဲရတော့မှာ ဖြစ်တယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာ အမြည်းကျွေးပြီး website link ကို ပေးထားခြင်းဖြင့် ၀က်ဘ်ဆိုက်မှာ traffic ရအောင် လုပ်တဲ့အခါ ကိုယ်ပိုင် မီဒီယာ ကုမ္ပဏီတစ်ခုကို တည်ဆောက်နေတဲ့အတိုင်း ကြံစည်လုပ်ကိုင်ဖို့ လိုပါတယ်။
ထိပ်ဆုံးမှာ နေရာယူထားတဲ့ Facebook ကို နည်းနည်း ပြောကြည့်မယ်။
Facebook မှာ Like တွေ ရှိတယ်။ တင်ထားတဲ့ Post ကို Like တာကတစ်မျိုး၊ Facebook Page ကို Like တာကတစ်မျိုးဆိုပြီး နှစ်မျိုး ရှိတယ်။ Like က အရေးပါတာမို့ like တွေ တိုးအောင် လုပ်ကိုင်တဲ့အခါ ပေါ်ပေါ်ထင်ထင် LIKE လုပ်ခိုင်းတာမျိုးကို Facebook က သိရင် အရေးယူပါတယ်။ Community Standard ဆိုတဲ့ ကြိမ်လုံးကို ထုတ်သုံးပြီး နှက်ပါလိမ့်မယ်။
အဲဒါတွေက လူမြင်ကောင်းစေတယ်။ ၀ါကြွားပြီးသား ဖြစ်စေတယ်။ ဒါပေမဲ့ ရေရှည်အတွက် တကယ်အလုပ်ဖြစ်တာက Follower ဦးရေ ဖြစ်ပါတယ်။
Post ကို Like လုပ်တာထက် ရှယ်ပေးတာက ပိုအကျိုးထိရောက်တယ်။
Page ကို Like လုပ်တာထက် follow လုပ်တာက ပိုအကျိုး ထိရောက်တယ်။
Page Like တွေဟာ တစ်ခါ ကလစ်လုပ်ပေးပြီးရင် ရာသက်ပန် ဖြစ်ပါတယ်။
Follow က unfollow လုပ်ပြီး ကျောခိုင်းလို့ ရတယ်။ follow လုပ်ထားမှ သူ့ရဲ့ newsfeed မှာ ကိုယ့်page မှာ တင်ပြလိုက်တဲ့ post ကို Facebook က ပြသပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ ပြသပေးတဲ့ အရေအတွက်က အတော်ကို နည်းသွားပါပြီ။
no money, no honey အသပြာ မပေးရင် မချိုမြိန် ဆိုတဲ့ လက်သုံးစကားကို လက်ကိုင်ထားပြီး ကျင့်သုံးနေပါတယ်။ များများမြင်စေချင်ရင် အသပြာပေးပြီး boost ဖို့ လိုပါတယ်။ ဒါပေမဲ့ အထိုက်အလျောက်တော့ အကျိုး ရှိပါတယ်။ ပေါက်အောင် ဖောက်နိုင်တဲ့ post မျိုးဆိုရင်  ထောင်ချီတဲ့ အရေအတွက်ဖြင့် ရှယ်ကြတဲ့အခါ လူဦးရေ သောင်းဂဏန်း သိန်းဂဏန်း စသဖြင့် website ကို ရောက်လာကြအောင် ခေါ်သွင်းပေးပါတယ်။ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ traffic ရစေတာ ဖြစ်ပါတယ်။
အဲဒီလို အခြေအနေ အချိန်အခါအရ ဘယ်လိုဟာမျိုး တင်လိုက်ရင် ပေါက်သွားမလဲဆိုတာ အသေအချာ မသိနိုင်ဘူး။ ကံသေကံမ မပြောနိုင်ဘူး။ ဖြစ်နိုင်ဖွယ် ရှိတဲ့ဟာ လေးငါးမျိုးကို တင်ပေးပြီး သွေးတိုးစမ်းကြည့်ရမှာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာဖြင့် တစ်မျိုးမျိုးက အလုပ်ဖြစ်သွားနိုင်ပါတယ်။
