-->
×

Warning

JUser: :_load: Unable to load user with ID: 29





 

Big Mac ဟာ McMassive ကို မိတ်ဆက်လိုက်ပါတယ်!McDonald'sဟာ ယခုအခါ အလွန်ကြီးမားပြီး ကယ်လိုရီ ၇၂၀ နှင့် အဆီ၄၃ ဂရမ်ရှိ လေးလွှာပါသော Double Big Macကို ရောင်းချပါပြီ

 




 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

 

 

 

<<<Unicode>>>

 

အိုလံပစ်အားကစားပွဲ စီစဉ်သူများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားပွဲကိုရွှေ့ဆိုင်းရန် ဆွေးနွေး

coronavirusပြန့်နှံ့လာသည်နှင့်အမျှ ကမ္ဘာအနှံ့ရှိကြီးမားသောဖြစ်ရပ်များ၊အစီအစဉ်ပွဲများ ကျင်းပခြင်းကို ပိုမိုတင်းကြပ်သောအားဖြင့် တိုကျို ၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲကျင်းပမည်၊ မကျင်းပမည်ကိုစောင့်ကြည့်နေကြသည်။နောက်ဆုံးပေါ် အစီရင်ခံစာများအရ အခြေအနေတိုးတက်လာခြင်းမရှိပါက အိုလံပစ်အရာရှိများသည် ၎င်းအစီအစဉ်ကို ရွှေ့ဆိုင်းရန်စဉ်းစားနေကြောင်းဖော်ပြကြသည်။

အစီရင်ခံစာများအရ တိုကျို ၂၀၂၀ စည်းရုံးရေးကော်မတီအမှုဆောင်က Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်မှာ အလေးအနက်ထားစဉ်းစားရမည့်အရာတစ်ခုမှာ အိုလံပစ်ပွဲကို တစ်နှစ်မှနှစ်နှစ် ရွှေ့ဆိုင်းခြင်းဖြစ်သည်။

အိမ်ရှင်နိုင်ငံ၊ အိုလံပစ်ပြိုင်ပွဲ စပွန်ဆာပေးသူများ၊ပါဝင်သည့် အသင်းများ နှင့်အားကစားသမားများအတွက် ကြိုတင်ပြင်ဆင်မှုများသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုပေါ်မူတည်၍ ထိုအဖြစ်အပျက်နှင့်ပတ်သတ်သောရွေးချယ်စရာများကို စဉ်းစားသောအခါ အဓိက အချက်တစ်ခုဖြစ်လာမှာ ဖြစ်တယ်။

တာဝန်ရှိသူက Wall Street ဂျာနယ်သို့ပြောကြားခဲ့သည်မှာ အစီအစဉ်ကိုဖျက်သိမ်းခြင်းနှင့်ပွဲကိုထုတ်လွှင့်ခြင်းမှတစ်ဆင့် ပရိသတ်များမကြည့်ရှုခြင်း စသည်တို့ကိုဆင်ခြင်သုံးသပ်သော်လည်း ဤရွေးချယ်စရာများ၏ ဘဏ္ဏာရေးဆိုင်ရာသက်ရောက်မှုများသည် ရွှေ့ဆိုင်းခြင်းကို ဆွဲဆောင်မှုရှိခြင်း မရှိပါဘူး။

 

၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု

 

ရွှေ့ဆိုင်းခြင်းသည်ပိုမိုအဆင်ပြေသော ဘဏ္ဏာရေးအခွင့်အလမ်းဖြစ်သော်လည်း ၎င်းသည် ရုပ်မြင်သံကြားနှင့်မီဒီယာအခွင့်အရေးပိုင်ရှင်များကို ထိထိရောက်ရောက် ထိခိုက်နိုင်လိမ့်မည်။စပွန်ဆာများမှ ဝင်ငွေဘီလီယံများစွာကို နောက်ပိုင်းရက်များသို့ပြောင်းရွှေ့သွားမည် သို့မဟုတ် ဖျက်သိမ်းကြပါမည်။

နောက်ဆုံးမှတ်ချက်များသည် အိုလံပစ်ပြိုင်ပွဲအတွင်း၌ ဖြစ်ပျက်နေသောဆွေးနွေးမှုများအပေါ် ပိုမို၍ အလင်းပေးမြင်သာစေခဲ့သည်။ သို့သော်အိုလံပစ် ကော်မတီစည်းရုံးရေးကော်မတီဥက္ကဌ Yoshiro Mori မှတရားဝင်လိုင်းတွင် စီစဉ်ထားသည့်အတိုင်း ဇူလိုင် ၂၄ ရက်တွင်ဆက်လက်ကျင်းပမည်ဖြစ်သည်ဟုပြောသွားခဲ့သည်။

ဤဆောင်းပါးသည် ဂျပန်၊တိုကျို ၂၀၂၀ အိုလံပစ် အားကစားများ၊ စပွန်ဆာပေးသူများ၊ဈေးကွက်ရှာဖွေရေးနှင့် ကုန်အမှတ်တံဆိပ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Published in Global