Facebook မှာ post တင်ပြီး website link ကို ချကျွေးထားတဲ့အခါ အဲဒီ post ကို အခြား ဆိုရှယ်မီဒီယာတွေမှာလည်း ရှယ်ပေးပြီး အဲဒီ ဆိုရှယ်မီဒီယာ အသိုင်းအ၀ိုင်းမှာ မြင်အောင် သိအောင် လုပ်ပေးနေဖို့လည်း လိုပါတယ်။ ဥပမာ facebook မှာ တင်ထားတဲ့ post ကို twitter မှာ လှမ်းရှယ်လိုက်တာမျိုးကို ပုံမှန် လုပ်ပေးနေဖို့ လိုပါတယ်။
ဒီနေရာမှာ သတိထားပြီး ဆင်ခြင်ဖို့ လိုအပ်တာက ကိုယ့် ပရိသတ်နဲ့ ကိုက်ညီတဲ့ဟာမျိုးတွေကိုသာ Website ပေါ် တင်ပြရမှာဖြစ်ပြီး လူများများ ရရင်ပြီးရောဆိုပြီး လူကြိုက်များမယ့်ဟာမျိုးတွေ တင်ပြခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို စည်းကျော် စည်းဖောက်ပြီး လူခေါ်တာမျိုးဟာ ရေပွက်ပမာ ခဏတာသာ လူများပြီး ရေရှည်မှာ အမာခံ ပရိသတ်ကို ရရှိစေမှာ မဟုတ်ဘူး။
နောက်တစ်ချက် ဆင်ခြင်ရမှာက စာနဲ့တွဲပြီး တင်တဲ့ ပုံဟာ ဉာဏ်ရည်တု Artificial Intelligence နဲ့ စစ်ဆေးရင် အဆင်ပြေတာမျိုးကို သုံးသင့်ပါတယ်။ AI က နားမလည်ရင် newsfeed တွေ ဖြန့်ပေးတဲ့ ပမာဏ သိသိသာသာ လျော့ကျမှာ ဖြစ်ပြီး ပျံ့နှံ့မှု မရနိုင်တော့ဘူး။ ပုံမှာ စာသားတွေ ဖော်ပြထားတာဟာလည်း ပျံ့နှံ့အောင် ဖြန့်ချိပေးတဲ့အခါ လျှော့ချခံရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးက ဓာတ်ပုံ ရှင်းရှင်းလင်းလင်းကို သုံးစွဲတာ ဖြစ်ပါတယ်။
စာသားမှာ #နဲ့ စာလုံးတွေ ထည့်ပေးပြီး ရှာဖွေရင် တွေ့နိုင်ဖို့ကိုလည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို အမှတ်စဉ်(၂) Search အကြောင်း ဖော်ပြတဲ့အခါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Facebook မှာ group တွေ ရှိတယ်။ ကိုယ်တိုင်လည်း group တွေ ထူထောင်ပြီး ၀ါသနာတူသူတွေ စိတ်ဝင်စားမှု အကြောင်းအရာ တူသူတွေကို စုဆောင်းထားရမယ်။ သူတစ်ပါး ထူထောင်ထားတဲ့ group တွေမှာလည်း ပါဝင်ပြီး ကိုယ့် ၀က်ဘ်ဆိုက်မှာ တင်တဲ့ post တွေကို အဲဒီ group နှစ်မျိုးစလုံးမှာ ရှယ်ပေးခြင်းဖြင့်လည်း traffic ကို သိသိသာသာ တိုးစေတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။ 
Published in How To
၁။ ဆိုရှယ် မီဒီယာ
၂။ ရှာဖွေလေ တွေ့ရှိလေ
၃။ Email
၆။ ဖုန်းကို မမေ့နဲ့
၇။ Social proof
<<< Unicode >>>
ကိုယ့်ဝက်ဘ်ဆိုက်ကို လူတွေ လာအောင်၊ လူတွေ ထပ်ခါထပ်ခါ လာအောင်၊ ဝက်ဘ်ဆိုက်ရဲ့ Fan ဖြစ်လာအောင် နည်းလမ်းအသွယ်သွယ်ဖြင့် လုပ်ကိုင်ကြတဲ့အကြောင်းကို ဖော်ပြခဲ့တယ်။
အခု ခေါင်းစဉ်တပ်ပြီး နည်းလမ်း ၇ သွယ်ကို ပြောပြပါရစေ။ အဲဒီ နည်းလမ်းတွေ အကုန်လုံးကို လုပ်ရမယ်လို့ မဆိုလိုပါဘူး။ နည်းလမ်း တချို့ကို သုံးစွဲပြီး လူတွေ စီးဝင်လာနေတဲ့ စမ်းချောင်း တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
ရှေ့မဆက်ခင် ပြောချင်တာက ကိုယ့်ဝက်ဘ်ဆိုက် အခြေအနေကိုလည်း ဆန်းစစ် ဖို့ လိုပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ လူတွေ ပြုံကျလာရင် ဆိုက်က ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။
ဘယ်နှယောက်လောက်အထိ ကောင်းကောင်း အလုပ်လုပ်ပေးမလဲ။ ဘယ်နှယောက်ဆိုရင် ကောင်းကောင်း အလုပ်မလုပ်တော့ဘူး အဝိုင်းလည်တာ ပြနေမလဲ။ ဘယ်နှယောက်ဆိုရင် ဆိုက်ပြုတ်ကျသွားမလဲ။
အဲဒီအချက်အရ ဆိုက်ကို လူခေါ်သွင်းတာကို ချိန်ဆ လုပ်ကိုင်စေလိုပါတယ်။ traffic တွေ တကယ်တိုးလာတဲ့အခါ ဆိုက်က တောင့်မခံနိုင်လို့ မကြာမကြာ ပြုတ်ကျတာကို စာရေးသူ ကြုံဖူးပါတယ်။
လစဉ်ကြေး ထပ်တိုးပေးပြီး ဆိုက်ကို ချဲ့လိုက်မှ အဆင်ပြေသွားပါတယ်။ကောင်းပြီ။ နည်းလမ်း ၇ သွယ်ကို သွားကြပါစို့။
နည်းလမ်း ၇ သွယ်ကို ခေါင်းစဉ်တပ်ပြီး တစ်ခုချင်းစီ မိတ်ဆက်ပေးသွားမှာ ဖြစ်ပြီး တစ်ခုချင်းစီ အသေးစိတ်ကိုတော့ နောက်ရေးဖြစ်မယ့် ဆောင်းပါးတွေမှာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ ဆိုရှယ် မီဒီယာ
ဝက်ဘ်ဆိုက်ရဲ့ အဝင်တံခါးပေါက်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ကျက် ထားရှိကြတယ်။ နေရာအနှံ့အပြားမှ ဆိုရှယ်မီဒီယာကို သုံးစွဲတဲ့အခါ ကိုယ်ထောင်ထားတဲ့ တံခါးပေါက်ကို တွေ့မယ်။
ဘာမှ မလုပ်တဲ့ သူတွေလည်း ရှိမယ်။ တံခါးကို တွန်းဖွင့်ဝင်ပြီး ကိုယ့်ဝက်ဘ်ဆိုက်ထဲ ရောက်လာသူတွေလည်း ရှိမယ်။ traffic ကို မြန်မြန်ရဖို့ ဆိုရှယ်မီဒီယာတွေမှာ ဝင်ပေါက်တံခါးတွေ ထားရှိကြတယ်။
အဲဒီအကြောင်းကို နောက်တော့ အသေးစိတ် ပြောပြမှာ ဖြစ်ပါတယ်။
၂။ ရှာဖွေလေ တွေ့ရှိလေ
အင်တာနက်မှာ တက်ပြီး ရှာဖွေကြတယ်။ အသုံးအများဆုံးက ဂူးဂဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ဂူးဂဲကို ပိတ်ပင်ထားလို့ ပြည်တွင်းဖြစ် Baido ကို အသုံးများကြတယ်။
ပြောချင်တာက traffic ရဖို့အတွက် လုပ်ကြတဲ့အခါ search ကနေ ရလာမယ့် traffic ကို မေ့ထားကြတယ်။ သူတို့ဘာသာ သူတို့ ကံအလျောက် ဝင်လာကြမယ်ဆိုတဲ့သဘောမျိုး ခံယူထားကြတယ်။
တကယ်တော့ ကိုယ်ရရှိမယ့် traffic ရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ search ကနေ ရအောင် လုပ်လို့ရထားတဲ့ website တွေ ရှိနေတာ အများကြီးပဲ။ ဆိုရှယ်နဲ့ search engine နှစ်မျိုးစလုံးကို အားကိုးအားထား ပြုကြရမယ်။
နောက်တစ်ခုက ဆိုရှယ်မီဒီယာတွေဟာလည်း search engine တစ်မျိုး ဖြစ်နေကြပြီ။ အဲဒီအချက်ကို မမေ့သင့်ဘူး။
၃။ Email
ပုံမှန် လာရောက်မယ့် ပရိသတ်မျိုးတွေအတွက် သူတို့ကို ဒီတစ်ပတ်တော့ ဘာတွေ ဖတ်ရမယ်။ မြင်ရမယ်။ တွေ့ရမယ်။ ဘာထူးသလဲ စတာတွေ email ပေးပို့ပြီး အသိပေးကြတယ်။
ဒီနည်းက ငွေကုန်ကြေးကျ သက်သက်သာသာဖြင့် ပရိသတ် အသစ်တွေ ရနိုင်သလို့ ရှိပြီးသား ပရိသတ်ကိုလည်း ထိန်းထားနိုင်တယ်။
ဒါပေမဲ့ အင်တာနက် ဆိုတာထက် Facebook ကိုပဲ အင်တာနက်လို သုံးနေတဲ့ မြန်မာနိုင်ငံမှာ message box ကနေတစ်ဆင့် သတင်းပေး၊ link ပေးပြီး ဖိတ်ခေါ်ကြရတာမျိုးလည်း ရှိလိမ့်မယ်။
ရောမရောက်ရင် ရောမသားရောမသူလို ကျင့်ကြရတာပဲ မဟုတ်လား။ ဒါမှ အဆင်ပြေမယ်လေ။
၄။ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း
တခြား ဝက်ဘ်ဆိုက် ထူထောင်သူတွေနဲ့ မိတ်ဖွဲ့ပြီး ပူးပေါင်းလုပ်ဆောင်တာဟာလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူ့ဝက်ဘ်ဆိုက်ကို ကိုယ့်ဝက်ဘ်ဆိုက်မှာ အညွှန်းပေးမယ်။
ကိုယ့်ဝက်ဘ်ဆိုက်ကိုလည်း သူကအ ညွှန်းပေးမယ်။ ဝက်ဆိုက် လုပ်ကိုင်နေကြသူတွေ ကွန်ချာတစ်ခု ထူထောင်လုပ်ကိုင်ကြတယ်။ Facebook မှာ group တွေ ထောင်ထားပြီး တစ်ယောက်ဟာကို တစ်ယောက်က ရှယ်ပေးတာမျိုး လုပ်ကြတယ်။
တကယ်ကို traffic တိုးစေတဲ့ နည်းလမ်းတစ်သွယ် ဖြစ်ပါတယ်။ တစ်ယောက်တည်း လှော်တာထက် စုပေါင်းပြီး လှော်ကြလို့ ခရီးရောက်တဲ့သဘော ဖြစ်ပါတယ်။
၅။ ဖော်ပြချက်ဖြင့် သိမ်းသွင်းခြင်း
ဝက်ဘ်ဆိုက်တစ်ခုမှာ လာကြည့်ချင်စရာ ဖော်ပြချက်တွေ ရှိနေဖို့ လိုတာ ဓမ္မတာပါ။ traffic ကို ဆွဲသွင်းဖို့ ဖော်ပြချက်တွေကို ဖန်တီးပြီး ဖော်ပြပေးကြရတယ်။
၆။ ဖုန်းကို မမေ့နဲ့
ဘာကိုပဲ ဝက်ဘ်ဆိုက်မှာ တင်တင် ဖုန်းစခရင်မှာ ကြည့်ရင် ဘယ်လို မြင်မလဲဆိုတာ သတိရပါ။ ယခုအခါ လူအများစုဟာ ဖုန်းဖြင့် အင်တာနက်ကို သုံးကြတယ်။ laptop တွေ desktop တွေ တဖြည်းဖြည်းနဲ့ သုံးနိုင်တဲ့သူ နည်းလာပြီ။
သွားလေရာ ယူသွား၊ ရောက်ရာအရပ်မှာ အင်တာနက်ကို တက်ကြတယ်။ မတ်တတ်ရပ် ဘတ်စ်ကားစီးရင်းလည်း တက်မယ်။ ဒီတော့ မိုဘိုင်းသုံးစွဲမှု ပိုများနေတယ်။
ဒီတော့ မိုဘိုင်းကလာမယ့် traffic ကို ဆွဲဆောင်နိုင်ဖို့ ဝက်ဘ်ဆိုက်မှာ လုပ်စရာ ရှိတာလေးတွေကို လုပ်ထားဖို့ လိုမယ်။
၇။ Social proof
Social proof ဆိုတာ အင်တာနက် မပေါ်ခင်ကတည်းက မားကက်တင်းသမားတွေ သုံးခဲ့ကြတယ်။ အဲဒီနည်းကို traffic ရဖို့အတွက် လည်း သုံးစွဲကြတယ်။ အင်မတန် အစွမ်းကြီးမားတယ်။
traffic အပြင် ကိုယ်တင်လိုက်တာကို ဝိုင်းရှယ်ကြတဲ့ အဆင့်အထိ ပေါက်သွားနိုင်တယ်။
Published in Digital Marketing